Connect with us

Media

ဉာဏပစ္စည်းမူပိုင်ခွင့် (IP) အသစ်၊ နည်းပညာအသစ်များ ပြသသည့် တီထွင်မှုဆိုင်ရာ ယူနန် ယဉ်ကျေးမှု လုပ်ငန်းပြပွဲ (၂၀၂၅ ခုနှစ်) ဖွင့်လှစ်ကျင်းပ

ကူမင်း၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် တီထွင်မှုဆိုင်ရာ ယူနန် ယဉ်ကျေးမှု လုပ်ငန်းပြပွဲ (Creative Yunnan Cultural Industries Expo 2025) ကို စက်တင်ဘာ ၁၇ ရက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ တျန်းချီ နိုင်ငံတကာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ၌ ဖွင့်လှစ်ကျင်းပခဲ့သည်။ ယခုအကြိမ် ပြပွဲသည် “ဉာဏ်ပညာစုစည်းမှုရှိသော ယူနန်၊ တီထွင်မှုရှိသော အနာဂတ်” ဟူသော ခေါင်းစဉ်ဖြင့် အထွေထွေပြခန်း၊ အထူး ပြခန်းနှင့် ကူမင်းမြို့ဆိုင်ရာ အထူးပြခန်းတို့ဖြင့် စီစဉ်ထားကာ အခမ်းအနား ၉ မျိုး ကျင်းပသွားမည်ဖြစ်သည်။
တီထွင်မှုဆိုင်ရာ ယူနန် ယဉ်ကျေးမှု လုပ်ငန်းပြပွဲသည် ၁၀ ကြိမ်မြောက် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ယူနန်၏ ယဉ်ကျေးမှုဆိုင်ရာ တီထွင်မှု ထုတ်ကုန် အောင်မြင်မှုများနှင့် ယဉ်ကျေးမှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ရလဒ်များကို စုစည်းပြသသည့် အရေးပါသော ပလက်ဖောင်းတစ်ခုဖြစ်ရာ ယခုအကြိမ်ပြပွဲကို စက်တင်ဘာ ၂၁ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။ (Xinhua)
…………………….
(Chinese Version)
看“新IP”玩“新技术” 创意云南文化产业博览会(2025)开幕
9月17日,创意云南文化产业博览会(2025)在云南昆明滇池国际会展中心开幕。本届文博会以“智汇云南 创意未来”为主题,设置综合馆、特色馆、昆明专题馆,将开展9大系列活动。
创意云南文化产业博览会已举办十届,是集中展示云南文创产品成果与文化产业发展成效的重要平台,本届文博会将持续至9月21日。