Africa & Middle East
ဂါဇာငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေးအား အီဂျစ်နိုင်ငံက အောက်တိုဘာ ၁၃ ရက်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

ကိုင်ရို၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)
ဂါဇာစစ်ပွဲ အဆုံးသတ်ရန် ရည်ရွယ်သည့် သဘောတူညီချက်ကို အပြီးသတ်ရေးအတွက် နိုင်ငံတကာ ထိပ်သီးအစည်းအဝေးတစ်ရပ်အား အီဂျစ်နိုင်ငံ၏ ပင်လယ်နီဆိပ်ကမ်းမြို့ဖြစ်သည့် ရှမ်အယ်လ်-ရှိတ်ခ်တွင် အောက်တိုဘာ ၁၃ ရက်၌ ကျင်းပသွားမည်ဟု အီဂျစ်သမ္မတရုံးက အောက်တိုဘာ ၁၁ ရက်၌ ကြေညာခဲ့သည်။ထိုအစည်းအဝေးအား အီဂျစ်သမ္မတ အက်ဘ်ဒယ် ဖာတာ အယ်လ်-စီစီနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့က ကြီးမှူးကျင်းပမည်ဖြစ်ကာ နိုင်ငံပေါင်း ၂၀ ကျော်မှ ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။
ယင်းထိပ်သီးအစည်းအဝေးမှာ ဂါဇာကမ်းမြောင်ဒေသတွင် စစ်ပွဲအဆုံးသတ်ရေး၊ အရှေ့အလယ်ပိုင်းဒေသတွင် ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု ဖော်ဆောင်ရန် ကြိုးပမ်းမှုများကို တိုးမြှင့်ရေး၊ ဒေသတွင်း လုံခြုံမှုနှင့် တည်ငြိမ်မှုကို အဆင့်သစ်တစ်ခုဆီသို့ ဖွင့်လှစ်ပေးရေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း အဆိုပါ ကြေညာချက်အရ သိရသည်။
အီဂျစ်၊ ကာတာ၊ တူကီယဲနှင့် အမေရိကန်တို့၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် အစ္စရေးနှင့် ဟားမက်စ်အဖွဲ့အကြား အကြိတ်အနယ် ဆွေးနွေးမှုများကို ရှမ်အယ်လ်-ရှိတ်ခ်မြို့တွင် သုံးရက်ကြာ ပြုလုပ်ခဲ့ပြီးနောက် နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ အောက်တိုဘာ ၁၀ ရက်က စတင်အသက်ဝင်လာခဲ့သည်။
ယခုအပစ်အခတ်ရပ်စဲရေး အစီအစဉ်၏ ပထမအဆင့်၌ ဂါဇာစီးတီး၊ ရာဖာ၊ ခန်ယွန်းနစ်နှင့် ဂါဇာမြောက်ပိုင်းမှ အစ္စရေးတပ်များ ရုပ်သိမ်းရေး၊ အကူအညီများ ဝင်ရောက်နိုင်ရန် နယ်စပ်ဖြတ်သန်းဂိတ်ငါးခုကို ဖွင့်လှစ်ပေးရေး၊ ဓားစာခံနှင့် အကျဉ်းသားများကို ပြန်လွှတ်ပေးရေးတို့ ပါဝင်ကြောင်း သိရသည်။
လူများ အကန့်အသတ်ဖြင့် သွားလာလှုပ်ရှားခွင့် ရရှိရေးအတွက် ဂါဇာဒေသနှင့် အီဂျစ်နိုင်ငံကြား ရာဖာနယ်စပ်ဂိတ်ကို လာမည့်သီတင်းပတ်အလယ်လောက်တွင် ပြန်လည်ဖွင့်လှစ်နိုင်မည်ဟု မျှော်လင့်ကြောင်း ဟားမက်စ် သတင်းရင်းမြစ်တစ်ဦးက အောက်တိုဘာ ၁၀ ရက်၌ ပြောကြားခဲ့သော်လည်း ထိုလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အသေးစိတ် ထုတ်ပြန်ကြေညာခဲ့ခြင်းမရှိပေ။
အစ္စရေးက နှစ်နှစ်ကျော်ကြာ စစ်ဆင်ရေးများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ဂါဇာဒေသမှာ အကြီးအကျယ် ပျက်စီးခဲ့ကာ လူပေါင်း ၆၇,၀၀၀ ကျော် သေဆုံးခဲ့ပြီး အငတ်ဘေးကျရောက်ခဲ့ကြောင်း ဂါဇာဒေသ ကျန်းမာရေးဌာန တာဝန်ရှိသူများက ပြောကြားခဲ့သည်။ (Xinhua)
…………………………………………………………………..
(English Version)
Egypt to host Gaza peace summit on Monday
CAIRO, Oct. 11 (Xinhua) — An international summit will be held in Egypt’s Red Sea resort city of Sharm el-Sheikh on Monday to finalize an agreement aimed at ending the war in Gaza, the Egyptian Presidency announced on Saturday.
The meeting will be co-chaired by Egyptian President Abdel Fattah al-Sisi and U.S. President Donald Trump, with the participation of leaders from more than 20 countries, the statement said.
The summit aims to end the war in the Gaza Strip, enhance efforts to bring peace and stability to the Middle East, and usher in a new phase of regional security and stability, according to the statement.
The ceasefire deal between Israel and Hamas entered into effect on Friday, following three days of intensive negotiations in Sharm El Sheikh between the two sides mediated by Egypt, Qatar, Türkiye and the United States.
The first phase of the plan includes Israeli troop withdrawals from Gaza City, Rafah, Khan Younis, and the north, the opening of five crossings for aid, and the release of hostages and prisoners.
A Hamas source on Friday said the Rafah crossing between Gaza and Egypt is expected to reopen in the middle of next week to allow limited movement of people, though details on operations have not been announced.
More than two years of Israeli military operations have devastated Gaza, killing over 67,000 people and triggering famine, according to Gaza’s health authorities. Enditem
English Caption
Photo taken on Oct. 9, 2025 shows a view of the Peace Square in Sharm el-Sheikh, Egypt. (Xinhua/Sui Xiankai)