Connect with us

North America

ထရမ့်အစိုးရက အမျိုးသားအစောင့်တပ် “တရားမဝင် ဖြန့်ကြက်နေရာချထားသည်” ဟု အမေရိကန် အိုရီဂွန်ပြည်နယ် တရားစွဲ

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်၌ ကင်းလှည့်နေသော အမျိုးသားအစောင့်တပ်သားများကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ အိုရီဂွန်ပြည်နယ် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂၀၀ ဦးကို ပေ့ါတ်လန်မြို့၌ ထရမ့်အစိုးရ “တရားမဝင် ဖြန့်ကြက်နေရာချထားမှု” ကို တားဆီးရန်မျှော်မှန်းချက်ဖြင့် အမေရိကန်နိုင်ငံ အိုရီဂွန်ပြည်နယ်နှင့် ပေါ့တ်လန်မြို့တို့သည် ထရမ့်အစိုးရအား တရားစွဲဆိုခဲ့ပြီဖြစ်ကြောင်း အိုရီဂွန်ပြည်နယ် ရှေ့နေချုပ် Dan Rayfield က စက်တင်ဘာ ၂၈ ရက်တွင် ကြေညာခဲ့သည်။
ထိုနေ့အစောပိုင်းတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth သည် အိုရီဂွန်ပြည်နယ် အုပ်ချုပ်ရေးမှူး Tina Kotek အား စာချွန်လွှာတစ်ခုပေးပို့ခဲ့ရာ အိုရီဂွန်ပြည်နယ် အမျိုးသားအစောင့်တပ်သား ၂၀၀ ဦးအား ၆၀ ရက်ကြာ ဖက်ဒရယ်မစ်ရှင် ထမ်းဆောင်ရန် အာဏာလွှဲအပ်ခဲ့ပြီး ၎င်းအနက် “ဆန့်ကျင်ရေးလှုပ်ရှားမှုဖြင့် အကျပ်ကိုင်ခံနေရသော သို့မဟုတ် ခံရနိုင်ခြေရှိသော ဖက်ဒရယ်ပိုင်ဆိုင်မှုများအား ကာကွယ်ရန်” လည်းပါဝင်ကြောင်း Dan Rayfield က လူမှုမီဒီယာ၌ ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။
အမေရိကန်တရားဥပဒေအရ ကျူးကျော်ခံရခြင်း၊ အဓိကရုဏ်းဖြစ်ပွားခြင်း သို့မဟုတ် ဖက်ဒရယ် တရားဥပဒေအား အခြားနည်းလမ်းဖြင့် ကျင့်သုံးနိုင်ခြင်းမရှိသည့် အချိန်မှသာ သမ္မတသည် အမျိုးသားအစောင့်တပ်အား ဖက်ဒရယ်အသွင်ပြောင်းနိုင်သည့် အခွင့်အာဏာရှိပြီး အိုရီဂွန်ပြည်နယ်တွင်မူ အဆိုပါအခြေအနေများ မရှိကြောင်း တရားစွဲဆိုလွှာတွင် ဖော်ပြထားသည်။
Dan Rayfield က အိုရီဂွန်ပြည်နယ် လူမှုအသိုက်အဝန်းသည် တည်ငြိမ်ကြောင်း၊ ဖက်ဒရယ်အစိုးရမှ စွက်ဖက်ခြင်း မရှိသည့်အခြေအနေတွင် အများပြည်သူလုံခြုံရေးကို ကာကွယ်ထိန်းသိမ်းနိုင်စွမ်းရှိသည်ဟု ဒေသန္တရအစိုးရအရာရှိများက အတိအလင်း ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ အမျိုးသားအစောင့်တပ် ၂၀၀ ဦး စေလွှတ်၍ အဆောက်အဦတစ်ခုအား စောင့်ကြပ်ခိုင်းခြင်းသည် “ပုံမှန်မဟုတ်” ကြောင်း ပြောကြားခဲ့သည်။
အမေရိကန် သမ္မတ ထရမ့်က စက်တင်ဘာ ၂၇ ရက်တွင် “Truth Social” ၌ ပို့စ်တင်၍ ၎င်းအနေဖြင့် “စစ်ပွဲ နှိပ်စက်ညည်းပန်းခြင်းခံနေရတဲ့ ပေါ့တ်လန်အား ကာကွယ်ရန်နဲ့ ‘ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှု’ နဲ့ အခြားပြည်တွင်း အကြမ်းဖက်အဖွဲ့ဝင်များ တိုက်ခိုက်နေတဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန် တရားဥပဒေစိုးမိုးရေးဌာန အဆောက်အဦအား ကာကွယ်ဖို့အတွက် Pete Hegseth ကို လိုအပ်တဲ့ တပ်ဖွဲ့အားလုံး ပံ့ပိုးပေးဖို့ ညွှန်ကြားနေပါတယ်။ လိုအပ်မယ်ဆိုရင် သူတို့ကို လက်နက်အင်အား အားလုံး အသုံးပြုဖို့လည်း ကျွန်တော် အခွင့်အာဏာပေးသွားမှာပါ” ဟု ပြောကြားခဲ့သည်။
Tina Kotek က စက်တင်ဘာ ၂၇ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ပေါ့တ်လန်၌ “အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှု မရှိပါဘူး” ၊ ဒေသတွင်းလူမှုအသိုက်အဝန်းသည် ဘေးကင်းလုံခြုံ၍ တိတ်ဆိတ်ငြိမ်သက်ကြောင်း ပြောကြားခဲ့သည်။ စက်တင်ဘာ ၂၈ ရက်တွင် Tina Kotek က ထပ်မံပို့စ်တင်၍ ပေါ့တ်လန်တွင် အဓိကရုဏ်း ဖြစ်ပွားမှုမရှိသလို အမျိုးသားလုံခြုံရေးအပေါ် ခြိမ်းခြောက်မှုလည်း မရှိကြောင်း၊ ထိုကဲ့သို့ ပင်မမြို့ကြီးတစ်မြို့၌ “အမျိုးသားအစောင့်တပ် ဖြန့်ကြပ်နေရာချထားဖို့ မလိုအပ်သလို တရားဥပဒေအရ ကိုးကားစရာလည်း မရှိပါဘူး” ဟု ပြောကြားခဲ့သည်။
ယခုနှစ် ဇွန်လတွင် ထရမ့်က လော့စ်အိန်ဂျလိစ်သို့ တပ်ဖွဲ့စေလွှတ်ခဲ့ရာ ပြင်းပြင်းထန်ထန် ဆန့်ကျင်ခြင်း ခံခဲ့ရသည်။ ဩဂုတ် ၁၁ ရက်တွင် ထရမ့်က မြို့တော်ဝါရှင်တန်၏ စည်းစနစ်နှင့် ဘေးကင်းလုံခြုံမှုအား ကူညီပြန်လည်ဖော်ဆောင်ရန်အတွက် အမျိုးသားအစောင့်တပ်စေလွှတ်မည်ဟု ကြေညာခဲ့ပြီး တစ်ချိန်တည်းတွင် ဒီမိုကရက်တစ်ပါတီ အဓိကအုပ်ချုပ်သည့် ချီကာဂို၊ လော့စ်အိန်ဂျလိစ်၊ နယူးယောက်၊ ဘော်လ်တီမိုးနှင့် အော့ကလန် စသည့်မြို့များသည် “ပြဿနာမြို့” များဟု ခေါ်ဆိုခဲ့သည်။ လွန်ခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း ထရမ့်က ချီကာဂိုနှင့် မန်းန်ဖစ်စ် စသည့်ဒေသများသို့ အမျိုးသားအစောင့်တပ်များ စေလွှတ်သွားမည်ဟုလည်း အကြိမ်များစွာ သဘောထားထုတ်ပြန် ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

