China
တရုတ်နိုင်ငံ၏ ဖူကျန့် လေယာဉ်တင်သင်္ဘောကြီးပေါ်မှ လျှပ်စစ်သံလိုက်ဓာတ်သုံး လောက်လွှဲစနစ်ဖြင့် လေယာဉ်အမျိုးအစား သုံးမျိုးအား စမ်းသပ်အတက်အဆင်းပြုလုပ်မှု အောင်မြင်

ပေကျင်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ လေယာဉ်တင်သင်္ဘောအခြေပြု လေယာဉ်အမျိုးအစားများဖြစ်သည့် J-15T ၊ J-35 နှင့် ခုန်းကျင်-၆၀၀ တို့အား ဖူကျန့် လေယာဉ်တင်သင်္ဘောကြီးပေါ်မှ လျှပ်စစ်သံလိုက်ဓာတ်သုံး လောက်လွှဲစနစ်၏ အကူအညီဖြင့် ပထမဆုံးအကြိမ် လေယာဉ်အတက်အဆင်း ပြုလုပ်သည့် လေ့ကျင့်မှုများကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေတပ်) က စက်တင်ဘာ ၂၂ ရက်၌ ပြောကြားခဲ့သည်။
အဆိုပါ အောင်မြင်မှုမှာ တရုတ်ပြည်တွင်း၌ ပထမဆုံးတည်ဆောက်ထားသော လောက်လွှဲစနစ် တပ်ဆင်ထားသည့် လေယာဉ်တင်သင်္ဘောကြီး ဖူကျန့်မှာ လျှပ်စစ်သံလိုက်ဓာတ်သုံး လောက်လွှဲစနစ်ဖြင့် လေယာဉ်လွှတ်တင်ခြင်းနှင့် ပြန်လည်ဆင်းသက်ခြင်းဆိုင်ရာ စွမ်းရည်များအား ပိုင်ဆိုင်ထားသည်ကို ညွှန်ပြလျက်ရှိကာ တရုတ်နိုင်ငံ၏ လေယာဉ်တင်သင်္ဘောများ တည်ဆောက်မှုတွင် နောက်ထပ် အရေးပါသော အောင်မြင်မှု ဖြစ်လာခဲ့သည်။
J-15T ၊ J-35 နှင့် ခုန်းကျင်-၆၀၀ လေယာဉ်အမျိုးအစားများအား တရုတ်နိုင်ငံတွင် စက်တင်ဘာ ၃ ရက်က ပြုလုပ်ခဲ့သည့် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကြီးတွင် ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။
တရုတ်ပြည်တွင်း၌ အလုံးစုံတီထွင်ထုတ်လုပ်ထားသော လေယာဉ်လွှတ်တင်သည့် လျှပ်စစ်သံလိုက်ဓာတ်သုံး လောက်လွှဲစနစ်နှင့် လေယာဉ်အရှိန်ထိန်းစနစ်များမှာ လေယာဉ်အမျိုးအစား အများအပြားနှင့် ကိုက်ညီမှုရှိသည်ကို အဆိုပါ လေ့ကျင့်မှုများဖြင့် စစ်ဆေးအတည်ပြုခဲ့ခြင်း ဖြစ်သည်ဟု တရုတ်ရေတပ်က ဆိုသည်။
ယင်းသည် ဖူကျန့် လေယာဉ်တင်သင်္ဘောကြီး၏ သင်္ဘောကုန်းပတ်အား ကနဦးအဆင့် အပြည့်အဝ လည်ပတ်အသုံးပြုနိုင်စွမ်းရှိကြောင်းကို လက်တွေ့ပြသခဲ့ခြင်းဖြစ်ကာ လေယာဉ်တင်သင်္ဘောအခြေပြု လေယာဉ်အမျိုးအစားများစွာကိုလည်း လေယာဉ်တင်သင်္ဘော ဦးဆောင်သည့် စစ်ရေယာဉ်စုတွင် ပါဝင်နိုင်ရန် လမ်းဖွင့်ပေးခဲ့ခြင်းဖြစ်သည်။
တရုတ်ရေတပ်၏ လေယာဉ်တင်သင်္ဘောအခြေပြုလေယာဉ် ထုတ်လုပ်မှုမှာ လွန်ခဲ့သောနှစ်များအတွင်း တိုးတက်မှုအရှိန်အဟုန် မြင့်မားလာခဲ့ကာ လေယာဉ်တစ်စင်းတည်းမှ စုပေါင်းစနစ်များအဖြစ်လည်းကောင်း၊ ကမ်းခြေအား အခြေပြုခြင်းမှသည် သင်္ဘောအခြေပြု လှုပ်ရှားမှုများအဖြစ်လည်းကောင်း၊ ski-jump ကုန်းပတ်အမျိုးအစားမှသည် လောက်လွှဲစနစ်ဖြင့် လွှတ်တင်မှုအဖြစ်လည်းကောင်း၊ ပျံသန်းနိုင်သည့် အဆင့်မှသည် တိုက်ပွဲဝင်နိုင်သည့် အဆင့်အထိလည်းကောင်း သိသာထင်ရှားသော တိုးတက်မှုများကို ရရှိခဲ့သည်။ တရုတ်ရေတပ်အနေဖြင့် ပင်လယ်ပြင်၌ စိုးမိုးနိုင်သော ကမ္ဘာ့ထိပ်တန်းရေတပ်ဖြစ်လာရေး မျှော်မှန်းချက်ဆီသို့ မရပ်မနား ဆက်လက်ချီတက်လျက်ရှိသည်။
ဖူကျန့် လေယာဉ်တင်သင်္ဘောကြီးအား ၂၀၂၄ ခုနှစ် မေလတွင် ပင်လယ်ပြင်၌ ပထမဆုံးအကြိမ် စမ်းသပ်ခုတ်မောင်းမှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ပင်လယ်ပြင်၌ စမ်းသပ်မှုအများအပြားကို အစီအစဉ်တကျ လုပ်ဆောင်ခဲ့ကာ ယင်း၌တပ်ဆင်ထားသော ပစ္စည်းကိရိယာများကို စမ်းသပ်စစ်ဆေးခြင်းနှင့် ခုတ်မောင်းသွားလာရာတွင် အလုံးစုံ တည်ငြိမ်မှုရှိမရှိအပေါ် ဆန်းစစ်အကဲဖြတ်ခြင်းတို့တွင် တိုးတက်မှုများ ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ၏ ဖူကျန့် လေယာဉ်တင်သင်္ဘောကြီး၏ အထောက်အကူပေးရေး အမှုထမ်းတစ်ဦးက လေယာဉ်တင်သင်္ဘောအခြေပြုလေယာဉ် ခုန်းကျင်-၆၀၀ ၏ လေယာဉ်မှူးအား ညွှန်ပြပေးနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဖူကျန့် လေယာဉ်တင်သင်္ဘောကြီးပေါ်သို့ ဆင်းသက်နေသည့် လေယာဉ်တင်သင်္ဘောအခြေပြု J-15T တိုက်လေယာဉ်အား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဖူကျန့် လေယာဉ်တင်သင်္ဘောကြီးပေါ်မှ လျှပ်စစ်သံလိုက်ဓာတ်သုံး လောက်လွှဲစနစ်၏ အကူအညီဖြင့် ပျံတက်ခြင်းမပြုမီ လေယာဉ်မှူးနှင့်အတူ အမှုထမ်းတစ်ဦးက စစ်ဆေးနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)
