Asia
တရုတ်-အာဆီယံ ကုန်စည်ပြပွဲက အစိမ်းရောင်ငွေကြေး၊ ဒစ်ဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ပေးဟု ထိုင်းဘဏ်လုပ်ငန်းရှင် ပြော

ဘန်ကောက်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)
၂၂ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသည် အာဆီယံ စီးပွားရေးလုပ်ငန်းများအတွက် တရုတ်နိုင်ငံ၏ အဆင့်မြင့် ဉာဏ်ရည်တုနည်းပညာ (AI) နှင့် အစိမ်းရောင်နည်းပညာ လက်တွေ့လုပ်ငန်းကို လေ့လာရန် ပလက်ဖောင်းတစ်ခုအဖြစ် ဆောင်ရွက်ပေးလျက်ရှိကာ တရုတ် AI နည်းပညာများကို ထိုင်းကုမ္ပဏီများ လက်ခံအသုံးပြုနိုင်ရန် စိတ်ကူးစိတ်သန်းရရှိစေကြောင်း၊ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံကြား အစိမ်းရောင်ငွေကြေးကဏ္ဍနှင့် ဒစ်ဂျစ်တယ်စီးပွားရေး ကဏ္ဍများတွင်လည်း ထပ်မံပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားလျက်ရှိကြောင်း ထိုင်း ဘဏ်လုပ်ငန်းရှင်းတစ်ဦးက ပြောကြားခဲ့သည်။
“ယခုနှစ် ကုန်စည်ပြပွဲက AI တိုးတက်မှုကို မျှဝေပေးတာတင်မကဘဲ စီးပွားရေးလုပ်ငန်းသစ် ဖန်တီးဖို့ စိတ်ကူးတွေကိုလည်း ရရှိစေပါတယ်” ဟု Thai bank Kasikornbank ၏ အမှုဆောင် ဒုတိယဥက္ကဋ္ဌ Suwat Techawatanawana က ဆင်ဟွာနှင့် မကြာသေးမီက တွေ့ဆုံမေးမြန်းမှု၌ ပြောကြားခဲ့သည်။
Suwat ၏ အမြင်အရ တရုတ်နိုင်ငံသည် AI နယ်ပယ်တွင် သိသိသာသာကြိုးပမ်းအားထုတ်မှုများ စွမ်းဆောင်နိုင်ခဲ့သည်မှာ ကုန်စည်ပြပွဲတွင် ခင်းကျင်းပြသထားသည့် စက်ရုပ်များနှင့် AI ကိရိယာများ ဦးဆောင်နေရာမှ ပါဝင်နေခြင်းက သက်သေပင်ဖြစ်သည်။ ထိုနည်းပညာများက စီးပွားရေး ထိရောက်စွမ်းဆောင်မှုနှင့် ကုန်ကျစရိတ်သက်သာမှုကိုလည်း မြှင့်တင်ပေးသည်။ ထိုင်းနိုင်ငံကလည်း AI အသုံးပြုမှုများကို သိသိသာသာ စိတ်အားထက်သန်လျက်ရှိသည်ဟု ဆိုသည်။
ထိုင်းနိုင်ငံအနေဖြင့် ယခုနှစ် ကုန်စည်ပြပွဲရှိ “City of Charm” ဇုန်ရှိ အနောက်ပိုင်းပြည်နယ် ၈ ခုကို အလေးထားပြသထားပြီး ဒေသန္တရဖွံ့ဖြိုးတိုးတက်မှုအလားအလာနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို လာရောက်လေ့လာရန် တရုတ်ခရီးသွားဧည့်သည်များနှင့် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကို ဖိတ်ခေါ်ထားကြောင်း အဆိုပါ ဘဏ်လုပ်ငန်းရှင်က ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ကုန်စည်ပြပွဲ၏ လူသုံးကုန် ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပြခန်းဧရိယာများက စီးပွားရေးလုပ်ငန်းများအတွက် ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုများနှင့် စီးပွားရေးကူးလူးဆက်ဆံမှုများ တိုးတက်စေရန် စီးပွားရေးလုပ်ငန်းများအတွက် အဖိုးထိုက်တန်သော မှတ်ချက်ပြုမှုများကိုလည်း ပံ့ပိုးပေးမည်ဖြစ်သည်။
