Connect with us

Asia

ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ယခုလနှောင်းပိုင်းတွင် ပေထုံတန်၏ ဖွဲ့စည်းပုံအခြေခံဥပဒေချိုးဖောက်ခြင်း၌ ပါဝင်ပတ်သက်မှုအပေါ် ဆုံးဖြတ်ချက် ချမှတ်မည်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဝန်ကြီးချုပ်ရုံးတွင် အစိုးရအဖွဲ့ အစည်းအဝေး တက်ရောက်ပြီးနောက် ထွက်ခွာသွားသော ပေထုံတန် (ယာဘက်) အား ၂၀၂၅ ခုနှစ် ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)
တာဝန်ယာယီရပ်ဆိုင်းထားခံရသည့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုံတန် ဖွဲ့စည်းပုံအခြေခံဥပဒေချိုးဖောက်ခြင်း၌ ပါဝင်ပတ်သက်မှုကို ဩဂုတ် ၂၉ ရက်တွင် စီရင်ချက်ချ မည်ဟု ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဩဂုတ် ၁၃ ရက်၌ အသိပေးချက် ထုတ်ပြန်၍ ပြောကြားခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဩဂုတ် ၂၁ ရက် တွင် အမှုနှင့်သက်ဆိုင်သူ၏ သက်သေခံချက်များကို ကြားနာမည်ဖြစ်ကြောင်း၊ အမှုလျှောက်ထားသူ သို့မဟုတ် တရားခံက အမှုနိဂုံးချုပ်ထွက်ဆိုချက် တင်ပြလိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသို့ ဩဂုတ် ၂၇ ရက်မတိုင်မီ စာဖြင့်တင်ပြရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဩဂုတ် ၂၉ ရက်တွင် ယင်းအမှုကို ဆွေးနွေးမည်ဖြစ်ပြီး စီရင်ချက်ချမှတ်မည်ဖြစ်ကြောင်း အသိပေးချက်တွင် ပြောကြားခဲ့သည်။
ဇွန်လလယ်ပိုင်းတွင် ပေထုံတန်နှင့် ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆင်တို့၏ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဒေသအခြေအနေနှင့် စပ်လျဉ်း၍ ဖုန်းခေါ်ဆိုသည့်အသံဖိုင် ပေါက်ကြားခဲ့ရာ ထိုင်းနိုင်ငံ၌ အငြင်းပွားမှုများ ဖြစ်ပွားခဲ့သည်။ ထိုင်းနိုင်ငံ အခြေခံဥပဒေခုံရုံးက ဇူလိုင် ၁ ရက်တွင် ဝန်ကြီးချုပ် ပေထုံတန်သည် အခြေခံဥပဒေ ချိုးဖောက်သည့် လုပ်ဆောင်ချက် ရှိ၊ မရှိအား စုံစမ်းစစ်ဆေးရန် လျှောက်ထားလွှာအား လက်ခံစီရင်မည်ဖြစ်ပြီး ထိုနေ့မှစ၍ ပေထုံတန်အား ဝန်ကြီးချုပ်ရာထူး ထမ်းဆောင်ခြင်းမှ ယာယီဆိုင်းငံ့ရန် ဆုံးဖြတ်လိုက်သည်ဟု ကြေညာခဲ့သည်။ (Xinhua)
……………………………
(Chinese Version)
泰国宪法法院将于本月底对佩通坦涉嫌违宪作出裁决
新华社曼谷8月13日电(记者夏康静 陈倩慈)泰国宪法法院13日发布通报说,将于8月29日就被停职的总理佩通坦涉嫌违宪一案作出裁决。
通报说,宪法法院将于8月21日听取案件当事人的证词。若案件申请人或被告人有意提交结案陈词,须在8月27日前以书面形式递交宪法法院。宪法法院定于8月29日进行讨论并对案件作出裁决。
6月中旬,佩通坦同柬埔寨参议院主席洪森关于泰柬边境局势的一段通话录音流出,在泰国引发争议。泰国宪法法院7月1日宣布,受理有关调查总理佩通坦是否存在违宪行为的请愿书,并决定即日起暂停佩通坦行使总理职权。(完)
图说:7月1日,在位于泰国曼谷的总理府,佩通坦(中)出席内阁会议后离开。新华社发(拉亨摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.