Asia
၂၀၂၆ ခုနှစ်တွင် စီးပွားရေးတိုးတက်မှု ၅.၄ ရာခိုင်နှုန်းရှိစေရန် အင်ဒိုနီးရှား ရည်မှန်း

ဂျကာတာ၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုဆူဘီယန်တိုက ၂၀၂၆ ခုနှစ်တွင် နိုင်ငံ၏ စီးပွားရေးတိုးတက်မှု ရည်မှန်းချက်ကို ၅.၄ ရာခိုင်နှုန်းရှိလာစေရန် ချမှတ်ထားကြောင်း၊ ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်ရေး လုပ်ငန်း အရှိန်မြှင့်တင်ရန်၊ စီးပွားရေးနှိုးဆွမှုအစီအစဥ်များ တိုးချဲ့ရန်နှင့် ဆယ်စုနှစ်အတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ အပြည့်အဝကူးပြောင်းရန် ကတိပြုပြောကြားခဲ့ကြောင်း သိရသည်။
ဩဂုတ် ၁၇ ရက်၌ ကျရောက်မည့် အင်ဒိုနီးရှားနိုင်ငံ၏ နှစ် ၈၀ ပြည့် လွတ်လပ်ရေးနေ့မတိုင်မီ ဩဂုတ် ၁၅ ရက်ကကျင်းပခဲ့သည့် လွှတ်တော်၌ ပရာဘိုဝိုဆူဘီယန်တိုက ပြောခဲ့ခြင်းဖြစ်ကာ နိုင်ငံတော်၏ ဘတ်ဂျက်များဖြင့် တောင့်တင်းကြံ့ခိုင်သော နိုင်ငံတော်ကို ထူထောင်နိုင်ရန် အာရုံစိုက် ကြိုးစားသွား မည်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
တစ်ဆက်တည်းမှာပင် သမ္မတ ပရာဘိုဝို ဆူဘီယန်တိုက “၂၀၂၆ ခုနှစ် အတွင်း စီးပွားရေးတိုးတက်မှုကို ၅.၄ ရာခိုင်နှုန်း ရည်မှန်းထားသလို ငွေကြေးဖောင်းပွမှုနှုန်းကလည်း ၂.၅ ရာခိုင်နှုန်း ရှိဖို့ ရည်မှန်းထားပါတယ်” ဟု ပြောကြားခဲ့သည်။ (Xinhua)
……………………..
(English Version)
Indonesia targets 5.4 pct economic growth in 2026
JAKARTA, Aug. 16 (Xinhua) — Indonesian President Prabowo Subianto has set a 2026 economic growth target of 5.4 percent, pledging to accelerate downstream industrialization, expand stimulus programs, and achieve a full shift to renewable energy within a decade.
Delivering his state speech Friday ahead of the nation’s 80th Independence Day anniversary on Aug. 17 at the parliament building, Prabowo stressed that the state budget would focus on building a strong and resilient nation.
“The economic growth in 2026 is targeted at 5.4 percent with inflation at 2.5 percent,” he said.
Photo:
Indonesian President Prabowo Subianto gestures during his state address at the Annual Session of the People’s Consultative Assembly and the Joint Session of the House of Representatives and the Regional Representative Council in Jakarta, Indonesia, Aug. 15, 2025.