Connect with us

North America

နယူးယောက် ကလပ် ပစ်ခတ်မှုတွင် လူ ၁၁ ဦး သေနတ်ပစ်ခံရ ၊ ၃ ဦးသေဆုံး

နယူးယောက်၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)
နယူးယောက်မြို့ ဘရွတ်ကလင်းအရပ်ရှိ ကလပ်တစ်ခုတွင် ညအချိန် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူသုံးဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သြဂုတ် ၁၇ ရက်က မြို့တော်ရဲတပ်ဖွဲ့ကို ကိုးကား၍ NBC သတင်း၌ ဖော်ပြခဲ့သည်။
Crown Heights အနီးရှိ Taste Of The City Lounge ကလပ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း နယူးယောက် ရဲတပ်ဖွဲ့ ရဲမင်းကြီး Jessica Tisch က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ အရှေ့တိုင်းစံတော်ချိန် နံနက် ၃း၃၀ နာရီ (ဂရင်းနစ်စံတော်ချိန် ၀၈၃၀) မတိုင်မီ တာဝန်ရှိသူများက ပစ်ခတ်မှုဖြစ်ပွားကြောင်း ဖုန်းခေါ်ဆိုမှုများကို တုံ့ပြန် ဆောင်ရွက်ခဲ့ကြောင်း ထပ်မံပြောဆိုခဲ့သည်.
သေဆုံးသူ သုံးဦးမှာ အမျိုးသားများဖြစ်ကြောင်းနှင့် အခင်းဖြစ်ရာနေရာတွင်ပင် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
လူအုပ်အတွင်း အငြင်းပွားမှုကြောင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ရာနေရာတွင် အနည်းဆုံးကျည်ခွံ ၃၆ ခု တွေ့ရှိခဲ့သည်။
အဆိုပါဖြစ်ရပ်တွင် ပစ်ခတ်သူများစွာ ပါဝင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိကြောင်းနှင့် တစ်ဦး တစ်ယောက်ကိုမှ ဖမ်းဆီးထားခြင်းမရှိကြောင်း Tisch က ထပ်မံပြောဆိုခဲ့သည်။
အမျိုးသား ငါးဦးနှင့် အမျိုးသမီး သုံးဦး ဆေးရုံတွင် ကုသမှုခံယူလျက်ရှိပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင် မရှိကြောင်း ၎င်းက ပြောဆိုခဲ့သည်။
“ ဒါဟာ နယူးယောက်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ကြောက်မက်ဖွယ် ပစ်ခတ်မှုတစ်ခုဖြစ်တယ် ”ဟု Tisch က ပြောဆို ခဲ့သည်။ (Xinhua)
……………………….
(English Version)
11 people shot, 3 killed in New York club
NEW YORK, Aug. 17 (Xinhua) — Three people were killed and another eight injured in an overnight shooting at a club in Brooklyn, New York, NBC News reported early Sunday, citing the city’s police.
The shooting took place at the “Taste Of The City Lounge” in the Crown Heights neighborhood, New York City Police Commissioner Jessica Tisch told a news conference, adding that officers responded to calls of the shooting just before 3:30 a.m. Eastern Time (0830 GMT).
The three people killed were all men, and all were pronounced dead at the scene, according to police.
The shooting was reportedly sparked by a dispute inside the crowded venue. At least 36 shell casings were found at the scene.
Tisch said there were multiple shooters involved, adding that police were still investigating and nobody was in custody.
Five men and three women are being treated at hospitals for non-life-threatening injuries, she said.
“It’s a terrible shooting that occurred in the city of New York,” Tisch said.