China
တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲက ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ၏ “အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု” ဖြစ်သည်ဟု ဟားဗက်တက္ကသိုလ် ကနေဒီကျောင်း ပါမောက္ခ Rana Mitter ဆို

နယူးယောက်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲသည် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ၏ “အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု” ဖြစ်ကြောင်း၊ တရုတ်နိုင်ငံက ဒုတိယကမ္ဘာစစ်အတွင်း အကျိုးထမ်းဆောင်မှုကို ပိုမိုများပြားစွာ တွေ့မြင်သင့်ကြောင်း အမေရိကန်နိုင်ငံ ဟားဗက်တက္ကသိုလ် ကနေဒီကျောင်း အမေရိကန်-အာရှဆက်ဆံရေး ပါမောက္ခ Rana Mitter သည် မကြာသေးမီက သတင်းထောက်၏ သီးသန့်တွေ့ဆုံမေးမြန်းမှုအား ဖြေကြားရာ၌ ပြောကြားခဲ့သည်။
၁၉၃၇ ခုနှစ် လူကိုးတံတား (မာကိုပိုလိုတံတား) အရေးအခင်း ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံအား ဂျပန် ကျူးကျော်မှုစစ်ပွဲ ဘက်စုံဖြစ်ပွားခဲ့ကြောင်း၊ တရုတ်နိုင်ငံ အောင်နိုင်မည့် ဖြစ်နိုင်ခြေ သိပ်မရှိကြောင်းဟုပင် ပြည်ပစောင့်ကြည့်ရေးပုဂ္ဂိုလ် အများစုက တစ်ချိန်တစ်ခါက ထင်မြင်ခဲ့ကြောင်း၊ သို့သော် တရုတ်နိုင်ငံသည် ခိုင်မာစွာ ခုခံတော်လှန်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ခုခံတော်လှန်ရေးစစ်ပွဲက “အရာအားလုံးကို ပြောင်းလဲလိုက်” ကြောင်း Rana Mitter က ဆိုခဲ့သည်။
Rana Mitter သည် “မေ့လျော့ခံ မဟာမိတ် တရုတ်နိုင်ငံ – အနောက်တိုင်းသားများ မျက်စိထဲက ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲသမိုင်း” (Forgotten Ally:China’s World War II, 1937-1945) ကို ရေးသားခဲ့သည်။ ၎င်းအမြင်တွင် ဂျပန်က တရုတ်နိုင်ငံအပေါ် ဘက်စုံကျူးကျော်မှုစစ်ပွဲ စတင်ဆင်နွှဲပြီးနောက် တရုတ်နိုင်ငံက ခိုင်မာစွာ ခုခံတော်လှန်ရေးစစ်ပွဲ ဆင်နွှဲခြင်းသည် အရေးကြီးအနက်အဓိပ္ပာယ်ရှိသည်။ ဂျပန်စစ်တပ် စစ်သည်ပေါင်းသန်းချီသည် အာရှ-ပစိဖိတ် အခြားဒေသသို့ မဟုတ်ဘဲ တရုတ်စစ်မြေပြင်သို့ စေလွှတ်ခြင်းခံခဲ့ရကြောင်း၊ တရုတ်နိုင်ငံ၏ အကျိုးထမ်းဆောင်မှုမရှိပါက ဖက်ဆစ်တော်လှန်ရေးမဟာမိတ်အဖွဲ့က အောင်နိုင်မှုကြီးရရှိရန်မှာ “အလွန်ခက်ခဲ” မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
တရုတ်နိုင်ငံက ဒုတိယကမ္ဘာစစ်အတွက် အကျိုးထမ်းဆောင်မှုအား မှန်ကန်စွာသိရှိခြင်းနှင့်စပ်လျဉ်း၍ လူအများက လုပ်ငန်းအများအပြား လုပ်ဆောင်ရန် လိုအပ်သေးကြောင်း၊ အနောက်တိုင်းကမ္ဘာက လက်ရှိတွင် တရုတ်နိုင်ငံက ဒုတိယကမ္ဘာစစ်အတွင်း ကြိုးပမ်းမှု၊ အနစ်နာခံမှုနှင့် အမှန်တကယ် အရေးကြီးမှုအပေါ် နားလည်သိရှိမှုသည် မလုံလောက်သေးကြောင်း၊ အဆိုပါကဏ္ဍနှင့်စပ်လျဉ်းသည့် စာအုပ်အချို့ ရှိနေပြီဖြစ်သော်လည်း ပိုမိုများပြားစွာ လိုအပ်နေဆဲဖြစ်ကြောင်း Rana Mitter က ဆိုခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း အကျိုးထမ်းဆောင်ခဲ့မှုကြောင့် တရုတ်နိုင်ငံက ကုလသမဂ္ဂတွင် နေရာရရှိခဲ့ခြင်းဖြစ်ပြီး ကုလသမဂ္ဂ စတင်တည်ထောင်သည့်အဖွဲ့ဝင်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” ၌ ပထမဆုံး လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