ထို့ပြင် မကြာမီ အဆင့်မြှင့်တင်ထားသော တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်မှုဧရိယာ (CAFTA) ၃.၀ ဗားရှင်းအရ စားသောက်ကုန်၊ လယ်ယာထွက်ကုန်များ၊ ခရီးသွားလုပ်ငန်း၊ ထောက်ပံ့သယ်ပို့လုပ်ငန်းများနှင့် ဒစ်ဂျစ်တယ် e-commerce စသည့်လုပ်ငန်းများက ပထမဆုံး အကျိုးကျေးဇူးရရှိမည့်လုပ်ငန်းများ ဖြစ်သည်ဟု Suwat က ယုံကြည်ထားသည်။
“CAFTA ၃.၀ ဗားရှင်းက ပါဝင်တဲ့နိုင်ငံတွေမှာရှိတဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေအကြား ဒစ်ဂျစ်တယ်စီးပွားရေး၊ e-commerce ၊ အစိမ်းရောင်စီးပွားရေးနဲ့ စဉ်ဆက်မပြတ်ဖြစ်မှုကို အခြေခံ ပံ့ပိုးပေးတဲ့ ကွန်ရက်ချိတ်ဆက်မှု စတာတွေအတွက်လည်း အားကောင်းတဲ့ စမှတ်သစ်အဖြစ်လည်း ဆောင်ရွက်ပေးမှာဖြစ်ပါတယ်” ဟု Suwat က ဆိုသည်။
စွမ်းအင်သစ်မော်တော်ယာဉ်များနှင့် ဆိုလာပြားများ၌ တရုတ်နိုင်ငံ၏ အဆင့်မြင့်တက်လာမှုများကိုလည်း အသိအမှတ်ပြုမှု သိသိသာသာ ရရှိခြင်းဖြင့် Kasikornbank ဘဏ်အနေဖြင့် ၎င်း၏ စီးပွားဖက်များကို နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုပေးရန် အသင့်ရှိပြီး တရုတ်စီးပွားရေးလုပ်ငန်းများနှင့် ဖက်စပ်လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် မျှော်လင့်ကြောင်း ဘဏ်လုပ်ငန်းရှင် Suwat က ပြောကြားခဲ့သည်။
Kasikornbank အနေဖြင့် အစိမ်းရောင်ငွေကြေးကဏ္ဍအတွက် ချေးငွေများနှင့် အစိမ်းရောင် ငွေချေးစာချုပ်များ ဆက်လက်ထုတ်ပေးနိုင်ရေး ဘတ်ငွေ ဘီလီယံ ၂၀၀ ထုတ်ပေးရန် စီစဉ်ထားကြောင်း Suwat က ဖြည့်စွက်ပြောကြားခဲ့သည်။ ဒစ်ဂျစ်တယ်စီးပွားရေးတွင်လည်း ငွေပေးချေမှုပလက်ဖောင်းတစ်ခု လည်ပတ်လျက်ရှိကာ စီးပွားရေးလုပ်ငန်းများကို ချိတ်ဆက်ပေးပြီး နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုများ၏ လိုအပ်ချက်ကို အသိအမှတ်ပြုလိုကခြင်းဖြစ်ကြောင်း သိရသည်။
“ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ချိတ်ဆက်ဆောင်ရွက်ခြင်းအားဖြင့် ကျွန်တော်တို့က ခေါင်းဆောင်၊ ထောက်ပံ့ပေးသူနဲ့ စီးပွားရေးချိတ်ဆက်ပေးသူအဖြစ် ဆောင်ရွက်နိုင်ပြီး မဝေးတော့တဲ့အနာဂတ်မှာ တိုးတက်မှုတွေကို အဆင်ပြေလွယ်ကူစေမှာ ဖြစ်ပါတယ်” ဟု Suwat က ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/6Xt

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် ၂၂ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲအတွင်း လျိုကျိုးမြို့ရှိ စွမ်းအင်သစ်သုံးမော်တော်ယာဉ်ပြခန်းကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့တွင် ၂၂ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲအတွင်း လျိုကျိုးမြို့ရှိ လျှပ်စစ်ကားတစ်စီးကို လေ့လာနေသူများအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့ရှိ နန်နင်း နိုင်ငံတကာကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ၌ အတားအဆီးများအား ဖြတ်ကျော်နိုင်စွမ်း သရုပ်ပြနေသော စက်ရုပ်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………………..
