Connect with us

China

တရုတ်-အာဆီယံ ဉာဏ်ရည်တု (AI) အသုံးချမှု ပူးပေါင်းဆောင်ရွက်ရေးစင်တာ စတင် တည်ဆောက်

တရုတ်နှင့် အာဆီယံ ၁၀ နိုင်ငံမှ ကိုယ်စားလှယ်များ အတူတကွ တရုတ်-အာဆီယံ ရာသီဥတု AI မော်ဒယ် အသုံးချမှု ပူးတွဲ တီထွင်ဆန်းသစ်ရေး လှုပ်ရှားမှု စတင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်၊ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့အစိုးရတို့ ပူးတွဲ ကြီးမှူးကျင်းပသော တရုတ်-အာဆီယံ ဉာဏ်ရည်တု (AI) ကဏ္ဍ ဝန်ကြီးများစကားဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၁၈ ရက်က ကွမ်ရှီးဒေသ နန်းနင်မြို့တွင် ကျင်းပခဲ့ပြီး တရုတ်-အာဆီယံ AI အသုံးချမှု ပူးပေါင်းဆောင်ရွက်ရေးစင်တာ စတင် တည်ဆောက်ကြောင်း ကြေညာခဲ့သည်။
ယခုနှစ် စက်တင်ဘာလတွင် ကျင်းပသည့် “ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ SCO plus” အစည်းအဝေးဆိုင်ရာ စိတ်ဓာတ်များအား လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် တရုတ်-အာဆီယံ AI အသုံးချမှု ပူးပေါင်းဆောင်ရွက်ရေးစင်တာ စတင် တည်ဆောက်ခဲ့ကြောင်း၊ အဆိုပါ အသုံးချမှု ပူးပေါင်းဆောင်ရွက်ရေးစင်တာသည် AI နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အုတ်မြစ်ခိုင်မာစေရန်၊ တံခါးဖွင့် အရင်းအမြစ်၊ တံခါးဖွင့် ဝန်ဆောင်မှုများ ပေးအပ်ရန်၊ စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ချိတ်ဆက်မှု အားဖြည့်ရန်၊ လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ရေး မြှင့်တင်ရန်စသည့် ကဏ္ဍများတွင် အသေးစိတ် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ပြီး လက်တွေ့ပူးပေါင်းဆောင်ရွက်ဖြင့် စီမံကိန်းများ အကောင်အထည်ဖော်ရေးကို တွန်းအားပေးကာ AI နည်းပညာအား အများအကျိုးပြု အသုံးချရန် အတူတကွမြှင့်တင်သွားမည်ဖြစ်ကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် တာဝန်ရှိသူတစ်ဦးက မိတ်ဆက်ပြောကြားခဲ့သည်။
ထို့အပြင် စကားဝိုင်းဆွေးနွေးပွဲတွင် တရုတ်-အာဆီယံ “AI+” လှုပ်ရှားမှု ဆောင်ရွက်ရန်နှင့် တရုတ်-အာဆီယံ AI ကဏ္ဍ ဝန်ကြီးများ ပူးပေါင်းဆောင်ရွက်ရေးယန္တရား အတူတကွ တည်ဆောက်ရန် အဆိုပြုခဲ့ပြီး အရေးပါသည့် ပူးပေါင်းဆောင်ရွက်မှု အသီးအပွင့်များကို ထုတ်ပြန်ခဲ့သည်။ အဆိုပါအစည်းအဝေးသည် တရုတ်-အာဆီယံ AI ဝန်ကြီးအဆင့် ဆွေးနွေးဖလှယ်ရေး ပလက်ဖောင်း ထူထောင်ရန်၊ တရုတ်နှင့် အာဆီယံနိုင်ငံများကြား AI ဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှု စီမံခန့်ခွဲရေး နက်ရှိုင်းစေရန်၊ AI ဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးအမြတ်များကို အတူတကွမျှဝေရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………………..
(Chinese Version)
中国—东盟国家人工智能应用合作中心启动建设
新华社南宁9月18日电(记者魏弘毅、农冠斌)国家发展改革委、广西壮族自治区人民政府联合主办的2025中国—东盟人工智能部长圆桌会议9月18日在广西南宁召开,会议宣布启动建设中国—东盟国家人工智能应用合作中心。
国家发展改革委相关负责人介绍,为贯彻落实今年9月“上海合作组织+”会议相关精神,中国—东盟国家人工智能应用合作中心启动建设。该应用合作中心围绕夯实人工智能发展基础、提供开源开放服务、加强产业合作对接、促进人才培育等方面开展具体合作,推动务实合作项目落地,共促人工智能技术普惠应用。
此外,圆桌会议提出开展中国—东盟“人工智能+”行动,还提出共建中国—东盟人工智能部长合作机制,并发布了一批重要合作成果。据了解,会议旨在搭建中国—东盟人工智能部长级对话交流平台,推动中国同东盟国家深化人工智能发展和治理务实合作,共享人工智能发展红利。(完)
图说:中国和东盟十国代表共同启动中国—东盟气象AI模型应用联合创新行动。新华社记者 杨驰 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.