Connect with us

China

ဟွမ်ရန်သောင် အမျိုးသား သဘာ၀ဘေးမဲ့ဇုန်တည်ထောင်ဖွင့်လှစ်ရန် တရုတ်နိုင်ငံ စီစဉ်ဆောင်ရွက်နေ

တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံပိုင် ဟွမ်ရန်သောင်မှ သန္တာကျောက်တန်းများအား တွေ့ရစဥ်(ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတော်ကောင်စီ၏ ခွင့်ပြုချက်နှင့်အညီ တရုတ်နိုင်ငံက ဟွမ်ရန်သောင် အမျိုးသား သဘာ၀ဘေးမဲ့ဇုန်ကို တည်ထောင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဟွမ်ရန်သောင် အမျိုးသား သဘာ၀ဘေးမဲ့ဇုန်ထူထောင်ရေးအတွက် သဘာ၀အရင်းအမြစ်များဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်တောင်းခံလာမှုအား တရုတ်နိုင်ငံတော်ကောင်စီက လက်ခံအတည်ပြုပေးခဲ့ကြောင်း ဗဟိုအစိုးရ ဝက်ဘ်ဆိုက် (www.gov.cn) ၌ စက်တင် ၁၀ ရက်က ကြေညာချက်ထုတ်ပြန်ထားကြောင်း တွေ့ရသည်။
သဘာ၀ဘေးမဲ့ဇုန် တည်ထောင်ဖွင့်လှစ်ရခြင်းမှာ ဟွမ်ရန်သောင် ဂေဟစနစ်၏ တည်ငြိမ်မှု၊ ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် ဇီ၀မျိုးစုံမျိုးကွဲစုံလင်မှုများအား ကာကွယ်ထိန်းသိမ်းနိုင်ရန် အရေးပါသော အာမခံချက် တစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံတော်ကောင်စီမှ အတည်ပြုခဲ့သော စာရွက်စာတမ်းတွင် ဖော်ပြထားသည်။
သဘာ၀ဘေးမဲ့ဇုန်အတွင်း စည်းမျဉ်းစည်းကမ်းများကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်ဆောင်ရွက်ရန် ၊ ထိန်းသိမ်းကာကွယ်ထားသည့်ဧရိယာ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် စီမံခန့်ခွဲမှုလုပ်ငန်းများအား အထောက်အပံ့ပေးရန် တရုတ်နိုင်ငံတော်ကောင်စီက သက်ဆိုင်ရာအစိုးရဌာနများနှင့် ဒေသဆိုင်ရာအာဏာပိုင်များအား ညွှန်ကြားထားကြောင်း သိရသည်။
နိုင်ငံတော်ကောင်စီမှ အတည်ပြုခဲ့သော ထုတ်ပြန်ချက်စာရွက်စာတမ်းအရ သက်ဆိုင်ရာအစိုးရဌာနများနှင့် ဒေသအာဏာပိုင်များအနေဖြင့် စီမံခန့်ခွဲမှုဆိုင်ရာ အစီအမံများကို အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် စီမံခန့်ခွဲမှု အင်စတီကျူးရှင်းများအား တိုးတက်အောင်ဆောင်ရွက်ရန်၊ ကြီးကြပ်စစ်ဆေးခြင်းများအား အားစိုက်ဆောင်ရွက်ရန်၊ သဘာ၀ဘေးမဲ့ဇုန်အတွင်း တရားမဝင်၊ ပုံမှန်မဟုတ်သော လှုပ်ရှားမှုများကို တားဆီးနိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။
ဟွမ်ရန်သောင်သဘာ၀ဘေးမဲ့ဇုန်၏ စုစုပေါင်းဧရိယာအကျယ်အဝန်း၊ အတိုင်းအတာနှင့် လုပ်ငန်းဆိုင်ရာဇုန်များကို အမျိုးသား သစ်တောလုပ်ငန်းနှင့် မြက်ခင်းပြင် စီမံအုပ်ချုပ်မှုဆိုင်ရာဌာနက ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်စာရွက်စာတမ်းအရ သိရသည်။ (Xinhua)
………………………………
(English Version)
China to establish Huangyan Dao national nature reserve
BEIJING, Sept. 10 (Xinhua) — With the approval of the State Council, China will establish the Huangyan Dao national nature reserve.
The official website of China’s central government (www.gov.cn) on Wednesday posted the State Council’s approval of the request by the Ministry of Natural Resources for the establishment of the Huangyan Dao national nature reserve, agreeing to the establishment of the nature reserve.
The establishment of the nature reserve is an important guarantee for maintaining the diversity, stability and sustainability of Huangyan Dao’s ecosystem, according to the State Council’s approval document.
The State Council has instructed relevant government departments and local authorities to strictly implement the regulations on nature reserves, as well as provisions related to the development and management of protected areas.
They are also required to improve management institutions, strengthen supervision and law enforcement against all types of illegal and irregular activities within the nature reserve, to ensure the implementation of all management measures, per the document.
The total area, scope and functional zones of the Huangyan Dao national nature reserve will be announced by the National Forestry and Grassland Administration, according to the document. ■
Photo:
This photo shows coral reefs in China’s Huangyan Dao in the South China Sea. (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.