Connect with us

Europe

တတိယအကြိမ်မြောက် ရုရှား-တရုတ် အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု “Sprouts” ဖိုရမ် စတင်ဖွင့်လှစ်ကျင်းပ

ရုရှားနိုင်ငံ ကာဇန်မြို့၌ကျင်းပသည့် တတိယအကြိမ်မြောက် ရုရှား-တရုတ် အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု “Sprouts” ဖိုရမ်အား ၂၀၂၅ ခုနှစ် ဩဂုတ် ၁၈ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)

ကာဇန်၊ ရုရှား၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)

တတိယအကြိမ်မြောက် ရုရှား-တရုတ် အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု “Sprouts” ဖိုရမ်ကို ဩဂုတ် ၁၈ ရက်တွင် ရုရှားဖက်ဒရေးရှင်း၏ တာ့တာစတန်သမ္မတနိုင်ငံ မြို့တော်ကာဇန်၌ ဖွင့်လှစ်ကျင်းပခဲ့ရာ တရုတ်လုပ်ငန်းကုမ္ပဏီပေါင်း ၂၀၀ ကျော် ပါဝင်ရန် ဆွဲဆောင်ခဲ့သည်။
ယခုအကြိမ်ဖိုရမ်ကို နှစ်ရက်ကြာကျင်းပမည်ဖြစ်ပြီး စီးပွားရေး၊ ဘဏ္ဍာရေး၊ ဥပဒေ၊ စက်မှု၊ ပညာရေး၊ ယဉ်ကျေးမှု၊ ပို့ဆောင်ရေးနှင့် ခရီးသွားလာရေး စသည့်ကဏ္ဍများကို လွှမ်းခြုံထားသည့် အဓိကအကြောင်းအရာ ကူးလူးဖလှယ် ရေးလှုပ်ရှားမှုပေါင်း ၆၀ ကျော် ကျင်းပသွားမည်ဖြစ်ရာ နှစ်နိုင်ငံ လုပ်ငန်းကုမ္ပဏီများ တိုက်ရိုက်တွေ့ဆုံဆွေးနွေးရန်နှင့် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန်အတွက် ပလက်ဖောင်း တည်ဆောက်ပေးပေသည်။
ဖိုရမ်ကျင်းပသည့်ကာလအတွင်း တက်ရောက်လာသော ကိုယ်စားလှယ်များက ရုရှား-တရုတ် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု လက်ရှိအခြေအနေနှင့် အလားအလာနှင့် စပ်လျဉ်း၍ ဆွေးနွေးသွားမည့်အပြင် နှစ်နိုင်ငံ ဒေသန္တရအစိုးရများနှင့် လုပ်ငန်းကုမ္ပဏီများကလည်း ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များစွာ လက်မှတ်ရေးထိုးမည်ဖြစ်သည်။
ကာဇန်မြို့အခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် ရှန့်ပေါက ဖိုရမ်ဖွင့်ပွဲအခမ်းအနား၌ အမှာစကား ပြောကြားရာတွင် သုံးနှစ်ကြာ ဖွံ့ဖြိုးတိုးတက်ပြီးနောက် ဖိုရမ်သည် တရုတ်-ရုရှား ဒေသန္တရ ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်ပေးသည့် အရေးကြီး ပလက်ဖောင်းဖြစ်လာကာ နှစ်နိုင်ငံ ဒေသန္တရ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အင်တိုက်အားတိုက် မြှင့်တင်ပေးသလို နှစ်ဖက်ဆက်ဆံရေးတွင် ပါဝင်သည့် အခန်းကဏ္ဍ ပိုမိုကြီးမားလာကြောင်း ပြောကြားခဲ့သည်။
ရုရှားဖက်ဒရေးရှင်း၏ တာ့တာစတန်သမ္မတနိုင်ငံ အုပ်ချုပ်ရေးမှူး Rustam Minnikhanov က နှစ်ပေါင်းများစွာအတွင်း ရုရှား-တရုတ်နှစ်နိုင်ငံသည် အပြန်အလှန်လေးစားမှု အခြေခံပေါ်တွင် မဟာဗျူဟာမြောက်ဆက်ဆံရေး ဖော်ဆောင်ခဲ့ကြောင်း၊ တာ့တာစတန်သမ္မတနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုအား များစွာအလေးထားကြောင်း၊ ယမန်နှစ်မှစ၍ ကာဇန်မြို့သည် တရုတ်နိုင်ငံ၏ မြို့များစွာနှင့် တိုက်ရိုက်လေကြောင်းခရီးစဉ်များ စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကာဇန်မြို့သည် မော်စကိုမြို့နှင့် ကီလိုမီတာ ၈၀၀ ခန့်ကွာဝေးပြီး ရုရှားနိုင်ငံ၏ လူဦးရေသန်းချီရှိသည့်မြို့ ၁၆ မြို့ အနက် တစ်မြို့ဖြစ်ရာ “ရုရှားနိုင်ငံ၏ တတိယမြို့တော်” ဟု တင်စားခေါ်ဝေါ်ခံရသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် ကာဇန်မြို့၌ ပထမအကြိမ် ရုရှား-တရုတ် အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု “Sprouts” ဖိုရမ် ကျင်းပခဲ့သည်။ (Xinhua)

ရုရှားနိုင်ငံ ကာဇန်မြို့၌ကျင်းပသည့် တတိယအကြိမ်မြောက် ရုရှား-တရုတ် အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု “Sprouts” ဖိုရမ်တွင် ရုရှားကလေးငယ်က AI စမတ်မျက်မှန်ကို အသုံးပြု၍ တရုတ်ဧည့်သည်တော်နှင့် အပြန်အလှန် စကားပြောနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

—————————–
(Chinese Version)
第三届俄罗斯-中国互利合作“萌芽”论坛开幕
新华社俄罗斯喀山8月18日电(记者张超群 黄河)第三届俄罗斯-中国互利合作“萌芽”论坛18日在俄罗斯联邦鞑靼斯坦共和国首府喀山开幕,吸引200余家中国企业参加。
本届论坛为期两天,共有60多场涵盖经济、金融、法律、工业、教育、文化、交通和旅游等领域的主题交流活动,为两国企业搭建了直接对话与深度合作的平台。论坛期间,与会代表将围绕俄中各领域合作现状与趋势展开研讨,两国地方政府和企业还将签署多项合作协议。
中国驻喀山总领事向波在开幕式上致辞表示,经过三年发展,论坛已成为促进中俄地方合作的重要平台,有力推动两国地方经济社会发展,在双边关系中发挥的作用越来越大。
俄联邦鞑靼斯坦共和国行政长官明尼哈诺夫表示,多年来俄中两国在相互尊重的基础上发展战略关系。鞑靼斯坦共和国高度重视与中国的合作,自去年以来,喀山已与中国多个城市开通直航。
喀山距莫斯科约800公里,是俄罗斯16个人口超百万的城市之一,被誉为“俄罗斯第三首都”。2023年9月,喀山举办了首届俄罗斯-中国互利合作“萌芽”论坛。(完)
图说1:8月18日,第三届俄罗斯-中国互利合作“萌芽”论坛在俄罗斯喀山举行。新华社记者 张超群 摄
图说2:8月18日,在俄罗斯喀山举行的第三届俄罗斯-中国互利合作“萌芽”论坛上,俄罗斯小朋友利用AI智能眼镜与中国来宾对话。新华社记者 张超群 摄