China
တရုတ်နိုင်ငံမက်ဒေါ်နယ်လုပ်ငန်း စွမ်းရည်ဖွံဖြိုးတိုးတက်မှုအတွက် ယွမ် သန်း ၄၀၀ ရင်းနှီးမြှုပ်နှံမည်

ရှန်ဟိုင်း၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံမှ မက်ဒေါ်နယ်လုပ်ငန်းက ရှန်ဟိုင်းမြို့ရှိဟမ်ဘာဂါတက္ကသိုလ်ကို ခေတ်မီအောင်လုပ်ဆောင်ခြင်းကို အာရုံစိုက်သည့်အနေဖြင့် နောက်သုံးနှစ်အတွင်း ယွမ် သန်း ၄၀၀ ကျော်(အမေရိကန်ဒေါ်လာ ၅၆.၃ သန်းခန့်) စွမ်းရည်လေ့ကျင့်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၃ ရက်၌ ကြေညာခဲ့သည်။
အဆိုပါလုပ်ဆောင်မှုသည် ဟမ်ဘာဂါတက္ကသိုလ်ကို ပို၍စမတ်ဖြစ်ခြင်း၊ ပို၍ပွင့်လင်းမြင်သာခြင်းနှင့် ပို၍ဘက်စုံတိုးတက်ခြင်း စသည့် ရှုထောင့်သုံးရပ်မှ အဆင့်မြှင်တင်ရန်၊ ဒစ်ဂျစ်တယ်ခေတ်တွင် စားသောက်ဆိုင်စွမ်းရည်ပျိုးထောင်ရေးစနစ်တစ်ခုတည်ဆောက်ရန် ရည်ရွယ်ကြောင်းသိရသည်။
ရင်းနှီးမြှုပ်နှံမှုကြေညာချက်သည် ကုမ္ပဏီ၏ ခုနစ်ခုမြောက် ကမ္ဘာ့လေ့ကျင့်ရေးစင်တာအဖြစ် ၂၀၁၀ ပြည့်နှစ်၌ တည်ထောင်ခဲ့သည့် တရုတ်နိုင်ငံ မက်ဒေါ်နယ်ဟမ်ဘာဂါတက္ကသိုလ် ၁၅ နှစ်မြောက်နှင့်တိုက်ဆိုင်နေသည်။ လက်ရှိအချိန်တွင် အဆိုပါတက္ကသိုလ်သည် နှစ်စဥ် တက်ရောက်သူပေါင်း ၁၀,၀၀၀ နီးပါးကို လေ့ကျင့် သင်ကြားပေးလျက်ရှိပြီး အလုပ်သမားပေါင်း ၂၀၀,၀၀၀ နီးပါးကို အွန်လိုင်းအီလက်ထရောနစ် သင်ကြားရေး ပလက်ဖောင်းများမှတစ်ဆင့် ထောက်ပံ့ပေးလျက်ရှိကြောင်းသိရသည်။
တရုတ်နိုင်ငံ မက်ဒေါ်နယ်လုပ်ငန်း၏ စီအီးအို Phyllis Cheung က ဟမ်ဘာဂါတက္ကသိုလ်တည်ထောင်ခဲ့သည့် ၂၀၁၀ ပြည့်နှစ်တွင် ဆိုင်ပေါင်း ၁,၀၀၀ ကျော်သာရှိရာမှ ယနေ့အချိန်တွင် ဆိုင်ပေါင်း ၇,၄၀၀ ကျော်ရှိလာသည့် ကုမ္ပဏီ၏တိုးချဲ့နိုင်မှုကြောင့် တက္ကသိုလ်၏အခန်းကဏ္ဍသည် အရည်အချင်းဖွံဖြိုးမှုစနစ်၏အုတ်မြစ်တစ်ခုအဖြစ် ထင်ရှားစေကြောင်း အလေးပေးပြောကြားခဲ့သည်။
တရုတ်နိုင်ငံ မက်ဒေါ်နယ်ဟမ်ဘာဂါတက္ကသိုလ် ဌာနမှူး Lily Li က ခေတ်သစ်၌ အရည်အချင်းဖွံဖြိုးမှု လိုအပ်ချက်များကို ရင်ဆိုင်ရာတွင် အကယ်ဒမီကျောင်းသည် အနာဂတ်တွင် စားသောက်ဆိုင် စီမံခန့်ခွဲမှုစွမ်းရည် ထူးချွန်သူများ ပိုမိုပျိုးထောင်ပေးလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
……………………
(English Version)
McDonald’s China to invest over 400 mln yuan in talent development
SHANGHAI, Sept. 23 (Xinhua) — McDonald’s China announced on Tuesday an investment of more than 400 million yuan (about 56.3 million U.S. dollars) in talent training and development over the next three years, with a focus on modernizing its Hamburger University in Shanghai.
The initiative aims to upgrade the Hamburger University in three dimensions — “smarter, more open, and more holistic growth” — to build a restaurant talent cultivation system for the digital era.
The investment announcement coincides with the 15th anniversary of McDonald’s Hamburger University China, which was established in 2010 as the company’s seventh global training center. The academy currently trains nearly 10,000 participants annually and supports nearly 200,000 employees via an online e-learning platform.
Phyllis Cheung, CEO of McDonald’s China, noted that the company’s expansion — from over 1,000 restaurants in 2010 when the Hamburger University was established to more than 7,400 today — underscores the institution’s role as a cornerstone of its talent development system.
Lily Li, dean of McDonald’s Hamburger University China, said facing the needs of talent development in a new era, the academy will cultivate more outstanding restaurant management talent for the future.
Photo : This photo taken on Sept. 23, 2025 shows McDonald’s Hamburger University in Shanghai, east China. (Xinhua)