China
ကုန်းပြင်မြင့်ပေါ်က “မေတ္တာရှင်မေမေ”
ပေကျင်း၊ မေ ၁၁ ရက် (ဆင်ဟွာ)
အမေများနေ့ မတိုင်မီရှေ့တစ်ရက်တွင် တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကလေးစောင့်ရှောက်ရေးဂေဟာမှ “မေတ္တာရှင်မေမေ” ဖြစ်သူ လန်ကျီကျော်မာသည် ကလေးများကပေးသော အဖြူရောင် ပိုးပဝါ၊ ပန်းစည်းနှင့် အရုပ်များ လက်ခံရရှိခဲ့သဖြင့် ကြည်နူးပီတိဖြစ်လျက်ရှိသည်။
ယခုနှစ်တွင် အသက် ၃၅ နှစ်ရှိပြီဖြစ်သည့် လန်ကျီကျော်မာသည် ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကလေးစောင့်ရှောက်ရေးဂေဟာမှ “မေတ္တာရှင်မေမေ” တစ်ဦး ဖြစ်လာခဲ့သည်။ ၎င်းသည် အခြား “မေတ္တာရှင်မေမေ” များနှင့်အတူ ကလေးစောင့်ရှောက်ရေးဂေဟာမှ ကလေးများနံဘေးတွင် ၂၄ နာရီ အဖော်ပြုကာ တစ်နှစ်လုံးတွင် ရက်ပေါင်း ၄၀ သာ အနားယူသည်။
မူကြိုကျောင်းကလေးငယ်များက ရှူးပေါက်ချ၍ စိုရွှဲနေသော အဝတ်အစားမှ မူလတန်းကျောင်းသားများ ဆိုးသွမ်း၍ ဆရာမက မိဘခေါ်သည်ထိ ထိုမှတစ်ဆင့် အလယ်တန်းကျောင်သားများ၏ ပြောစကား နားမထောင်ခြင်း၊ အဆော့မက်ခြင်းအထိ … အဆိုပါ အသေးအဖွဲဖြစ်သော်လည်း ဖြေရှင်းရန်မလွယ်သည့် ကိစ္စများသည် ကလေးစောင့်ရှောက်ရေးဂေဟာမှ “မေတ္တာရှင်မေမေ” များ နေ့စဉ်ရင်ဆိုင်ရသည့် ကိစ္စများပင်ဖြစ်သည်။
၈ နှစ်တာနီးပါး “မေတ္တာရှင်မေမေ” လမ်းခရီးတွင် လန်ကျီကျော်မာသည် အစပိုင်းက ခြေမကိုင်မိ လက်မကိုင်မိ စိတ်မတည်မငြိမ်ဖြစ်ရသည်မှ ယနေ့တွင် နွေးထွေးသိမ်မွေ့မှုနှင့် သာယာချမ်းမြေ့မှုအပြည့်အထိ ကလေးငယ်များအား စောင့်ရှောက်သည့် အချိန်ကာလအတွင်း ကလေးငယ်များက သယ်ဆောင်လာပေးသော နွေးထွေးမှုနှင့် ပီတိဖြစ်မှုတို့ကို လက်တွေ့ခံစားခဲ့ရပါသည်။ (Xinhua)

တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကလေးစောင့်ရှောက်ရေးဂေဟာမှ “မေတ္တာရှင်မေမေ” ဖြစ်သူ လန်ကျီကျော်မာ (ယာဘက် ဒုတိယ) နှင့် ကလေးများက ဝူကျစ်ချီ ဂိမ်းဆော့ကစားနေသည်ကို ၂၀၂၆ ခုနှစ် မေ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကလေးစောင့်ရှောက်ရေးဂေဟာမှ “မေတ္တာရှင်မေမေ” ဖြစ်သူ လန်ကျီကျော်မာ (ဝဲဘက်) သည် ဂေဟာမှ ကလေးက မိမိအတွက် ရေးသားပေးသော စာကိုနားထောင်ပြီးနောက် လားပါးကျော်မာနှင့် ပွေ့ဖက်နေသည်ကို ၂၀၂၆ ခုနှစ် မေ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
图片故事丨高原上的“爱心妈妈”
新华社照片,拉萨,2026年5月9日
母亲节前夕,西藏自治区儿童福利院的“爱心妈妈”郎吉卓玛收到了孩子们送上的哈达、鲜花和布偶,心里暖暖的。
今年35岁的郎吉卓玛2019年初成为西藏自治区福利院的一名“爱心妈妈”。她和其他“爱心妈妈”们一起,24小时陪在福利院的孩子们身边,每年仅休息40天。从幼儿园孩童尿湿衣物,到小学生调皮捣蛋被老师约谈,再到中学阶段孩子们叛逆、贪玩……这些琐碎、棘手的问题,是福利院“爱心妈妈”每天要面对的。
近八年的“爱心妈妈”之路,郎吉卓玛从最初的手足无措、忐忑不安,到如今满心温柔与幸福,在陪伴守护孩子的时光里,真切感受孩子们带来的温暖、感动。
1、5月9日,郎吉卓玛展示她收到的母亲节礼物。 新华社记者 晋美多吉 摄
2、5月9日,郎吉卓玛(右二)和孩子们下五子棋。新华社记者 晋美多吉 摄
3、5月9日,听完福利院孩子拉巴卓玛为自己写的信后,郎吉卓玛(左)和拉巴卓玛拥抱在一起。新华社记者 晋美多吉 摄
