Connect with us

China

တရုတ်နိုင်ငံတွင် ၂၀၂၅ ခုနှစ်နွေရာသီအတွင်း ပြတိုက်သို့ လာရောက်ကြည့်ရှုသူ စံချိန်တင်

တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်းမြို့၊ အမျိုးသားရေကြောင်းပြတိုက်ရှိ "မြစ်ကြောင်းယဥ်ကျေးမှု" ပြပွဲသို့ လာရောက်ကြည့်ရှုနေသူများအား ၂၀၂၄ ခုနှစ်၊ မတ် ၂၂ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် ဇူလိုင်နှင့် သြဂုတ် နှစ်လတာ နွေရာသီကာလအတွင်း တရုတ်နိုင်ငံရှိ ပြတိုက်များသို့ လာရောက်ကြည့်ရှုသူ ၃၀၄ သန်းကျော်ရှိခဲ့ပြီး စံချိန်သစ်တင်ခဲ့ကြောင်း တရုတ်နိုင်ငံ၏ အမျိုးသားယဥ်ကျေးမှု အမွေအနှစ်စီမံခန့်ခွဲရေးဌာန၏ စက်တင်ဘာ ၁၇ ရက် ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါပမာဏသည် ၂၀၂၄ ခုနှစ် အလားတူကာလအတွင်း ပြတိုက်များသို့ လာရောက်သူအရေအတွက်ထက် ၇.၉၆ သန်းကျော် ပိုမိုများပြားခဲ့ပြီး ၂.၆ ရာခိုင်နှုန်းကျော် တိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ်က နှစ်လတာကာလအတွင်း ပြတိုက်သို့ လာရောက် ရောက်ကြည့်ရှုသူ ၂၆.၃၅ သန်းကျော်ဖြင့် အများဆုံးစံချိန်တင်ခဲ့ပြီး ယင်းနောက်တွင် တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ်က ၂၄.၈၃ သန်း၊ နိုင်ငံ၏မြို့တော် ပေကျင်းက ၁၉.၉၃ သန်းဖြင့် ပြတိုက် သို့ လာရောက်ကြည့်ရှုသူအများဆုံး ဒေသများအဖြစ် အသီးသီးစံချိန်တင်ခဲ့ကြောင်း သိရသည်။ (Xinhua)
………………………
(English Version)
China reports record number of museum visits over 2025 summer
BEIJING, Sept. 17 (Xinhua) — Chinese museums received a total of 304 million visits in July and August this year — a record high for the two summer months in the country, according to the National Cultural Heritage Administration on Wednesday.
The figure was a 7.96 million increase over the same period of 2024, marking a 2.6 percent growth.
East China’s Jiangsu Province recorded the most museum visits over the two months with 26.35 million, followed by the eastern Shandong Province and the capital Beijing, which recorded 24.83 million and 19.93 million museum visits, respectively. ■
Photo:
People visit an exhibition on “river civilizations” at the National Maritime Museum of China in north China’s Tianjin Municipality, March 22, 2024. (Xinhua/Sun Fanyue)