Asia
သီရိလင်္ကာက အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် အရှေ့တောင်အာရှသို့ တင်ပို့မှု မြင့်တက်လာ

ကိုလံဘို၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
သီရိလင်္ကာနိုင်ငံမှ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် အရှေ့တောင်အာရှနိုင်ငံများသို့ တင်ပို့မှုသည် လွန်ခဲ့သည့် ခုနစ်လတာကာလအတွင်း သိသိသာသာ မြင့်တက်လာခဲ့ကြောင်း ဒုတိယဝန်ကြီးတစ်ဦးက စက်တင်ဘာ ၁၅ ရက်၌ မြို့တော်ကိုလံဘိုတွင် ကျင်းပသော အခမ်းအနားတစ်ခု၌ ပြောကြားခဲ့သည်။
စက်မှုနှင့် လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေး ဒုတိယဝန်ကြီး Chathuranga Abeysinghe က သီရိလင်္ကာနိုင်ငံ၏ ပို့ကုန်များသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ၈ ရာခိုင်နှုန်း တိုးတက်လာသည်ဟု ဆိုသည်။ ပို့ကုန်ပမာဏနှင့် တင်ပို့သည့် နေရာ နှစ်ခုစလုံးက ကျယ်ပြန့်တိုးပွားလာခြင်းဖြစ်ပြီး အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် အရှေ့တောင်အာရှတို့တွင် အဓိကတိုးတက်မှုစျေးကွက်များအဖြစ် ပေါ်ထွက်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
သီရိလင်္ကာနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံကျော် ရှိလာရန် မျှော်မှန်းထားသည့်အတိုင်း ဖြစ်လာဖွယ်ရှိကြောင်း Abeysinghe က ပြောကြားခဲ့သည်။ သီရိလင်္ကာနိုင်ငံ၏ ပို့ကုန်များသည် ၂၀၂၅ ခုနှစ် ပထမခုနစ်လတာအတွင်း အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံနီးပါး ရှိခဲ့ကြောင်း တရားဝင် အချက်အလက်များအရ သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
Sri Lanka sees export surge to Middle East, Africa, Southeast Asia
COLOMBO, Sept. 15 (Xinhua) — Sri Lankan exports to the Middle East, Africa, and Southeast Asia have risen significantly over the past seven months, a deputy minister said Monday at an event in Colombo.
Deputy Minister of Industry and Entrepreneurship Development Chathuranga Abeysinghe said Sri Lankan exports increased by 8 percent between January and July 2025. Both the volume of exports and the range of destinations have expanded, with the Middle East, Africa, and Southeast Asia emerging as key growth markets, he said.
Abeysinghe said the country is on track to surpass 18 billion U.S. dollars in export revenue in 2025. Sri Lanka’s exports reached nearly 10 billion U.S. dollars in the first seven months of 2025, according to official data. ■
English Caption
An aerial drone photo taken on March 28, 2024 shows the Hambantota Port in Sri Lanka. (Xinhua/Xu Qin)