Connect with us

China

တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ ဧည့်သည်တော်များက တရုတ်နိုင်ငံ သွန်းဟွမ်မြို့၌ ချိန်းဆို၍ ယဉ်ကျေးမှု အပြန်အလှန်လေ့လာသင်ယူမှုအကြောင်း အတူဆွေးနွေး

တရုတ်နိုင်ငံ ကန်းစုပြည်နယ် သွန်းဟွမ်မြို့၌ ကျင်းပသည့် ၈ ကြိမ်မြောက် ပိုးလမ်းမ (သွန်းဟွမ်) နိုင်ငံတကာယဉ်ကျေးမှုပြပွဲ အပြင်မြင်ကွင်းကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ကျိုး၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)
၈ ကြိမ်မြောက် ပိုးလမ်းမ (သွန်းဟွမ်) နိုင်ငံတကာယဉ်ကျေးမှုပြပွဲကို စက်တင်ဘာ ၂၁ ရက်တွင် တရုတ်နိုင်ငံ ကန်းစုပြည်နယ် သွန်းဟွမ်မြို့၌ စတင်ဖွင့်လှစ်ပြသခဲ့သည်။
နိုင်ငံပေါင်း ၉၇ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၈ ခုမှ တရုတ်ပြည်တွင်းပြည်ပ ဧည့်သည်တော်ပေါင်း တစ်ထောင်ကျော်က “ယဉ်ကျေးမှုဖလှယ်မှု မြှင့်တင်၍ ယဉ်ကျေးမှု အပြန်အလှန် လေ့လာသင်ယူမှုအား တိုးမြှင့်ခြင်း” အကြောင်းအရာနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ရာ လူမှုယဉ်ကျေးမှု အပြန်အလှန်ပေါင်းစပ်ချိတ်ဆက်မှုနှင့် အပြန်အလှန် လေ့လာသင်ယူမှုအား အဆက်မပြတ် နက်ရှိုင်းစေခဲ့ပြီး မတူညီသော ယဉ်ကျေးမှုများ သဟဇာတရှိစွာ အတူယှဉ်တွဲနေထိုင်မှုကို တွန်းအားပေးခဲ့သည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၂,၀၀၀ ကျော်က ရှေးဟောင်းပိုးလမ်းမကြီးသည် အရှေ့တိုင်းနှင့် အနောက်တိုင်း ချစ်ကြည်ရင်းနှီးစွာ သွားလာဆက်ဆံသော၊ ယဉ်ကျေးမှုဖလှယ်သော ပေါင်းကူးတံတား တည်ဆောက်ခဲ့ရာ အမျိုးစုံလင်သော ယဉ်ကျေးမှုများသည် “ပိုးလမ်းမ၏ အဓိကနေရာ” သွန်းဟွမ်၌ စုစည်းပေါင်းစပ်ခဲ့သည်။
ယခုအကြိမ် သွန်းဟွမ်ယဉ်ကျေးမှုပြပွဲတွင် ယဉ်ကျေးမှုပြခန်း၊ ယဉ်ကျေးမှု အနုပညာ ဖျော်ဖြေတင်ဆက်မှု၊ သုတေသန လေ့လာဖလှယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်မှု စသည့် လှုပ်ရှားမှုများ ကျင်းပသွားမည်ဖြစ်ရာ ယဉ်ကျေးမှု၏ ရှင်သန်တက်ကြွမှုစွမ်းအားကို ဖော်ပြနေသည်သာမက နိုင်ငံအသီးသီးမှ ဧည့်သည်တော်များ နက်ရှိုင်းစွာ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်ရန်အတွက်လည်း ကောင်းမွန်သော ပလက်ဖောင်း တည်ဆောက်ပေးခြင်း ပို၍ပင်ဖြစ်ပေသည်။
သွန်းဟွမ် ယဉ်ကျေးမှုပြပွဲသည် တရုတ်နိုင်ငံ၏ “ရပ်ဝန်းနှင့် ပိုးလမ်းမ” ယဉ်ကျေးမှုကူးလူးဖလှယ်မှု အကြောင်းအရာဖြင့် ကျင်းပသည့် အထွေထွေ နိုင်ငံတကာပြပွဲဖြစ်ပြီး ယဉ်ကျေးမှုပေါင်းစပ်မှု၊ အတွေးအခေါ် စုစည်းမှု၊ သံယောဇဉ်ခံစားချက် ပေါင်းစည်းမှုတို့အား တွန်းအားပေးရာတွင် တက်ကြွသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ၂၀၁၆ ခုနှစ်မှစ၍ သွန်းဟွမ် ယဉ်ကျေးမှုပြပွဲသည် ၇ ကြိမ်ကျင်းပခဲ့ပြီးဖြစ်ရာ ပြပွဲ၊ ဖျော်ဖြေတင်ဆက်မှု စသည့် ယဉ်ကျေးမှုဖလှယ်မှု လှုပ်ရှားမှုများစွာ ကျင်းပခဲ့ပြီး နိုင်ငံနှင့် ဒေသပေါင်း ၁၂၀ ကျော်မှ ဧည့်သည်တော် တစ်သောင်းနီးပါး ပါဝင်တက်ရောက်ရန် ဆွဲဆောင်နိုင်ခဲ့သည်။
တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ ဧည့်သည်တော်များက ယခုအကြိမ် သွန်းဟွမ် ယဉ်ကျေးမှုပြပွဲသည် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အစီအမံ (GSI) အား လက်တွေ့ဖော်ဆောင်၍ နက်ရှိုင်းစွာ ယဉ်ကျေးမှု ကူးလူးဖလှယ်၍ အပြန်အလှန်လေ့လာသင်ယူကာ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတကွ တည်ဆောက်ရေးအတွက် သာယာလှပသော အနာဂတ်အား အတူတကွ မျှော်မှန်းကြရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ကြသည်။ (Xinhua)