———————–
(Chinese Version)
美俄勒冈州起诉特朗普政府“非法部署”国民警卫队
新华社华盛顿9月28日电(记者熊茂伶 吴晓凌)美国俄勒冈州总检察长丹·雷菲尔德28日宣布,俄勒冈州和波特兰市已对特朗普政府提起诉讼,以期阻止后者向波特兰市“非法部署”200名俄勒冈州国民警卫队成员。
雷菲尔德在社交媒体发布声明说,当天早些时候,国防部长赫格塞思向俄勒冈州州长蒂娜·科特克发出一份备忘录,授权200名俄勒冈州国民警卫队成员执行为期60天的联邦职能,其中包括“保护正在或可能遭抗议活动威胁的联邦财产”。
诉状称,根据美国法律,只有在遭受入侵、发生叛乱或联邦法律无法以其他方式执行时,总统才有权将国民警卫队联邦化,而在俄勒冈州并不存在这些情形。
雷菲尔德表示,俄勒冈州社区是稳定的,地方官员已明确表示有能力在没有联邦干预的情况下维护公共安全,派遣200名国民警卫队士兵去守卫一栋建筑,这“并不正常”。
美国总统特朗普27日在“真实社交”上发文说,他“正指示赫格塞思提供所有必要的部队,以保护饱受战争摧残的波特兰,以及任何正遭受‘反法西斯运动’和其他国内恐怖分子攻击的移民与海关执法局设施。如有必要,我还授权他们动用全部武力”。
科特克27日在社交媒体上发文说,波特兰“不存在国家安全威胁”,当地社区安全而平静。28日,科特克再次发帖说,波特兰没有叛乱,也不存在国家安全威胁,在这样一座主要城市“没有部署军事部队的必要,也没有法律依据”。
今年6月,特朗普曾向洛杉矶派遣部队,遭遇强烈抵制。8月11日,特朗普宣布派遣国民警卫队协助恢复首都华盛顿特区的秩序和安全,同时称民主党主政的芝加哥、洛杉矶、纽约、巴尔的摩和奥克兰等城市为“问题城市”。过去数周,特朗普多次表态,将向芝加哥和孟菲斯等地派遣国民警卫队。(完)
图说:9月4日,国民警卫队成员在美国首都华盛顿巡逻。新华社记者胡友松摄