Connect with us

Africa & Middle East

ကင်မရွန်းနိုင်ငံ အပူပိုင်းသစ်တောအတွင်း၌ တည်ဆောက်ထားသော ရေအားလျှပ်စစ် အစိမ်းရောင် မောင်းနှင်အား

ကင်မရွန်းနိုင်ငံ တောင်ပိုင်းဒေသရှိ Memve'ele ရေအားလျှပ်စစ်စက်ရုံ စက်ခန်း ဝေဟင်မြင်ကွင်းအား ၂၀၂၅ ခုနှစ် ဇွန် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယောင်အွန်ဒေး၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)
ကင်မရွန်းနိုင်ငံ တောင်ပိုင်းဒေသ Ntem မြစ် ပင်မမြစ်ရေစီးကြောင်းပေါ်တွင် တည်ရှိသော Memve’ele ရေအားလျှပ်စစ်စက်ရုံသည် ကင်မရွန်းနိုင်ငံ၏ အရေးကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်းများအနက် တစ်ခုဖြစ်သည်။ ၎င်းကို Sinohydro ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ထားခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလ၌ ကင်မရွန်းဘက်သို့ တရားဝင် လွှဲပြောင်းပေးအပ်ခဲ့သည်။ စီမံကိန်း စက်တပ်အင်အားမှာ ၂၁၁ မဂ္ဂါဝပ်ဖြစ်ပြီး မြို့ပြနှင့် ကျေးလက်ဒေသများသို့ သန့်ရှင်းစွမ်းအင်များ အဆက်မပြတ် ပို့လွှတ်ပေးကာ မိသားစုပေါင်း ထောင်သောင်းချီအား မီးအလင်းရောင်ရစေခဲ့သည်။

ကင်မရွန်းသည် အာဖရိကတိုက်၏ ရေအရင်းအမြစ် အပြည့်ဝဆုံး နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည်။ သို့သော် ကိုလိုနီခေတ်ကာလက ကျန်ရှိခဲ့သည့် လျှပ်စစ်ဓာတ်အား အခြေခံအဆောက်အဦ အားနည်းမှု၊ ရေစွမ်းအင် အသုံးပြုမှု ဆိုးရွားစွာ မလုံလောက်မှုတို့ကြောင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတွင် “လျှပ်စစ်ရှားပါးလိုအပ်မှု” အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။
Memve’ele ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ခြင်းသည် ကင်မရွန်းနိုင်ငံ၏ လျှပ်စစ်ဓာတ်အား မလုံလောက်မှု အကျပ်အတည်းအား များစွာပြေလျော့သွားစေခဲ့ပြီး ကင်မရွန်းနိုင်ငံ ခေတ်မီအသွင်ပြောင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အားကောင်းသော တွန်းအား ဖြည့်တင်းပေးခဲ့သည်။
Ntam Emmanuel Tooh သည် Memve’ele ရေအားလျှပ်စစ်စက်ရုံ၏ ဒေသခံ အင်ဂျင်နီယာ တစ်ဦးဖြစ်သည်။ လွန်ခဲ့သည့် ၁၁ နှစ်အတွင်း ၎င်းသည် တရုတ်အင်ဂျင်နီယာများနှင့်အတူ ကြိုးပမ်းပါဝင်ဆောင်ရွက်ခဲ့ရာ ရေအားလျှပ်စစ်စက်ရုံ၏ စီမံကိန်းမှ အကြီးအကျယ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအထိ တိုးတက်မှုဖြစ်စဉ်တစ်ခုလုံးအား ကိုယ်တိုင်ကြုံတွေ့ကျော်ဖြတ်ခဲ့သည်။

၎င်းသည် စီမံကိန်းတည်ဆောက်မှု ပြီးစီးပြီးနောက် Memve’ele စီမံကိန်း၏ (က) ဘက် ကင်မရွန်း လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီတွင် ပါဝင်ကာ တရုတ်လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ရေအားလျှပ်စစ်လုပ်ငန်း ရှေ့ပြေးနေရာ၌ ဆက်လက်အတူလက်တွဲ ပါဝင်လုပ်ဆောင်ခဲ့သည်။

“တရုတ်လုပ်ငန်းကုမ္ပဏီတွေက ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်မှု ကောင်းမွန်တဲ့အပြင် နည်းပညာတွေကို ကွယ်ဝှက်ထားခြင်းမရှိဘဲ မျှဝေပေးတာကြောင့် ကျွန်တော်ကလည်း သက်မွေးပညာ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းဆီကို အမှန်တကယ် လျှောက်လှမ်းနိုင်ခဲ့တာပါ” ဟု အင်ဂျင်နီယာ Ntam Emmanuel Tooh က ဆိုသည်။

