North America
တစ်ပိုင်းလျှပ်ကူးပစ္စည်းများ တင်သွင်းမှုအပေါ် ၁၀၀ ရာခိုင်နှုန်း စည်းကြပ်ခွန် ကောက်ခံမည်ဟု ထရမ့် ပြော

ဝါရှင်တန်၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)
အမေရိကန်အနေဖြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ တင်သွင်းမှုအပေါ် ၁၀၀ ရာခိုင်နှုန်း စည်းကြပ်ခွန် ကောက်ခံသွားမည်ဟု အမေရိကန် သမ္မတ ထရမ့်က ဩဂုတ် ၆ ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သော်လည်း အသေးစိတ်ဖော်ဆောင်မည့်အစီအစဉ်ကိုမူ ရှင်းလင်းပြောကြားခဲ့ခြင်း မရှိပေ။
ထရမ့်က ထိုနေ့တွင် အိမ်ဖြူတော်၌ သတင်းထောက်များအား တွေ့ဆုံရာတွင် အဆိုပါ စည်းကြပ်ခွန်နှုန်းထားသည် “အမေရိကန်ကို ဝင်ရောက်လာတဲ့ ချိ(ပ်)ပြားနဲ့ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ” တွင် အသုံးပြုရန် သင့်လျော်သော်လည်း အမေရိကန်၌ သက်ဆိုင်ရာထုတ်ကုန်များ ထုတ်လုပ်ရန် ကတိပြုပြီးသား သို့မဟုတ် လုပ်ငန်းအစီအစဉ် စတင်နေပြီဖြစ်သော ကုမ္ပဏီများအတွက် အသုံးပြုရန် မသင့်လျော်ဟု ပြောကြားခဲ့သည်။
Apple ကုမ္ပဏီအနေဖြင့် အမေရိကန်၌ ကန်ဒေါ်လာ ၁၀၀ ဘီလီယံ ထပ်တိုး ရင်းနှီးမြှုပ်နှံသွားရန် စီစဉ်ထားသည်ဟုလည်း ထရမ့်နှင့် Apple ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်တို့က ထိုနေ့တွင် အိမ်ဖြူတော်၌ ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းသည် Apple ကုမ္ပဏီက စည်းကြပ်ခွန်ရှောင်ရန်အတွက် ထောက်ပံ့ရေးကွင်းဆက် တချို့တစ်ဝက်ကို အမေရိကန်သို့ ပြန်လည်ပြောင်းရွှေ့ရန် မဖြစ်မနေ ကတိပြုခဲ့သည့် နောက်ဆုံးလှုပ်ရှားမှုဖြစ်သည်ဟု ဒေသတွင်းမီဒီယာများက လေ့လာသုံးသပ် ယူဆကြသည်။ (Xinhua)
———————–
(Chinese Version)
特朗普说将对进口半导体产品征收100%关税
新华社华盛顿8月6日电 美国总统特朗普6日宣称,美国将对进口半导体产品征收100%关税,但未说明具体实施细节。
特朗普当天在白宫对记者表示,这一税率将适用于“所有进入美国的芯片和半导体”,但不适用于已承诺或已启动程序在美国制造相关产品的企业。
特朗普与苹果公司首席执行官蒂姆·库克当天在白宫还宣布,苹果公司计划在美国额外投资1000亿美元。
当地媒体分析认为,这是苹果公司为避免关税不得不承诺将部分供应链迁回美国的最新举动。(完)
图说:8月1日,在美国首都华盛顿白宫,美国总统特朗普走向南草坪。新华社记者 胡友松 摄