North America
OpenAI က ChatGPT ကို အဓိကထားသည့် Browser မိတ်ဆက်
ဆန်ဖရန်စစ္စကို၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)
OpenAI သည် ChatGPT ကို အဓိကထားသည့် အင်တာနက် