Europe
ရုရှား-ဘီလာရုစ် စစ်ရေးလေ့ကျင့်မှု၏ အဓိကအဆင့် စစ်ရေးလေ့ကျင့်မှုများ စတင်

မင့်စ်ခ်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
ရုရှား-ဘီလာရုစ် မဟာဗျူဟာမြောက် ပူးတွဲစစ်ရေးလေ့ကျင့်မှု ဇာပက်ဒ်-၂၀၂၅ (Zapad-2025) ၏ အဓိကအဆင့် စစ်ရေးလေ့ကျင့်မှုများကို ဘီလာရုစ်နိုင်ငံတွင် စက်တင်ဘာ ၁၅ ရက်က စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထိုစစ်ရေးလေ့ကျင့်မှုများတွင် ကျည်အစစ်သုံးသည့် စစ်ရေးလေ့ကျင့်မှုများ အပါအဝင် သဏ္ဌာန်တူဖန်တီးထားသော ရန်သူများအား ခြေလျင်တပ်များက ပစ်ခတ်ချေမှုန်းခြင်း၊ ဒရုန်းဖြင့် လေကြောင်းတိုက်ခိုက်မှုများအား လေကြောင်းမှ အထောက်အကူပေးခြင်း၊ မော်တော်ဆိုင်ကယ်များနှင့် ယာဉ်ငယ်များပေါ်မှ ယာဉ်တင် မီးငြှိမ်းသတ်ရေးအဖွဲ့များ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် ဖြန့်ကြက်ကာကွယ်ခြင်း စသည်တို့ ပါဝင်ဖွယ်ရှိကြောင်း သိရသည်။
ထို့ပြင် ထိခိုက်ဒဏ်ရာရသူများနှင့် ပျက်စီးသွားသည့် လက်နက်ကိရိယာများအား စက်ကိရိယာများ အသုံးပြုကာ နေရာရွှေ့ပြောင်းခြင်းတို့လည်း ပါဝင်ကြောင်း သိရသည်။ အထူးသဖြင့် ခြေလျင်တပ်များက လျှို့ဝှက်နေရာများတွင် တပ်ဖြန့်ထားသည့် သံချပ်ကာယာဉ်များ မပါဘဲ ရှေ့တန်းစစ်မြေပြင်၌ စစ်ဆင်ရေးလုပ်ဆောင်ခြင်းဖြစ်သည်။
နောက်ဆုံးအဆင့် စစ်ရေးလေ့ကျင့်မှုအား လာရောက်လေ့လာရန် နိုင်ငံပေါင်း ၁၅ နိုင်ငံခန့်မှ သတင်းထောက် ၁၅၀ ကျော်အား ဖိတ်ကြားထားသည်ဟု ဘီလာရုစ် ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။
စက်တင်ဘာ ၁၂ ရက်မှ ၁၆ ရက်အထိ ပြုလုပ်မည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုမှာ Union State အား ကာကွယ်စောင့်ရှောက်ရေးအတွက် ရုရှား-ဘီလာရုစ် ပူးပေါင်းစစ်ဆင်ရေးများအတွက် ကြိုတင်လေ့ကျင့်ရန်နှင့် ဖြစ်လာနိုင်သော ကျူးကျော်ရန်စမှုအား တွန်းလှန်ရန် အသင့်ရှိမှုကို ပြသရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

ဘီလာရုစ်နိုင်ငံ မင့်စ်ခ်ဒေသတွင် ပြုလုပ်နေသည့် ရုရှား-ဘီလာရုစ် မဟာဗျူဟာမြောက် ပူးတွဲစစ်ရေးလေ့ကျင့်မှု ဇာပက်ဒ်-၂၀၂၅ (Zapad-2025) ၌ ပါဝင်လေ့ကျင့်နေသော ဂျက်တိုက်လေယာဉ်များအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘီလာရုစ်နိုင်ငံ မင့်စ်ခ်ဒေသတွင် ပြုလုပ်နေသည့် ရုရှား-ဘီလာရုစ် မဟာဗျူဟာမြောက် ပူးတွဲစစ်ရေးလေ့ကျင့်မှု ဇာပက်ဒ်-၂၀၂၅ (Zapad-2025) ၌ ပါဝင်လေ့ကျင့်နေသော ရဟတ်ယာဉ်များအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………….
(English Version)
Key phase of Russia-Belarus military drills underway
MINSK, Sept. 15 (Xinhua) — A key phase of the Russia-Belarus joint strategic military drills Zapad-2025 is underway in Belarus on Monday.
The scenario involves infantry units delivering fire strikes on simulated enemies, including live-fire exercises, aviation support with drone air strikes, motorized fire groups on motorcycles and buggies, and air defense coverage.
It also includes evacuating casualties and damaged equipment using robotic platforms. Notably, infantry operates on the front line without armored vehicles, which are deployed from concealed positions.
According to the Belarusian defense ministry, over 150 journalists from about 15 countries have been invited to observe the final exercise.
The drills, running on Sept. 12-16, aim to rehearse joint Russia-Belarus operations to safeguard the Union State and demonstrate readiness to repel potential aggression. ■
English Caption 1
This photo taken on Sept. 15, 2025 shows a scene from the ongoing Russia-Belarus joint strategic military drills Zapad-2025 in Minsk region, Belarus. (Photo by Henadz Zhinkov/Xinhua)
English Caption 2
Fighter jets are pictured during the ongoing Russia-Belarus joint strategic military drills Zapad-2025 in Minsk region, Belarus, on Sept. 15, 2025. (Photo by Henadz Zhinkov/Xinhua)
English Caption 3
Helicopters are pictured during the ongoing Russia-Belarus joint strategic military drills Zapad-2025 in Minsk region, Belarus, on Sept. 15, 2025. (Photo by Henadz Zhinkov/Xinhua)