Connect with us

Africa & Middle East

ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံ တွင် အီဘိုလာ ရောဂါ ကူးစက် ခံရသည့် လူပေါင်း တစ်ရာကျော် အထိ ရောက်ရှိလာ

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ညွှန်ကြားရေးမှူးချုပ် Dr Tedros က ကွန်ဂို (DRC) နိုင်ငံ တွင် ဖြစ်ပွား သည့် အီဘိုလာ ရောဂါ အခြေအနေ နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ နေစဉ်(ဆင်ဟွာ)

ဘရာဇဗီလီ ၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန က နိုင်ငံ အတွင်း အီဘိုလာ ရောဂါ ကူးစက် ပြန့်ပွားမှု ထပ်မံ ဖြစ်ပွား ခဲ့ပြီး လူပေါင်း ၁၀၂ ဦး ကူးဆက် ခံရကာ ၅၉ ဦး သေဆုံး ခဲ့ကြောင်း သြဂုတ်လ ၂၂ ရက် ၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန ၏ စာရင်းပြုစုချက်အရ သြဂုတ်လ ၂၁ ရက် အချိန်ထိ ကူးစက်ခံရသည့် ၁၀၂ ဦး အနက် ၇၅ ဦး မှာ ကူးစက်ခံရကြောင်း အတည်ပြု နိုင်ခဲ့ကြောင်း ၊ ကျန် ၂၇ ဦး မှာ သံသယ ရှိသူ များ ဖြစ်ကြပြီး ၉ ဦး မှာ အလားတူ ရောဂါမျိုး ဖြစ်ပွား နေသူ များ ဖြစ်ကြကြောင်း သိရှိရသည်။

ကျန်းမာရေး ဝန်ကြီးဌာန က လက်ရှိချိန်တွင် စမ်းသပ် ဆေးဝါး အသစ် တစ်မျိုး ဖြင့် ကုသမှု များ ဆောင်ရွက်နေပြီး လူပေါင်း ၁၃၀၀ ခန့် အား ကာကွယ်ဆေး ထိုးပေးခဲ့ကြောင်း ၊ ယင်း ကာကွယ်ဆေး က လက်ရှိချိန်တွင် ဈေးကွက် တွင် ဖြန့်ဝေရန် ခွင့်ပြုချက် မရရှိသေးသော်လည်း လက်ရှိ စမ်းသပ်မှု များအရ ထိရောက်သည် ကို အတည်ပြု နိုင်ခဲ့ပြီး ဖြစ်ကြောင်း ၊ အနာဂတ် ၃ လ တာ ကာလ အတွင်း ရောဂါ ဖြစ်ပွားသည့် ဒေသ တွင် အခမဲ့ ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရောဂါ ပြန့်ပွားမှု ကို ထိန်းချုပ် သွားမည် ဖြစ်ကြောင်း သြဂုတ်လ ၂၁ ရက် ၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံ တွင် ယခုလ ၌ အီဘိုလာ ရောဂါ ပြန့်ပွားမှု ထပ်မံ ဖြစ်ပွား ခဲ့ပြီး ၁၉၇၆ ခုနှစ် ၌ ကွန်ဂို နိုင်ငံ တွင် ယင်းရောဂါပိုး အား စတင်တွေ့ရှိပြီးနောက် ၁၀ ကြိမ်မြောက် ရောဂါ ကူးစက်ပြန့်ပွားမှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံး အကြိမ် ရောဂါ ပြန့်ပွားမှု ရပ်တန့် နိုင်ခဲ့ကြောင်း အား ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက် မှ ထုတ်ပြန်ကြေညာ ခဲ့ခြင်း ဖြစ်ပြီး လူပေါင်း ၃၃ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။

သို့သော် ယခု အကြိမ် ရောဂါ ပြန့်ပွားမှု က ထိန်းချုပ်ရန် ပိုမို ခက်ခဲကြောင်း ၊ ရောဂါပြန့်ပွားမှု ဖြစ်ပွား နေသည့် နိုင်ငံ အရှေ့ပိုင်း ပြည်နယ် ၅ ခု က လက်နက်ကိုင် အဖွဲ့အစည်း များစွာ တည်ရှိပြီး တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွား သည့် ဒေသ ဖြစ်ကြောင်း သိရှိရသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ညွှန်ကြားရေးမှူးချုပ် Dr Tedros Adhanom Ghebreyesus က ရောဂါ ပြန့်ပွားရာ ဒေသ ၏ လုံခြုံရေး အခြေအနေ က ဝန်ထမ်း များ နှင့် ထောက်ပံ့ရေး ပစ္စည်းများ ပို့ဆောင်ရေး အတွက် ကြီးမားသည့် အခက်အခဲ ဖြစ်ပွား စေခဲ့ပြီး အီဘိုလာ ရောဂါ အား ထိန်းချုပ်မဲ့ ပြန့်ပွားသွားစေနိုင်ကြောင်း ပြောကြား ခဲ့သည်။

အီဘိုလာ ရောဂါ သည် အီဘိုလာ ရောဂါပိုး မှ ကူးဆက် ပြန့်ပွားသည့် ရောဂါ တစ်မျိုး ဖြစ်ပြီး ကူးဆက် ခံရသူ နှင့် တိရစ္ဆာန် တို့ ၏ သွေး ၊ ချွေး နှင့် စွန့်ပစ် ပစ္စည်း တို့နှင့် ထိတွေ့ခြင်းကြောင်း ကူးဆက် နိုင်သော ရောဂါ တစ်မျိုးဖြစ်သည်။ ကူးဆက် ခံရသူ များ အနေဖြင့် ကိုယ်ပူခြင်း ၊ သွေးထွက်ခြင်း နှင့် ကိုယ်တွင်း အင်္ဂါ များ ပျက်စီးခြင်းများ ဖြစ်ပွား လာပြီး ကူးစက်မှု ခံရပါက သေဆုံးမှု ရာခိုင်နှုန်း မှာ ၅၀ ရာခိုင်နှုန်း အထက် ရှိကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.