Connect with us

China

တရုတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသငါးခုတွင် အားရဖွယ်ရာ စီးပွားရေးတိုးတက်မှုကို မြင်တွေ့ရ

တရုတ်နိုင်ငံ တောင်ပိုင်း၊ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်ကျိုးဆိပ်ကမ်းရှိ ကွန်တိန်နာဂိတ်အား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က တွေ့မြင်ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသငါးခု၏ စုစုပေါင်း ပြည်တွင်းအသားတင်ထုတ်ကုန် (ဂျီဒီပီ) မှာ ၂၀၂၀ ပြည့်နှစ်တွင် ယွမ် ၆.၀၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၈၄၃.၀၆ ဘီလီယံခန့်) မှ ၂၀၂၄ ခုနှစ်တွင် ယွမ် ၈.၃၈ ထရီလီယံနီးပါးသို့ မြင့်တက်လာခဲ့ကြောင်း အကြီးတန်းအရာရှိတစ်ဦးက သြဂုတ် ၁၈ ရက်၌ ပြောကြားခဲ့သည်။
အဆိုပါအချက်အလက်များကို တိုင်းရင်းသားလူမျိုးများရေးရာကော်မရှင်၏ ဒုတိယအကြီးအကဲ သွန့်ယိကျွင်းက နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ကြေညာခဲ့ခြင်းဖြစ်သည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသငါးခုမှာ အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရှီးဇန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နင်းရှ (ဟွေ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ရှင်းကျန်းဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ဖြစ်သည်။ (Xinhua)
————————
(English Version)
China’s five autonomous regions see robust economic growth

BEIJING, Aug. 18 (Xinhua) — The combined gross domestic product (GDP) of China’s five autonomous regions surged from 6.01 trillion yuan (about 843.06 billion U.S. dollars) in 2020 to nearly 8.38 trillion yuan in 2024, a senior official said on Monday.
Duan Yijun, deputy head of the National Ethnic Affairs Commission, announced the figures at a press conference held by the State Council Information Office.
The five autonomous regions are the Inner Mongolia Autonomous Region, the Guangxi Zhuang Autonomous Region, the Xizang Autonomous Region, the Ningxia Hui Autonomous Region, and the Xinjiang Uygur Autonomous Region. ■

English Caption
This aerial photo taken on Feb. 25, 2023 shows the container terminal at Qinzhou Port in south China’s Guangxi Zhuang Autonomous Region. (Xinhua/Zhang Ailin)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.