China
ကမ္ဘာ့စားပွဲတင်တင်းနစ်အသင်းလိုက်ပြိုင်ပွဲတွင် တရုတ်အသင်းက ဂျပန်အသင်းကိုအနိုင်ရပြီး အမျိုးသမီးချန်ပီယံဆုကို ၇ ကြိမ်မြောက်ဆက်တိုက်ရရှိ
လန်ဒန်၊ မေ ၁၁ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ်အတွက် ITTF ကမ္ဘာ့စားပွဲတင်တင်းနစ်အသင်းလိုက်ချန်ပီယံရှစ်ဖိုင်နယ်ပြိုင်ပွဲတွင် မေ ၁၀ ရက်က ငါးပွဲကစားရသည့် စိတ်လှုပ်ရှားဖွယ်ကောင်းသော ဗိုလ်လုပွဲစဉ်တွင် တရုတ်အသင်းက ဂျပန်အသင်းကို အနိုင်ရပြီး ခုနစ်ကြိမ်မြောက်ဆက်တိုက် အမျိုးသမီးချန်ပီယံဆုကို ရရှိခဲ့သည်။
ယင်းမှာ တရုတ်အသင်းက Corbillon ဖလားကို ၂၄ ကြိမ်မြောက် စံချိန်တင်ရရှိခြင်းနှင့် ဂျာမနီနိုင်ငံ ဒေါ့မွန်မြို့တွင် ကျင်းပသည့် ၂၀၁၂ ခုနှစ်ပြိုင်ပွဲမှစတင်၍ ယခုနောက်ဆုံးချန်ပီယံဆု ရရှိခြင်းလည်းဖြစ်သည်။
ဝမ်မန့်ယွိနှင့် Miwa Harimoto တို့၏ အဖွင့်ပွဲစဉ်မှာ စိတ်လှုပ်ရှားဖွယ်ကောင်းသော ယှဉ်ပြိုင်မှုဖြစ်ခဲ့ပြီး Harimoto က ပထမကစားပွဲနှင့် ဒုတိယကစားပွဲတို့တွင် ဝမ်၏ လက်သင့်ရိုက်ချက်များအား အဆက်မပြတ်တိုက်ခိုက်ကာ ရမှတ် ၁၁-၄၊ ၁၁-၉ တို့ဖြင့် နှစ်ပွဲဆက်တိုက် ဦးဆောင်ခဲ့သည်။
ဝမ်ကမူ အစပိုင်း၌ နှေးကွေးနေခဲ့ရာမှ ပြန်လည်ကောင်းမွန်လာပြီး တတိယကစားပွဲနှင့် စတုတ္ထကစားပွဲတို့တွင် ရမှတ် ၁၁-၆၊ ၁၁-၄ တို့ဖြင့် အနိုင်ရရှိကာ သရေကျခဲ့သည်။
သို့သော် အဆုံးအဖြတ်ပွဲဖြစ်သည့် ပဉ္စမကစားပွဲတွင် Harimoto က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ရမှတ် ၁၁-၄ ဖြင့် အနိုင်ရကာ ဂျပန်အသင်းအတွက် ဦးဆောင်ခွင့်ရစေခဲ့သည်။
ဒုတိယပွဲစဉ်၌မူ ကမ္ဘာ့နံပါတ် ၁ စွန်းရင်ဆားက Hina Hayata ကို ရမှတ် ၁၁-၇၊ ၁၁-၇၊ ၁၁-၈ တို့ဖြင့် အနိုင်ရပြီး တရုတ်အသင်းအတွက် ရလဒ်အား ပြန်လည်တူညီစေခဲ့ကာ ၎င်းတို့နှစ်ဦး၏ အချိန်ကြာကြာယှဉ်ပြိုင်မှုတွင် စွန်း၏အသာရမှုကို ၁၉-၀ အထိ တိုးမြှင့်ပေးခဲ့သည်။
၁-၁ ရလဒ်ဖြင့် သရေကျနေချိန်တွင် တတိယပွဲစဉ်က အရေးပါလာခဲ့သည်။ Honoka Hashimoto က ၎င်း၏ ခံစစ်ကစားပုံကြောင့် ခွိုင်မန့်ကို ရမှတ် ၁၁-၆၊ ၅-၁၁၊ ၁၁-၆၊ ၁၁-၈ တို့ဖြင့် အနိုင်ရပြီး ဂျပန်အသင်းကို ထပ်မံဦးဆောင်စေခဲ့သည်။
အသင်းနှစ်သင်း၏ ထိပ်တန်းကစားသမားများ၏ ထိပ်တိုက်တွေ့ဆုံမှုဖြစ်သည့် စတုတ္ထပွဲစဉ်တွင် စွန်းနှင့် ဟာရီမိုတိုတို့က ပွဲစဉ်၏ အများစုအတွက် လျင်မြန်သော ဘောလုံးရိုက်ချက်များဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး စွန်းက ရမှတ် ၁၁-၂၊ ၁၁-၄၊ ၁၁-၆ နှင့် အနိုင်ရရှိကာ တရုတ်အသင်းအား အဆုံးအဖြတ်ပေးပွဲသို့ ရောက်ရှိစေခဲ့သည်။
ပဉ္စမပွဲစဉ်၌လည်း ဝမ်က Hayata ကို ရမှတ် ၁၁-၇၊ ၁၁-၇၊ ၁၁-၅ တို့ဖြင့် အနိုင်ရခဲ့သဖြင့် တရုတ်အသင်းအား ချန်ပီယံဆု ထပ်မံရရှိစေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်တွင် ကျင်းပသည့် ITTF ကမ္ဘာ့စားပွဲတင်တင်းနစ်အသင်းလိုက်ချန်ပီယံရှစ်ဖိုင်နယ်ပြိုင်ပွဲတွင် တရုတ်အသင်းနှင့် ဂျပန်အသင်းတို့အကြား အမျိုးသမီးအသင်းလိုက်ဗိုလ်လုပွဲအတွင်း ဂျပန်အသင်းမှ Harimoto Miwa နှင့် တစ်ဦးချင်းပွဲစဉ်တွင် ဘောလုံးအားပြန်ရိုက်နေသည့် တရုတ်အသင်းမှ ဝမ်မန့်ယွိကို ၂၀၂၆ ခုနှစ် မေ ၁၀ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်တွင် ကျင်းပသည့် ITTF ကမ္ဘာ့စားပွဲတင်တင်းနစ်အသင်းလိုက်ချန်ပီယံရှစ်ဖိုင်နယ်ပြိုင်ပွဲတွင် တရုတ်အသင်းနှင့် ဂျပန်အသင်းတို့အကြား အမျိုးသမီးအသင်းလိုက်ဗိုလ်လုပွဲအတွင်း ဂျပန်အသင်းမှ Harimoto Miwa နှင့် တစ်ဦးချင်းပွဲစဉ်တွင် ဘောလုံးအားပြန်ရိုက်နေသည့် တရုတ်အသင်းမှ စွန်းရင်ဆားကို ၂၀၂၆ ခုနှစ် မေ ၁၀ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်တွင် ကျင်းပသည့် ITTF ကမ္ဘာ့စားပွဲတင်တင်းနစ်အသင်းလိုက်ချန်ပီယံရှစ်ဖိုင်နယ်ပြိုင်ပွဲတွင် တရုတ်အသင်းနှင့် ဂျပန်အသင်းတို့အကြား အမျိုးသမီးအသင်းလိုက်ဗိုလ်လုပွဲအတွင်း ဂျပန်အသင်းမှ Hashimoto Honoka နှင့် တစ်ဦးချင်းပွဲစဉ်တွင် ဘောလုံးအားပြန်ရိုက်နေသည့် တရုတ်အသင်းမှ ခွိုင်မန့်ကို ၂၀၂၆ ခုနှစ် မေ ၁၀ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

