Asia
ဂျပန်အစိုးရအနေဖြင့် သမိုင်းကြောင်းကို မှန်ကန်စွာ ရှုမြင်ရန် မျှော်လင့်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင် ဆို

ဆိုးလ်၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)
ဂျပန်အစိုးရအနေဖြင့် သမိုင်းကြောင်းကို မှန်ကန်စွာ ရှုမြင်ရန် မျှော်လင့်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က လွတ်မြောက်ရေး နှစ် ၈၀ ပြည့်အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားခဲ့သည်။
လီဂျေမြောင်က “ကျွန်တော်တို့ရဲ့ ဂုဏ်ယူရတဲ့ ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေး တိုက်ပွဲသမိုင်းကို ချီးကျူးခြင်း၊ လွတ်လပ်ရေး အတွက် ပံ့ပိုးကူညီခဲ့ကြသူတွေရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ခြင်းက ကျွန်တော်တို့ အသိုင်းအဝိုင်းရဲ့ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ကို ထိန်းသိမ်းကာကွယ်ခြင်းပဲ ဖြစ်တယ်” ဟု ပြောကြားခဲ့သည်။ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့ကြားတွင် ရှည်လျား၍ခက်ခဲသော သမိုင်းကြောင်း ရှိခဲ့ပြီး ဂျပန်နှင့် ဆက်ဆံရေးကို ပြန်လည်ထိန်းညှိခြင်းသည် အစဉ်အမြဲ အရေးကြီး၍ ခက်ခဲသောပုစ္ဆာ ဖြစ်ကြောင်း ၎င်းက ဖော်ပြခဲ့သည်။
လီဂျေမြောင်သည် ဩဂုတ် ၂၃ ရက်မှ ၂၄ ရက်အထိ ဂျပန်နိုင်ငံသို့ အလည်အပတ်သွားရောက်မည်ဖြစ်ပြီး ဂျပန်ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်မည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတအိမ်တော်၏ ထုတ်ပြန်ချက်အရ ဖြစ်သည်။
၁၉၄၅ ခုနှစ် ဩဂုတ် ၁၅ ရက်တွင် ကိုရီးယားကျွန်းဆွယ်သည် ဂျပန်ကိုလိုနီအုပ်ချုပ်မှုအောက်မှ လွတ်မြောက်ခဲ့သည်။ တောင်ကိုရီးယားနိုင်ငံက ထိုနေ့ကို လွတ်မြောက်ရေးနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ်အထိမ်းအမှတ်အခမ်းအနားများ ကျင်းပလေ့ရှိသည်။ လွတ်မြောက်ရေးနေ့ ၈၀ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ဆိုးလ်မြို့ရှိ Sejong ယဉ်ကျေးမှုခန်းမတွင် ကျင်းပခဲ့သည်။ (Xinhua)
………………………..
(Chinese Version)
韩国总统李在明:期待日本政府正视历史
新华社首尔8月15日电(记者黄昕欣 陆睿)韩国总统李在明15日在光复节80周年庆祝仪式上表示,期待日本政府正视历史。
李在明说:“颂扬我们引以为傲的抗日斗争历史、守护对独立有功人士的名誉,就是守护我们共同体的过去、今天和未来。”他说,韩日两国间拥有一段漫长曲折的历史,矫正与日本的关系始终是重要且困难的课题。
另据韩国总统府消息,李在明将于8月23日至24日访问日本,并与日本首相石破茂举行会谈。
1945年8月15日,朝鲜半岛从日本殖民统治下获得解放。韩国称这一天为光复节,每年举行纪念活动。光复节80周年庆祝活动在首尔的世宗文化会馆举行。(完)
图说:8月15日,韩国民众在首尔街头参加光复节庆祝表演。新华社发(全休相摄)