…………………
(English Version)
Three types of aircraft complete electromagnetic catapult-assisted takeoffs, landings on China’s carrier Fujian
BEIJING, Sept. 22 (Xinhua) — The Chinese Navy said Monday that carrier-based aircraft J-15T, J-35 and KongJing-600 have successfully completed their inaugural electromagnetic catapult-assisted takeoff and arrested landing trainings on aircraft carrier, the Fujian.
The success showed that China’s first domestically built catapult-equipped aircraft carrier has obtained electromagnetic catapult launch and recovery capabilities, marking another breakthrough in the development of China’s aircraft carriers.
J-15T, J-35 and KongJing-600 were showcased during China’s massive military parade held on Sept. 3 to mark the 80th anniversary of the victory in the Chinese People’s War of Resistance against Japanese Aggression and the World Anti-Fascist War.
The trainings verified the sound compatibility of China’s fully domestically developed electromagnetic catapult and arresting systems with multiple aircraft types, according to the navy.
This demonstrated that the Fujian has obtained initial full-deck operational capability, paving the way for multiple types of carrier-based aircraft to join the carrier formation, the navy said.
In recent years, the Chinese Navy’s carrier-based aviation has accelerated its development, leaping forward from single aircraft to integrated systems, from shore-based to shipborne operations, from ski-jump to catapult launches, and from being able to fly to capable of combat. The navy is steadily advancing toward the goal of becoming a world-class force at sea.
Since its first sea trials in May 2024, the Fujian has carried out a series of maritime tests according to plan, progressing with equipment commissioning and assessments of overall operational stability.
English Caption 1
This file photo shows carrier-based aircraft J-15T, J-35 and KongJing-600 on the flight deck of China’s aircraft carrier Fujian. (Photo by Li Tang/Xinhua)
English Caption 2
This file photo shows a support crew member of China’s aircraft carrier Fujian directing the pilot of a carrier-based aircraft KongJing-600. (Photo by Jiang Tao/Xinhua)
English Caption 3
This file photo shows a carrier-based aircraft J-15T making an arrested landing on China’s aircraft carrier Fujian. (Photo by Li Tang/Xinhua)
English Caption 4
This file photo shows a crew member checking with the pilot of J-35 before an electromagnetic catapult-assisted takeoff on China’s aircraft carrier Fujian. (Photo by Li Tang/Xinhua)