Ntam Emmanuel Tooh ကဲ့သို့သော ဒေသခံဝန်ထမ်းများလည်း အများအပြားရှိသေးသည်။ ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းအထိ Memve’ele စီမံကိန်းသည် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃,၀၀၀ ကျော် ဖန်တီးပေးခဲ့ပြီး ကင်မရွန်းဘက်၏ လုပ်ငန်းရာထူး အမျိုးမျိုးနှင့် စီမံခန့်ခွဲမှု ဝန်ထမ်းပေါင်း ၁,၅၀၀ နီးပါး လေ့ကျင့်ပေးခဲ့ရာ ကင်မရွန်းနိုင်ငံအတွက် ဒေသခံ ရေအားလျှပ်စစ်နည်းပညာ အင်အားများ ပျိုးထောင်ပေးခဲ့သည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ရေအားလျှပ်စစ်စက်ရုံ ဓာတ်အားပို့လွှတ်ခြင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းသည် နောက်ဆုံး စမ်းသပ်လက်ခံမှု အောင်မြင်ခဲ့ရာ Memve’ele ရေအားလျှပ်စစ်စက်ရုံသည် လျှပ်စစ်ဓာတ်အားကို မြို့တော်ယောင်အွန်ဒေး၊ အလယ်ပိုင်းဒေသနှင့် ပိုမိုဝေးလံသော မြို့များအထိ ပို့လွှတ်ပေးနိုင်ပြီဖြစ်သည်။ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အထိ Memve’ele ရေအားလျှပ်စစ်စက်ရုံ၏ စုစုပေါင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုပမာဏသည် သန်းပေါင်း ၃,၈၅၀ ကီလိုဝပ်နာရီ ကျော်လာပြီဖြစ်ကာ လက်ရှိတစ်နှစ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုပမာဏသည် သန်း ၁,၀၀၀ ကီလိုဝပ်နာရီ ရှိလာပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

ကင်မရွန်းနိုင်ငံ တောင်ပိုင်းဒေသရှိ Memve’ele ရေအားလျှပ်စစ်စက်ရုံတွင် ကင်မရွန်း လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီမှ အင်ဂျင်နီယာ Ntam Emmanuel Tooh (ဝဲဘက်) နှင့် တရုတ်အင်ဂျင်နီယာ ဖုန်ချွန်းဆန်းတို့ လှည့်လည်စစ်ဆေးနေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

—————————
(Chinese Version)
一带一路故事绘丨喀麦隆热带雨林中筑起的水电绿色引擎
新华社照片,雅温得,2025年9月9日
坐落在喀麦隆南部大区的恩特姆河干流上的曼维莱水电站是喀麦隆最重要的水电工程之一,由中国水利水电建设集团有限公司承建,已于2024年10月正式移交喀方使用。项目装机容量达到211兆瓦,源源不断地将清洁能源送入城市与乡村,点亮千家万户。
喀麦隆是非洲水资源最丰富的国家之一。然而,殖民时期遗留的电力基础设施薄弱,水能利用率严重不足,国家发展面临“电荒”的瓶颈。曼维莱水电站的建设极大缓解了喀麦隆电力不足的问题,为喀麦隆现代化发展注入强劲动力。
恩塔姆·埃马纽埃尔·图是曼维莱水电站的一名本地工程师。过去十一年,他与中国工程师并肩奋斗,亲历了水电站从一纸蓝图到澎湃发电的全过程。他在项目建设完成后加入曼维莱项目甲方喀麦隆电力发展公司,继续与中方同事携手耕耘在水电事业一线。“中国企业不仅与我们合作良好,还毫无保留地分享技术,让我真正走上了职业发展的道路。”工程师恩塔姆说。像恩塔姆这样的本地员工不在少数。截至2024年中,曼维莱项目共创造3000多个就业岗位,累计培训喀方各类工种与管理人员近1500人,为喀麦隆培育起本土水电技术力量。
2024年10月,水电站输变电工程项目通过最终验收,曼维莱水电站已将电力输送至首都雅温得、中部地区乃至更远的城市。截至2025年上半年,曼维莱水电站总发电量超过38.5亿千瓦时,目前年发电量达10亿千瓦时。
1、这是在喀麦隆南部大区拍摄的曼维莱水电站发电厂房(无人机照片,6月30日摄)。 新华社记者 王冠森 摄
2、在喀麦隆南部大区的曼维莱水电站,喀麦隆电力发展公司工程师恩塔姆·埃马纽埃尔·图(左)与中国工程师彭春生进行巡检(6月30日摄)。新华社记者 王冠森 摄