Connect with us

Media

၂၀၂၅ ခုနှစ် တရုတ်နိုင်ငံ MOFCOM ပညာသင်ဆုချီးမြှင့်ပွဲ အခမ်းအနား မြန်မာနိုင်ငံတွင် ကျင်းပ

ရန်ကုန်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် တရုတ်နိုင်ငံ MOFCOM ပညာသင်ဆုချီးမြှင့်ပွဲ အခမ်းအနားကို နေပြည်တော်တွင် သြဂုတ် ၂၄ ရက်၌ ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်တို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ယင်း အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူး Mr. Ouyang Daobing ၊ မြန်မာနိုင်ငံဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပညာသင်ဆုရ ကျောင်းသား၊ ကျောင်းသူများ အပါအဝင် လူပေါင်း ၁၃၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
ယခုနှစ်သည် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်မြောက်ဖြစ်သလို မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ MOFCOM ပညာသင်ဆု အကောင်အထည်ဖော်မှု ၁၀ နှစ်မြောက် နှစ်ပတ်လည်လည်းဖြစ်ကြောင်း၊ ၁၀ နှစ်အတွင်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် မဟာဘွဲ့ (Master’s degree) နှင့် ပါရဂူဘွဲ့ (Ph.D) ကျောင်းသားပေါင်း ၃၅၀ ဦးကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တန်ဖိုးမဖြတ်နိုင်သော ဉာဏ်ပညာဆိုင်ရာ အထောက်အပံ့များ ပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia က ပြောကြားသည်။
ဆက်လက်ပြီး မြန်မာ့လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတွင် တရုတ်နိုင်ငံ၏ ကိုယ်ကျိုးမဖက်သော ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့် နိုင်ငံရပ်ခြားတွင်ပညာသင်ကြားစဉ် ပရော်ဖက်ရှင်နယ် ကျွမ်းကျင်မှုများလေ့ကျင့်ကာ တရုတ်ယဉ်ကျေးမှုအတွေ့အကြုံများရယူ၍ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တံတားကြီးတစ်စင်းအဖြစ် နှစ်နိုင်ငံဆက်ဆံရေး၏ အောင်မြင်မှုများအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် မျှော်လင့်မိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က ဆိုသည်။
ကျောင်းသူကျောင်းသား ကိုယ်စားလှယ်ကလည်း တရုတ်နိုင်ငံသို့ ပညာတော်သင်သွားရောက်မည့် အခွင့်အရေးကို တန်ဖိုးထားမြတ်နိုးကာ တရုတ်-မြန်မာ ချစ်ကြည်ရေး၏ လက်ဆင့်ကမ်းသူများအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117