တရုတ်နိုင်ငံ ကန်းစုပြည်နယ် သွန်းဟွမ်မြို့၌ ကျင်းပသည့် ၈ ကြိမ်မြောက် ပိုးလမ်းမ (သွန်းဟွမ်) နိုင်ငံတကာယဉ်ကျေးမှုပြပွဲတွင် ကန်းစု ယဉ်ကျေးမှုခရီးသွားလာရေး ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ဖန်တီးတီထွင်မှုထုတ်ကုန်ပြပွဲကို လေ့လာကြည့်ရှုနေသူများကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
中外嘉宾相约敦煌共话文明互鉴
新华社兰州9月21日电(记者梁军、崔翰超)第八届丝绸之路(敦煌)国际文化博览会21日在甘肃省敦煌市开幕,来自97个国家和8个国际组织的千余名中外嘉宾围绕“加强文化交流,促进文明互鉴”主题开展对话,持续深化人文互融互通、互学互鉴,推动不同文明和谐相处。
2000多年前,古丝绸之路架起了东西方友好往来、文明交流的桥梁,多元文明在“丝路咽喉”敦煌汇聚交融。
本届敦煌文博会举办文化展览、文艺演出、研学交流、招商引资等一系列活动,不仅展现文化的蓬勃活力,更为各国嘉宾深化交流合作搭建良好平台。
敦煌文博会作为我国以“一带一路”文化交流为主题的综合性国际博览会,在推动文化融合、思想融汇、感情融通方面发挥了积极作用。自2016年以来,敦煌文博会已成功举办7届,开展了展览、演出等一系列文化交流活动,吸引了来自120多个国家和地区的近万名嘉宾参会。
中外嘉宾表示,希望本届敦煌文博会践行全球文明倡议,深化文明交流互鉴,共同展望高质量共建“一带一路”的美好愿景。(完)
1、这是9月21日拍摄的第八届丝绸之路(敦煌)国际文化博览会场馆外景。新华社记者 郎兵兵 摄
2、9月21日,与会嘉宾在第八届丝绸之路(敦煌)国际文化博览会上参观甘肃文旅非遗文创展。新华社记者 郎兵兵 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.