Connect with us

Asia

အမေရိကန်၏ စည်းကြပ်ခွန် ဖိအားကြီးများနှင့် ရင်ဆိုင်ရာတွင် အိန္ဒိယနိုင်ငံအနေဖြင့် နိုင်ငံ၏ အကျိုးစီးပွားကို စတေးမည်မဟုတ် မိုဒီ ဆို

အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒက်ရှ်ပြည်နယ်၌ ကျင်းပသော လူထုအစည်းအဝေးတစ်ခုတွင် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီ မိန့်ခွန်းပြောကြားနေသည်ကို ဩဂုတ် ၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Prime Minister of India Website)

နယူးဒေလီ၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)
အမေရိကန်၏ စည်းကြပ်ခွန် ဖိအားကြီးများနှင့် ရင်ဆိုင်ရာတွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီက အိန္ဒိယနိုင်ငံအနေဖြင့် လယ်သမား၊ တံငါသည်နှင့် အခြားသော အလုပ်သမားများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး အကျိုးယုတ်သော မည်သည့်မူဝါဒကိုမဆို ဆန့်ကျင်မည်ဖြစ်ကြောင်း၊ “သူတို့ရဲ့ အကျိုးစီးပွားနဲ့ စပ်လျဉ်းတဲ့ ကိစ္စရပ်တွေမှာ လုံးဝ အလျှော့ပေးမှာမဟုတ်ဘူး” ဟူ၍ နယူးဒေလီမြို့၌ ဩဂုတ် ၁၄ ရက် လွတ်လပ်ရေးနေ့ မိန့်ခွန်းပြောကြားရာ၌ အလေးအနက် ပြောကြားခဲ့သည်။

မိုဒီက အိန္ဒိယနိုင်ငံသည် အသေးစား လယ်သမားမိသားစု၊ မွေးမြူရေးလုပ်ကိုင်သူများနှင့် တံငါသည်များ ပိုမို အကျိုးခံစားရရှိစေရန် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကို ကြိုးစားဆောင်ရွက်လျက်ရှိပြီး ထပ်ဆောင်းပံ့ပိုးမှုလိုအပ်သည့် စိုက်ပျိုးရေးလုပ်ငန်း ထုတ်လုပ်ရေးဇုန် ၁၀၀ ခုကို အတည်ပြုထားပြီးဖြစ်ကြောင်း၊ ထို့အပြင် အိန္ဒိယနိုင်ငံသည် ကုန်စည်နှင့် ဝန်ဆောင်မှုအခွန်ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်မည်ဖြစ်ပြီး အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ၏တိုးတက်မှုကို ထောက်ခံအားပေးကာ စီးပွားရေးတိုးတက်မှုကို မြှင့်တင်ရန် အခွန်နှုန်းလျှော့ချမည်ဖြစ်ကြောင်း ဒေသခံမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

အိန္ဒိယက “တိုက်ရိုက် သို့မဟုတ် တစ်ဆင့်ခံ နည်းလမ်းဖြင့် ရုရှားမှ ရေနံတင်သွင်းမှု” ကို အကြောင်းပြုကာ အိန္ဒိယမှ အမေရိကန်သို့ တင်သွင်းသော ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း ထပ်ဆောင်း ကောက်ခံသည့် အမိန့်ကြေညာချက်တစ်ရပ်ကို အမေရိကန် သမ္မတ ထရမ့်က ယခုလ ၆ ရက်၌ လက်မှတ်ရေးထိုးခဲ့သည်။ လက်ရှိတွင် အိန္ဒိယမှ အမေရိကန်သို့ တင်သွင်းသော ကုန်ပစ္စည်းများအပေါ် အမေရိကန်က စည်းကြပ်ခွန် အခွန်နှုန်း စုစုပေါင်းမှာ ၅၀ ရာခိုင်နှုန်းအထိ ရှိလာပြီး အိန္ဒိယ-အမေရိကန်က လက်ရှိအချိန်ထိ ကုန်သွယ်မှု စေ့စပ်ညှိနှိုင်းမှုတွင် စိုက်ပျိုးရေးပစ္စည်းနှင့် ရုရှားမှ ရေနံ တင်သွင်းမှုဆိုင်ရာ ကိစ္စရပ်များ၌ သဘောတူညီမှု ရရှိခြင်း မရှိသေးကြောင်း သိရသည်။
အမေရိကန်ဘက်၏ တောင်းဆိုချက်များကို သဘောမတူသောကြောင့် ပေးဆပ်ရမည်ဖြစ်သော်လည်း အိန္ဒိယနိုင်ငံသည် ထို့ကြောင့် နိုင်ငံအတွင်း စိုက်ပျိုးရေးလုပ်ငန်း၊ နို့ထွက်ပစ္စည်းလုပ်ငန်းနှင့် တံငါလုပ်ငန်း အကျိုးစီးပွားကို စတေးမည်မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အိန္ဒိယနိုင်ငံ လယ်သမားများ၏ အကျိုးစီးပွားမှာ “အလွန် အရေးပါ” သောကြောင့် ဖြစ်သည်ဟု မိုဒီက ဩဂုတ် ၇ ရက်တွင် နယူးဒေလီ၌ ပြောကြားခဲ့သည်။ (Xinhua)

…………………….
(Chinese Version)
面对美国关税重压 莫迪表示印度不会牺牲本国利益
新华社新德里8月15日电 面对美国关税重压,印度总理莫迪15日在新德里发表的独立日演讲中强调,印度将保护农民、渔民及其他劳动者的利益,抵制任何有害政策,“绝不会在他们的利益问题上妥协”。
据当地媒体报道,莫迪表示,印度正努力促使其发展计划更多惠及小农户、畜牧养殖户和渔民,并已确定了100个需要额外支持的农业产区。此外,印度将进行商品及服务税改革,降低税率以支持中小微企业成长,促进经济增长。
美国总统特朗普本月6日签署行政令,以印度“以直接或间接方式进口俄罗斯石油”为由,对印度输美产品征收额外的25%关税。目前,美国对印度输美产品的关税税率累计高达50%。印美目前尚未在贸易谈判中就农产品及进口俄罗斯石油问题达成一致。
莫迪7日在新德里表示,尽管不答应美方条件会付出代价,但印度不会因此牺牲国内农业、乳业和渔业利益,因为印度农民利益“至关重要”。(完)
图说:印度总理莫迪8月2日在印度北方邦城市瓦拉纳西的一个集会上发表讲话。(图片来自莫迪办公室网站)