(English Version)
China-ASEAN Expo fuels cooperation in green finance, digital economy, says Thai banker
BANGKOK, Sept. 22 (Xinhua) — The 22nd China-ASEAN Expo serves as a platform for ASEAN businesses to experience China’s advanced Artificial Intelligence (AI) and green technologies firsthand, inspiring Thai companies to adopt Chinese AI technologies, a Thai banker has said, eyeing further cooperation between Thailand and China in green finance and digital economy.
“This year’s expo not only shares AI progress, but also sparks imagination for creating new businesses,” Suwat Techawatanawana, executive vice president of leading Thai bank Kasikornbank, said in a recent interview with Xinhua.
In Suwat’s view, China has made significant strides in the AI field, evident from its leading position in robotics and AI tools showcased at the expo. These technologies can improve business efficiency and cut costs. Thailand is also increasingly keen on AI applications.
The banker noticed that Thailand is highlighting its eight western provinces in the “City of Charm” zone at this year’s expo, inviting Chinese tourists and business professionals to explore the local development potential and investment opportunities. At the same time, the expo’s exhibition areas for commodity trade, trade in services and investment cooperation will provide valuable feedback for businesses to develop their operations and economic exchanges.
Suwat believes that under the upcoming upgrade of the China-ASEAN Free Trade Area (CAFTA) to version 3.0, industries such as food, agricultural products, tourism, logistics, and digital e-commerce will be among the first to benefit.
“The CAFTA 3.0 will serve as a strong starting point for developing the digital economy, e-commerce, the green economy and sustainability, ultimately fostering connectivity among small and medium-sized enterprises across participating countries,” Suwat said.
According to the banker, with China’s advancements in new energy vehicles and solar panels gaining increasing recognition, Kasikornbank stands ready to provide technical support to its clients and looks forward to enhancing joint ventures and cooperation with Chinese enterprises.
Suwat added that Kasikornbank plans to issue 200 billion baht (about 6.28 billion U.S. dollars) in loans for green finance and to continue issuing green bonds. In the digital economy, Kasikornbank operates a payment platform that connects businesses and recognizes the necessity of cross-border payments.
“By connecting people and businesses, we can act as a leader, supporter, and business matcher, facilitating progress in the near future,” Suwat said. xhtxs.cn/6Xt
Photo 1: A humanoid robot performs boxing with a visitor at the Nanning International Convention and Exhibition Center in Nanning, capital of south China’s Guangxi Zhuang Autonomous Region, Sept. 19, 2025. (Xinhua/Zhou Tinglu)
Photo 2: This photo taken on Sept. 20, 2025 shows a booth displaying new energy vehicle produced in Liuzhou during the 22nd China-ASEAN Expo in Nanning, south China’s Guangxi Zhuang Autonomous Region. (Xinhua/Hu Qiusi)
Photo 3: People view an electric vehicle produced in Liuzhou during the 22nd China-ASEAN Expo in Nanning, south China’s Guangxi Zhuang Autonomous Region, Sept. 20, 2025. (Xinhua/Zhou Tinglu)
Photo 4: A robot demonstrates a skill to avoid obstacles at the Nanning International Convention and Exhibition Center in Nanning, capital of south China’s Guangxi Zhuang Autonomous Region, Sept. 19, 2025. (Xinhua/Zhang Ailin)