International Organizations
မာဆေးဆိုက်ဒါဘီတွင် လီဗာပူးလ်က အဲဗာတန်ကို အနိုင်ယူကာ ရလဒ်ကောင်းများကို ဆက်တိုက်ရယူနိုင်ခဲ့

လန်ဒန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)
စက်တင်ဘာ ၂၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပြိုင်ပွဲ မာဆေးဆိုက်ဒါဘီပွဲစဉ်တွင် လီဗာပူးလ်အသင်းက အဲဗာတန်အသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ယူကာ ငါးပွဲဆက် အနိုင်ရလဒ်ကို ရယူနိုင်ခဲ့ပြီး ရာသီအစပိုင်း ရလဒ်ကောင်းများကို ဆက်လက်ထိန်းထားနိုင်ခဲ့သည်။
နည်းပြ အာနယ်ဆလော့၏ အသင်းမှာ ပွဲကိုစောစောစီးစီး ထိန်းချုပ်ထားနိုင်ခဲ့ပြီး ပွဲချိန် ၁၀ မိနစ်တွင် ဂရာဗင်ဘာ့ချ်က မိုဟာမက် ဆာလာ၏ ပေးပို့မှုမှတစ်ဆင့် အဖွင့်ဂိုးသွင်းယူခဲ့သည်။ ထို့နောက် ပထမပိုင်းပွဲချိန် မိနစ် ၃၀ မပြည့်မီတွင် အဆိုပါ နယ်သာလန်ကွင်းလယ်ကစားသမားကပင် လီဗာပူးလ်အသင်း၏ ဒုတိယအနိုင်ဂိုးကို ဖန်တီးပေးခဲ့ကာ တိုက်စစ်မှူး ဟူဂို အီကီတီကီက အဲဗာတန်ဂိုးသမား ဂျော်ဒန် ပစ်ဖို့ဒ်ကိုကျော်၍ တိကျသေသပ်သော အနိမ့်ကန်ချက်ဖြင့် ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။
နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် ပေါင် ၂၄၁ သန်း အသုံးပြုကာ ခေါ်ယူခဲ့သော ကစားသမားသစ်များဖြစ်သည့် ဖလော်ရီယန်ဗက်ဇ်နှင့် အလက်ဇန်းဒါး အီဆက်ခ်တို့မှာမူ ပွဲချိန်ဒုတိယပိုင်းအထိ အရန်ခုံ၌သာ ရှိနေခဲ့ခြင်းက လီဗာပူးလ်အသင်း၏ လူအင်အားတောင့်တင်းမှုကို ပြသလျက်ရှိသည်။
အဲဗာတန်က လီဗာပူးလ်အား အကြိတ်အနယ် တုံ့ပြန်ကစားလာခဲ့ရာ ပွဲချိန် ၅၈ မိနစ်တွင် ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့သည်။ ဂျက်ခ် ဂရီးလစ်ရှ်၏ ဖြတ်တင်ဘောပေးပို့မှုမှာ အဝေးတိုင်အနီးရှိ အီလီမန် အင်ဒီယာရီထံ ရောက်ရှိသွားရာ ၎င်း၏ထပ်ဆင့်ပေးပို့မှုအား အီဒရစ်ဆာ ဂူယီက လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန်ကိုကျော်၍ အပြင်းကန်သွင်းခဲ့ခြင်းဖြစ်သည်။ (Xinhua)

ဗြိတိန်နိုင်ငံ လီဗာပူးလ်မြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၀ ရက်က လီဗာပူးလ်အသင်းနှင့် အဲဗာတန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလန်ပရီးမီးယားလိဂ်ပြိုင်ပွဲ မာဆေးဆိုက်ဒါဘီပွဲစဉ်၌ လီဗာပူးလ်ကစားသမား မိုဟာမက် ဆာလာ (ဝဲ) ယှဉ်ပြိုင်ကစားနေစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လီဗာပူးလ်မြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၀ ရက်က လီဗာပူးလ်အသင်းနှင့် အဲဗာတန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလန်ပရီးမီးယားလိဂ်ပြိုင်ပွဲ မာဆေးဆိုက်ဒါဘီပွဲစဉ်၌ လီဗာပူးလ်ကစားသမား ဟူဂို အီကီတီကီ (ယာ-ဒုတိယ) ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)
……………….
(English Version)
Liverpool extends perfect start with derby win over Everton
LONDON, Sept. 20 (Xinhua) — Liverpool maintained its flawless start to the club’s Premier League title defense with a fifth straight win, overcoming Everton 2-1 in the Merseyside derby at Anfield on Saturday.
Arne Slot’s side seized control early, as Ryan Gravenberch lifted Mohamed Salah’s pass into the net after just 10 minutes. The Dutch midfielder then turned provider before the half-hour mark, slipping in Hugo Ekitike to beat Jordan Pickford with a precise low strike.
Liverpool’s depth was underlined by the fact that 241 million-pound summer recruits Florian Wirtz and Alexander Isak remained on the bench until the second half.
Everton grew into the contest and struck back after 58 minutes. Jack Grealish’s cross reached Iliman Ndiaye at the far post, who teed up Idrissa Gueye to smash home a powerful rising effort past Alisson. ■
English Caption 1
Everton’s Idrissa Gueye (1st R) scores his side’s first goal during the English Premier League match between Liverpool FC and Everton FC in Liverpool, Britain, on Sept. 20, 2025.
English Caption 2
Liverpool’s Mohamed Salah (L) vies for the ball during the English Premier League match between Liverpool FC and Everton FC in Liverpool, Britain, on Sept. 20, 2025.
English Caption 3
Liverpool’s Hugo Ekitike (2nd R) celebrates after scoring his side’s second goal during the English Premier League match between Liverpool FC and Everton FC in Liverpool, Britain, on Sept. 20, 2025.