Connect with us

China

ကုလသမဂ္ဂဆိုင်ရာ တောင်ဆူဒန်မစ်ရှင်ဇုန်အတွက် တရုတ်နိုင်ငံ ၁၁ ကြိမ်မြောက် ငြိမ်းချမ်းရေးထိန်းသိမ်းမှု ရဲတပ်ဖွဲ့ဝင်များ စတင်ထွက်ခွာ

ကုလသမဂ္ဂဆိုင်ရာ တောင်ဆူဒန်မစ်ရှင်ဇုန်အတွက် တရုတ်နိုင်ငံ ၁၁ ကြိမ်မြောက် ငြိမ်းချမ်းရေးထိန်းသိမ်းမှု ရဲတပ်ဖွဲ့ဝင်များ စတင်ထွက်ခွာခြင်းအခမ်းအနားကို ဩဂုတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှီကျားကျွမ်း၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂဆိုင်ရာ တောင်ဆူဒန်မစ်ရှင်ဇုန်အတွက် တရုတ်နိုင်ငံ ၁၁ ကြိမ်မြောက် ငြိမ်းချမ်းရေးထိန်းသိမ်းမှု ရဲတပ်ဖွဲ့ဝင်များ စတင်ထွက်ခွာသည့်အခမ်းအနားကို တရုတ်ပြည်သူ့ရဲတက္ကသိုလ် ငြိမ်းချမ်းရေးထိန်းသိမ်းမှု ရဲဘက်ဆိုင်ရာလေ့ကျင့်ရေးစင်တာ၌ ဩဂုတ် ၅ ရက်က ကျင်းပခဲ့သည်။ ဇွန် ၆ ရက် နံနက်အစောပိုင်းတွင် တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှု ရဲတပ်ဖွဲ့ဝင် ၁၇ ဦးသည် တောင်ဆူဒန်သို့ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တာဝန်များကို ထမ်းဆောင်ရန် လေယာဉ်ဖြင့်ထွက်ခွာခဲ့သည်။

ယခုနှစ်သည် ကုလသမဂ္ဂ ထူထောင်ခြင်း နှစ် ၈၀ ပြည့်ဖြစ်သလို တရုတ်ရဲတပ်ဖွဲ့များ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေး လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ခြင်း ၂၅ နှစ်ပြည့် နှစ်ပတ်လည်လည်းဖြစ်ကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံနှင့် ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းအတွက် ငွေကြေးထောက်ပံ့မှု ဒုတိယအကြီးဆုံးနိုင်ငံအဖြစ် တရုတ်နိုင်ငံသည် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုလှုပ်ရှားမှုများတွင် အခိုင်အမာထောက်ခံပြီး တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအကြိမ် ကုလသမဂ္ဂဆိုင်ရာ တောင်ဆူဒန်မစ်ရှင်ဇုန်သို့ အလှည့်ကျ ရဲတပ်ဖွဲ့ စေလွှတ်မှုသည် တရုတ်နိုင်ငံ ရဲတပ်ဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက်၊ နိုင်ငံကြီးတစ်နိုင်ငံအနေဖြင့် တာဝန်ယူမှုကဏ္ဍကို ကျေပွန်အောင် ထမ်းဆောင်နေခြင်းတို့ကို လက်တွေ့ဖော်ဆောင်သော လုပ်ဆောင်ချက်ဖြစ်ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဗျူရို သက်ဆိုင်ရာ တာဝန်ခံက ပြောကြားခဲ့သည်။ (Xinhua)

ကုလသမဂ္ဂဆိုင်ရာ တောင်ဆူဒန်မစ်ရှင်ဇုန်အတွက် တရုတ်နိုင်ငံ ၁၁ ကြိမ်မြောက် ငြိမ်းချမ်းရေးထိန်းသိမ်းမှု ရဲတပ်ဖွဲ့ဝင်များ စတင်ထွက်ခွာခြင်းအခမ်းအနား ပြီးနောက် စုပေါင်းဓာတ်ပုံရိုက်ကူးနေသည်ကို ဩဂုတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………….
(Chinese Version)
中国第十一支赴联合国南苏丹任务区维和警队出征
新华社照片,石家庄,2025年8月5日
当日,中国第十一支赴联合国南苏丹任务区维和警队出征仪式在中国人民警察大学维和警察培训中心举行。6日凌晨,17名中国维和警察将乘机赴南苏丹执行维和任务。
公安部国际合作局有关负责人表示,今年是联合国成立80周年,也是中国警察参与联合国维和行动25周年,作为联合国安理会常任理事国和第二大维和出资国,中国坚定支持并积极参加联合国维和行动。此次向联合国南苏丹任务区派遣轮换警队,是中国警察践行全球安全倡议、履行大国责任担当的具体体现。
图说1:这是8月5日拍摄的中国第十一支赴联合国南苏丹任务区维和警队出征仪式现场。 新华社记者 殷刚 摄
图说2:8月5日,中国第十一支赴联合国南苏丹任务区维和警队队员在出征仪式结束后合影。新华社记者 殷刚 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.