………………
(English Version)
China edges Japan for 7th straight women’s title at table tennis team worlds
LONDON, May 10 (Xinhua) — China claimed its seventh straight women’s title at the ITTF World Team Table Tennis Championships Finals, rallying past Japan in a five-match thriller on Sunday in the 2026 edition.
It also marked a record-extending 24th time that China has lifted the Corbillon Cup, with its latest title run beginning from the 2012 edition in Dortmund.
The opening match between Wang Manyu and Miwa Harimoto set the stage for an enthralling duel, with Harimoto constantly attacking Wang’s forehand at the opening stages to take a two-game lead with 11-4, 11-9.
Wang recovered from her slow start, winning 11-6, 11-4 to level the tie.
But Harimoto regained control in the decider, triumphing 11-4 to hand Japan the lead.
World No. 1 Sun Yingsha restored parity for China with an 11-7, 11-7, 11-8 victory over Hina Hayata, extending her advantage in their longtime rivalry to 19-0.
With the score tied at 1-1, the third match proved pivotal. With her defensive play, Honoka Hashimoto moved Japan ahead again after defeating Kuai Man 11-6, 5-11, 11-6, 11-8.
In a clash of the two teams’ top players, Sun and Harimoto traded rapid rallies for most of the match, where Sun emerged victorious 11-2, 11-4, 11-6 as China forced a decider.
Stepping on the court again, Wang swept Hayata 11-7, 11-7, 11-5 to complete the comeback. ■
English Caption 1
Team China greet the spectators after the women’s teams final match between China and Japan at the ITTF World Team Table Tennis Championships Finals in London, Britain, on May 10, 2026. (Xinhua/Lian Yi)
English Caption 2
Wang Manyu of China hits a return in the singles match against Harimoto Miwa of Japan during the women’s teams final match between China and Japan at the ITTF World Team Table Tennis Championships Finals in London, Britain, on May 10, 2026. (Xinhua/Lian Yi)
English Caption 3
Sun Yingsha of China hits a return in the singles match against Harimoto Miwa of Japan during the women’s teams final match between China and Japan at the ITTF World Team Table Tennis Championships Finals in London, Britain, on May 10, 2026. (Xinhua/Li Ying)
English Caption 4
Kuai Man of China hits a return in the singles match against Hashimoto Honoka of Japan during the women’s teams final match between China and Japan at the ITTF World Team Table Tennis Championships Finals in London, Britain, on May 10, 2026. (Xinhua/Li Ying)
