Videos
ရီလူမျိုးတို့၏ ရိုးရာမီးတုတ်ပွဲတော်
စီချွမ်၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံအနောက်တောင်ပိုင်းစီချွမ်ပြည်နယ်လျန်ချမ်းဒေသတွင် နှစ်စဉ်နှစ်တိုင်းနွေရာသီရောက်ပါက ၃ရက်တာမျှ နေ့အချိန်တွင် ရိုးရာဝတ်စုံများကိုဆင်မြန်းကာ ညအချိန်၌ ကျင်းပမည့် မီးတုတ်ပွဲတော်ကိုကြိုဆိုလေ့ရှိကြသည်။ မီးတုတ်ပွဲတော်တွင် မီးတုတ်များကို ကိုင်ဆောင်ကာ သီဆိုကခုန်ကြပြီး ကောင်းမွန်စွာစိုက်ပျိုး ရိတ်သိမ်းနိုင်သည့်ရာသီဥတုဖြစ်စေရန် ဆုတောင်းမှုများပြုလုပ်ကြသည်။ ရှေးယခင်က မီးတုတ်ပွဲတော်ကျင်းပခဲ့သည့်အစဉ်အလာအတိုင်း ပြုလုပ်သည့်အပြင် ယနေ့ခေတ်နှင့် လိုက်ဖက်ညီသည့် ဖျော်ဖြေမှှုများ မီးရှူးမီးပန်းများကို ထပ်မံ ပေါင်းစပ်ကာ ကျင်းပခြင်းဖြစ်သည်။ ပွဲတော်အတွင်း မီးပုံပွဲများနှင့် ပျော်ရွှင်စွာ သီဆိုကခုန်ကြပြီး ထိုပွဲတော်သို့ နှစ်စဉ် လူ ၆သောင်းခန့်လာရောက်လည်ပတ်ရန် ဆွဲဆောင်နိုင်ခဲ့ကြောင်းသိရသည်။(Xinhua)