Asia
ဂျပန်နိုင်ငံ မြောက်ပိုင်းတွင် အမျိုးသားတစ်ဦး ဝက်ဝံ တိုက်ခိုက်ခံရ

တိုကျို၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ မြောက်ပိုင်း အကီတာစီရင်စုတွင် အသက် ၆၀ နှစ်အရွယ် အမျိုးသားတစ်ဦး ဝက်ဝံ တိုက်ခိုက်ခံခဲ့ရကြောင်း ဒေသမီဒီယာများက ဩဂုတ် ၂၅ ရက်၌ သတင်းဖော်ပြခဲ့သည်။
အသက် ၆၉ နှစ်အရွယ် အဆိုပါအမျိုးသားသည် သြဂုတ် ၂၄ ရက်က ဦးခေါင်းတွင်သွေးများထွက်နေပြီး မြေကြီးပေါ်မှာလဲကျနေသည်ကို လမ်းသွားလမ်းလာတစ်ဦးက မြင်တွေ့ပြီး မီးသတ်ဌာနကို အကြောင်းကြား ခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့အား ကိုးကား၍ NHK က သတင်းတင်ဆက်ခဲ့သည်။
ဆရာဝန်တစ်ဦးနှင့် ဆေးဘက်အကူများ၏ပြောကြားချက်အရ ၎င်းအမျိုးသားမှာသတိရှိနေကြောင်းနှင့် ရွရွပြေးနေစဥ်တွင် ဝက်ဝံ၏ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။
အကီတာ၌ ယခုနှစ်အတွင်း ဝက်ဝံတိုက်ခိုက်မှု ရှစ်ကြိမ် ရှိခဲ့ကြောင်း စီရင်စု တာဝန်ရှိသူများကပြောဆိုထားပြီး အာရှ ဝက်ဝံမည်းများနှင့်ပတ်သက်၍ သတိပေးချက်ထုတ်ပြန်ထားကြောင်း သတင်းတွင်ဖော်ပြခဲ့သည်။
ဒေသခံရဲတပ်ဖွဲ့က အဆိုပါဧရိယာအတွင်း ကင်းလှည့်လျက်ရှိပြီး အနီးအနားတွင် နေထိုင်သူများအား သတိနှင့်နေထိုင်ကြရန် တိုက်တွန်းထားကြောင်း သိရသည်။ (Xinhua)
……………………
(English Version)
Man in northeastern Japan injured in apparent bear attack
TOKYO, Aug. 25 (Xinhua) — A man in his 60s has been injured in an apparent bear attack in Akita Prefecture, northeastern Japan, local media reported on Monday.
The 69-year-old was found on Sunday lying on the ground bleeding from his head, and a passer-by alerted the fire department, public broadcaster NHK reported, citing local police.
The man, who was reportedly conscious, told paramedics and a doctor that he was attacked by a bear while jogging, according to police.
Prefectural officials said this is the eighth bear attack this year in Akita, and have issued a warning against Asian black bears across the prefecture, the report said.
Local police are patrolling the area, calling on nearby residents to remain vigilant.