မော်စီတုန်းက ၁၉၃၈ ခုနှစ်တွင် ထုတ်ပြန်သည့် “နှစ်ရှည်စစ်ပွဲ” (On Protracted War) စာအုပ်သည် ၂၀ ရာစုနှစ်၏ ဩဇာလွှမ်းမိုးမှုအရှိဆုံး စစ်ရေးမဟာဗျူဟာစာအုပ်များအနက် တစ်အုပ်ဖြစ်ကြောင်း၊ အဆိုပါစာအုပ်ကို ယနေ့တိုင် ကမ္ဘာ့ဒေသအသီးသီးရှိ စစ်ရေးတက္ကသိုလ်ကျောင်းများမှ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများက သုတေသနပြု ဖတ်ရှုနေဆဲဖြစ်ပြီး ပညာရပ်ဆိုင်ရာ အခမ်းအနားများတွင် ကျွမ်းကျင်ပညာရှင်များက သုတေသနပြုလုပ် ဆွေးနွေးနေဆဲဖြစ်ကြောင်း Rana Mitter က ပြောကြားခဲ့သည်။
“နှစ်ရှည်စစ်ပွဲ” (On Protracted War) စာအုပ်က အဆိုပြုထားသည့် ပြောက်ကျားစစ်ဆင်ရေး စသည့် ပုံစံများသည် တရုတ်နိုင်ငံ၌ ပိုမိုထိရောက်နိုင်ခြေရှိကြောင်း၊ တရုတ်နိုင်ငံသို့ ကျူးကျော်သည့် ဂျပန်စစ်တပ်များ စိမ့်ဝင်နေသော သို့မဟုတ် ထိန်းချုပ်ထားသောဒေသတွင် တရုတ်ကွန်မြူနစ်ပါတီ ဦးဆောင်သည့် တပ်ဖွဲ့သည် နည်းလမ်းမျိုးစုံဖြင့် ကျူးကျော်သူအပေါ် ထိရောက်မှုသည့် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
စစ်ပွဲကို လူသားသမိုင်းတွင် ဖျက်ဆီးမှုအရှိဆုံး ဖြစ်ရပ်များအနက် တစ်ခုဟု နားလည်ထားသင့်ကြောင်း၊ “ကျွန်တော်တို့က စဉ်ဆက်မပြတ်ဖြစ်သော၊ တရားမျှတသောနှင့် သင့်လျော်မှုရှိသော နည်းလမ်းဖြင့် ငြိမ်းချမ်းရေးအား မည်ကဲ့သို့ ဖန်တီးတည်ဆောက်ရမည်နည်းကို သမိုင်းကနေတစ်ဆင့် နားလည်သင့်ပါတယ်” ဟု Rana Mitter က ပြောကြားခဲ့သည်။ (Xinhua)
—————–
(Chinese Version)
海外人士谈抗战|专访:中国抗战是世界反法西斯战争“非常重要的一部分”——访哈佛大学肯尼迪学院教授拉纳·米特
新华社纽约8月31日电 专访:中国抗战是世界反法西斯战争“非常重要的一部分”——访哈佛大学肯尼迪学院教授拉纳·米特 新华社记者杨士龙 刘亚南
美国哈佛大学肯尼迪学院美亚关系教授拉纳·米特日前接受记者专访时表示,中国人民抗日战争是世界反法西斯战争“非常重要的一部分”,中国在第二次世界大战中的贡献应该更多地被看到。
米特说,1937年卢沟桥事变后,日本侵华战争全面爆发,大多数外部观察人士一度认为中国获胜的几率并不高,但中国进行了坚决抵抗,中国的抗战“改变了一切”。
米特著有《中国,被遗忘的盟友:西方人眼中的抗日战争全史》一书。在他看来,日本发动全面侵华战争后,中国坚持抗战具有重要意义。数百万日军被派往中国战场,而非亚太其他地方。如果没有中国的贡献,反法西斯联盟要取得整体胜利会“特别困难”。
米特表示,在正确认识中国在二战中的贡献方面,人们还有更多工作要做。西方世界目前对中国在二战中的努力、牺牲和真正重要性的认识仍显不足,虽已有一些这方面的著作,但还需要更多。正是在二战中的贡献为中国赢得在联合国的地位,作为联合国创始会员国,中国第一个在《联合国宪章》上签字。
米特说,毛泽东于1938年发表的《论持久战》是20世纪最具影响力的军事战略著作之一。今天这本书仍被世界各地的军事院校师生研读,在学术场合被专家学者研究讨论。
他说,《论持久战》提出游击战等形式在中国可能更有效。在被侵华日军渗透或控制的地区,中国共产党领导的部队通过多种方式对侵略者进行了有效的打击。
米特认为,战争应该被理解为人类历史上最具破坏性的现象之一,“我们应该通过历史来理解如何以持久、正义和合适的方式缔造和平”。(完)
图说:8月30日,在美国旧金山湾区举行的中国人民抗日战争暨世界反法西斯战争胜利80周年纪念活动上,一名参观者观看抗战主题摄影展。新华社记者 吴晓凌 摄