Connect with us

China

တရုတ်နိုင်ငံမှ စွန်းရင်ဆားက WTT Europe Smash ပြိုင်ပွဲတွင် အမျိုးသမီး တစ်ဦးချင်း ချန်ပီယံဆု ရရှိ

စင်ကာပူနိုင်ငံတွင် ၂၀၂၃ ခုနှစ် မတ် ၁၉ ရက်က ကျင်းပခဲ့သော ကမ္ဘာ့စားပွဲတင်တင်းနစ် (WTT) Singapore Smash ၌ ၎င်း၏အသင်းဖော် ချန်ထျန်းရိ နှင့် ယှဥ်ပြိုင်ရသည့် အမျိုးသမီး တစ်ဦးချင်း ဖိုင်နယ်ပွဲစဥ်အတွင်း တရုတ်နိုင်ငံမှ စွန်းရင်ဆား အား တွေ့မြင်ရစဥ် (ဆင်ဟွာ)

ဟယ်ဆင်ကီ၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)
ဆွီဒင်နိုင်ငံ မယ်လ်မိုမြို့တွင် ဩဂုတ် ၂၄ ရက်၌ ကျင်းပပြီးစီးခဲ့သော ကမ္ဘာ့စားပွဲတင်တင်းနစ် (WTT) Europe Smash ပြိုင်ပွဲတွင် အမျိုးသမီး တစ်ဦးချင်း ချန်ပီယံဆုကို တရုတ်နိုင်ငံမှ စွန်းရင်ဆား က ဆွတ်ခူးသွားခဲ့ကြောင်း သိရသည်။
အမျိုးသမီး တစ်ဦးချင်း ဖိုင်နယ်ပွဲတွင် ကမ္ဘာ့ နံပါတ် ၁ စွန်းက တစ်ပြည်တည်းသားဖြစ်သော ကမ္ဘာ့နံပါတ် ၂ ဝမ်မန့်ယွိ ကို ၄-၂ ရမှတ်ဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်သည်။ စွန်း က အဖွင့်ကစားပွဲနှစ်ပွဲ၌ အနိုင်ရရှိခဲ့ပြီး ဝမ် က နောက်နှစ်ပွဲတွင် အနိုင်ရရှိကာ သရေကျခဲ့သော်လည်း စွန်း က ပွဲအားပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
အမျိုးသား တစ်ဦးချင်း ဖိုင်နယ်ပွဲတွင် ကမ္ဘာ့နံပါတ် ၁ လျင်ရှီးတုန်း က ဆွီဒင်နိုင်ငံမှ ပြည်တွင်းအကျော်အမော် Truls Moregard အား ပွတ်ကာသီကာသာ အနိုင်အရှုံးရှိသော ကစားပွဲခုနစ်ပွဲဖြင့် ယှဉ်ပြိုင်ခဲ့သည်။ ရမှတ် ၃-၃ ဖြင့် သရေကျခဲ့ပြီးနောက် Moregard က ၄-၃ ဖြင့် အနိုင်ရခဲ့သည်။
ဥရောပတွင် ပထမဆုံး Grand Smash ပွဲဖြစ်သည့် ၂၀၂၅ ခုနှစ် WTT Europe Smash ပြိုင်ပွဲမှာ မယ်လ်မိုမြို့တွင် သြဂုတ် ၁၄ ရက်မှ ၂၄ ရက်အထိ အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲများ၊ ကျား၊မ နှစ်ယောက်တွဲပြိုင်ပွဲများနှင့် ကျား၊ မ မရွေး နှစ်ယောက်တွဲပြိုင်ပွဲများဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

စင်ကာပူနိုင်ငံတွင် ၂၀၂၃ ခုနှစ် မတ် ၁၉ ရက်က ကျင်းပခဲ့သော ကမ္ဘာ့စားပွဲတင်တင်းနစ် (WTT) Singapore Smash ၌ ၎င်း၏အသင်းဖော် ချန်ထျန်းရိ နှင့် ယှဥ်ပြိုင်ရသည့် အမျိုးသမီး တစ်ဦးချင်း ဖိုင်နယ်ပွဲစဥ်အတွင်း ဘောလုံး စပေးနေသော တရုတ်နိုင်ငံမှ စွန်းရင်ဆားအား တွေ့မြင်ရစဥ် (ဆင်ဟွာ)

…………………
(English Version)
Sun Yingsha wins women’s singles title at WTT Europe Smash
HELSINKI, Aug. 24 (Xinhua) — Sun Yingsha won the women’s singles title as the World Table Tennis (WTT) Europe Smash concluded in Malmo, Sweden on Sunday.
In the women’s singles final, world No. 1 Sun defeated compatriot and world No. 2 Wang Manyu 4-2. Sun claimed the opening two games, Wang leveled by taking the next two, but Sun regained control to close out the match.
In the men’s singles final, world No. 1 Lin Shidong battled local favorite Truls Moregard of Sweden through seven tight games. With the score tied at 3-3, Moregard held firm to win 4-3.
The 2025 WTT Europe Smash, the first Grand Smash event staged in Europe, ran from Aug. 14-24 in Malmo with competitions in men’s and women’s singles, men’s and women’s doubles, and mixed doubles. ■
English Caption 1
Sun Yingsha of China reacts during the women’s singles final match against her teammate Qian Tianyi at the World Table Tennis (WTT) Singapore Smash in Singapore, March 19, 2023. (Photo by Then Chih Wey/Xinhua)
English Caption 2
Sun Yingsha of China serves during the women’s singles final match against her teammate Qian Tianyi at the World Table Tennis (WTT) Singapore Smash in Singapore, March 19, 2023. (Photo by Then Chih Wey/Xinhua)