Asia
ဒေသတွင်း ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုက ဘရူနိုင်း ၂၀၃၅ မျှော်မှန်းချက် အောင်မြင်မှုအတွက် အရေးပါ

ဘန်ဒါဆရီဘီဂါဝန်၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)
ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုက ဘရူနိုင်းနိုင်ငံ၏ ၂၀၃၅ ရည်မှန်းချက် အောင်မြင်ရေး အတွက် အထောက်အကူဖြစ်ကြောင်း အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက သြဂုတ် ၅ ရက်တွင်ပြောကြားခဲ့သည်။
ဘရူနိုင်းနိုင်ငံသည် အခြားသောနိုင်ငံများနှင့် နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေး၊ အာဆီယံ၊ ဓနသဟာယနိုင်ငံများအသင်း၊ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် ကုလသမဂ္ဂ ကဲ့သို့သော ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့ အစည်းများ၌ ပါဝင်ဆောင်ရွက်ခြင်းမှတစ်ဆင့် လုံခြုံရေး၊ စီးပွားရေး၊ ပညာရေး၊ ယဥ်ကျေးမှု စသော နယ်ပယ်များစွာတွင် အကျိုးကျေးဇူးများနှင့် ကျွမ်းကျင်တတ်မြောက်မှုများ ရရှိကြောင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး Haji Erywan Mohd Yusof က ဥပဒေပြုကောင်စီတွင် ပြောကြားခဲ့သည်။
ယင်းမှာ ပညာတတ်၊ ကျွမ်းကျင်လုပ်သားအင်အားအများအပြား မွေးထုတ်ရန် ဆိုသည့် ဘရူနိုင်း ၂၀၃၅ မျှော်မှန်းချက်နှင့် သဘောထပ်တူဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဘရူနိုင်းနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများနှင့် ဆက်ဆံရေးအားကောင်းရန်၊ ဒေသတွင်းနှင့် နိုင်ငံတကာ၌ ၎င်း၏ အခန်းကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရန် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ဘရူနိုင်းနိုင်ငံသည် ကပ်ရောဂါများကိုင်တွယ်ဖြေရှင်းရေး၊ ရာသီဥတုပြောင်းလဲမှု၊ ဆိုက်ဘာလုံခြုံရေး၊ စီးပွားရေး ကြံ့ကြံ့ခံနိုင်မှု ကဲ့သို့သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရာတွင် အခြားနိုင်ငံများနှင့် နီးကပ်စွာ လုပ်ဆောင်လျက် ရှိကြောင်းလည်း အဆိုပါအဆင့်မြင့်တာဝန်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)
…………………….
(English Version)
Regional peace, stability crucial for Brunei Vision 2035 success: official
BANDAR SERI BEGAWAN, Aug. 6 (Xinhua) — Regional and international peace and stability assist Brunei in realizing Brunei Vision 2035 aspirations, a senior official said on Tuesday.
Brunei gains benefits and expertise in various areas such as security, economy, education and culture through bilateral relations with other countries and participation in regional and international organizations such as ASEAN, the Commonwealth, Organization of Islamic Cooperation and the United Nations, Haji Erywan Mohd Yusof, second minister of Foreign Affairs said at the legislative council.
This is in line with Brunei Vision 2035 to produce a highly educated and skillful workforce, he said, adding that Brunei will continue to strengthen foreign relations and enhance its role regionally and internationally.
Brunei is also working closely with other nations in facing challenges such as tackling pandemic diseases, climate change, cybersecurity, and economic resilience, said the official.