Economy
၈ နှစ်ဆက်တိုက် ပထမနေရာတွင် တည်ရှိနေ၊ အာဆီယံမှ အသီးအနှံများ တရုတ်နိုင်ငံအထိ မွှေးရနံ့ သင်းပျံ့ခဲ့

ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများသည် ၅ နှစ်ဆက်တိုက် အပြန်အလှန်၏ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက် ဖြစ်လာခဲ့ပြီး အာဆီယံသည် ၈ နှစ်ဆက်တိုက် တရုတ်နိုင်ငံ စိုက်ပျိုးရေးထုတ်ကုန်များ၏ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ခဲ့ကြောင်း တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) ၏ စက်တင်ဘာ ၁၆ ရက်က ထုတ်ပြန်သည့် ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။အကောက်ခွန်ဌာန၏ စာရင်းကောက်ယူမှုအရ ၂၀၀၄ ခုနှစ် ပထမအကြိမ် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (CAEXPO) ကျင်းပချိန်တွင် ယွမ် ၈၇၀ ဘီလီယံကျော်ရှိရာမှ ၂၀၂၄ ခုနှစ်တွင် ယွမ် ၇ ထရီလီယံ နီးပါးအထိ ၂၁ နှစ်တာကာလအတွင်း တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ ကုန်သွယ်မှုပမာဏသည် ၇ ဆ တိုးပွားလာခဲ့ပြီး ၂၀၁၆ ခုနှစ်မှစ၍ ၉ နှစ်ဆက်တိုက် တိုးတက်မှုကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ ယခုနှစ် ပထမ ၈ လအတွင်း တရုတ်နိုင်ငံမှ အာဆီယံနိုင်ငံများအပေါ် ပို့ကုန်သွင်းကုန်ပမာဏသည် ယွမ် ၄.၉၃ ထရီလီယံရှိပြီး ယမန်နှစ်ကာလတူထက် ၉.၇ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ယင်းသည် ပမာဏအားဖြင့် သမိုင်းကာလတူများတွင် စံချိန်သစ်တင်ခဲ့ပြီး ကာလတူ၌ တရုတ်နိုင်ငံ ပို့ကုန်သွင်းကုန် စုစုပေါင်းတန်ဖိုး၏ ၁၆.၇ ရာခိုင်နှုန်းရှိပေသည်။

တရုတ်နိုင်ငံ နန်နင်းမြို့၌ ကျင်းပသော တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၌ မလေးရှား ဒူးရင်းသီး ရွေးချယ်ဝယ်ယူနေသော လာရောက်ကြည့်ရှုသူများကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
စိုက်ပျိုးရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ် နက်ရှိုင်းလာရာ နှစ်ဖက် စိုက်ပျိုးရေးထုတ်ကုန်များ ကုန်သွယ်ရေး၏ အပြန်အလှန်ဖြည့်ဆည်းပေးနိုင်မှု အားသာချက်အား အရှိန်မြှင့် ဖော်ဆောင်ရန် အားဖြည့်ပေးလိုက်သည်။ ယခုနှစ် ပထမ ၈ လအတွင်း တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ စိုက်ပျိုးရေးထုတ်ကုန် ပို့ကုန်သွင်းကုန် ပမာဏသည် ယွမ် ၂၉၀.၆ ဘီလီယံရှိပြီး ယမန်နှစ်ကာလတူထက် ၉.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ရာ တရုတ်နိုင်ငံ စိုက်ပျိုးရေးထုတ်ကုန် ပို့ကုန်သွင်းကုန် စုစုပေါင်းတန်ဖိုး၏ ၂၀.၁ ရာခိုင်နှုန်းရှိသည်။ အာဆီယံနိုင်ငံများသည် တရုတ်နိုင်ငံ၏ သစ်သီးအစိုနှင့်အခြောက်၊ စားသုံးဆီ၊ ပီလောပီနံနှင့် ပီလောပီနံမှုန့် စသည့် စိုက်ပျိုးရေးထုတ်ကုန်များအတွက် အကြီးဆုံးတင်သွင်းရာ အရင်းအမြစ်ဒေသများအဖြစ် ဆက်လက်ရပ်တည်လျက်ရှိသည်။ ကာလတူအတွင်း တရုတ်နိုင်ငံက အာဆီယံနိုင်ငံများအပေါ် ငှက်မွေး၊ တိရစ္ဆာန်အစာ စသည့် ထူးခြားချက်ရှိသော စိုက်ပျိုးရေးထုတ်ကုန်များ တင်ပို့ခြင်း တိုးတက်မှုအမြန်နှုန်းသည် ဆယ်ဂဏန်းအထိ ရှိလာခဲ့သည်။
ကုန်ထုတ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများလည်း တစ်နေ့တခြားနီးကပ်လာပြီး သက်ဆိုင်ရာထုတ်ကုန်များ တင်ပို့တင်သွင်းမှုသည် မြန်နှုန်းမြင့် တိုးတက်လာခဲ့သည်။ ယခုနှစ် ပထမ ၈ လအတွင်း တရုတ်နိုင်ငံက အာဆီယံနိုင်ငံများအပေါ် ကုန်ထုတ်လုပ်ငန်း ထုတ်ကုန်ပစ္စည်းများ ပို့ကုန်သွင်းကုန်အချိုးအဆသည် ၉၀ ရာခိုင်နှုန်းထက်ကျော်လွန်ခဲ့သည်။ ၎င်းအနက် အာဆီယံနိုင်ငံများသို့ စက်ပစ္စည်းကိရိယာ၊ ကားအပိုပစ္စည်းများ တင်ပို့မှုသည် ယမန်နှစ်ကာလတူထက် ၅၆.၁ ရာခိုင်နှုန်းနှင့် ၂၂ ရာခိုင်နှုန်း သီးခြားစီ မြင့်တက်ခဲ့သည်။ အာဆီယံနိုင်ငံများမှ ကွန်ပျူတာအပိုပစ္စည်း၊ ပုံနှိပ်ထားသောဆားကစ်ပြားများ တင်သွင်းမှုသည် ၄၇.၄ ရာခိုင်နှုန်းနှင့် ၂၂.၂ ရာခိုင်နှုန်းစီ တိုးတက်လာခဲ့သည်။
တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) ပြောခွင့်ရပုဂ္ဂိုလ်၊ စာရင်းအင်းစိစစ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် လွီတာ့လျန်က တရုတ်နိုင်ငံနှင့် အာဆီယံသည် ပထဝီတည်နေရာချင်း နီးကပ်ပြီး လူမှုယဉ်ကျေးမှုချင်းတူညီကာ ဒေသတွင်းစီးပွားရေး တစ်သားတည်းဖြစ်ရေး ဖွံ့ဖြိုးတိုးတက်မှုအား အတူတကွ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်ပြီး တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်မှုဇုန် ၃.၀ ဗားရှင်း ဆွေးနွေးညှိနှိုင်းမှု ဘက်စုံလုပ်ဆောင်ပြီးစီးသည်နှင့်အမျှ နှစ်ဖက် ပူးပေါင်းဆောင်ရွက်သည့်ကဏ္ဍများလည်း တစ်ဆင့်တိုး တိုးချဲ့ကာ ဒေသတွင်း ကုန်ထုတ်လုပ်မှုနှင့် ထောက်ပံ့ရေးကွင်းဆက် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုကိုလည်း တစ်ဆင့်တိုး တွန်းအားပေး ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
—————————————————-
(Chinese Version)
连续8年第一!东盟果蔬飘香中国
新华社北京9月16日电(记者邹多为)海关总署16日发布数据显示,我国与东盟已连续5年互为第一大贸易伙伴,东盟连续8年为我国农产品第一大贸易伙伴。
据海关统计,从2004年首届中国—东盟博览会举办时的8700多亿元,到2024年的近7万亿元,21年来,我国与东盟贸易额增长了7倍,从2016年起连续9年保持增长。今年前8个月,我国对东盟进出口4.93万亿元,同比增长9.7%,规模创历史同期新高,占同期我国进出口总值的16.7%。
农业合作持续深化,助力双方农产品贸易互补性优势加速释放。今年前8个月,我国对东盟进出口农产品2906亿元,同比增长9.7%,占我国农产品进出口总值的20.1%,东盟继续为我国干鲜瓜果、食用油、木薯及木薯淀粉等农产品的第一大进口来源地。同期,我国对东盟出口羽毛羽绒、动物饲料等特色农产品增速均达到两位数。
制造业合作日益紧密,带动相关产品进出口快速增长。今年前8个月,我国对东盟进出口制造业产品占比超过九成,其中对东盟出口机床、汽车零配件同比分别增长56.1%、22%,自东盟进口电脑零部件、印刷电路分别增长47.4%、22.2%。
海关总署新闻发言人、统计分析司司长吕大良表示,中国与东盟地缘相近、人文相通,共同致力于区域经济一体化发展。接下来,随着中国—东盟自贸区3.0版谈判全面完成,双方合作领域将进一步拓展、区域产供链深度融合将进一步推进。(完)
1、2024年9月28日,观众在中国—东盟博览会上挑选马来西亚榴莲。新华社记者 周华 摄
2、2024年9月28日,观众在中国—东盟博览会越南商品馆购买越南饼干。新华社记者 周华 摄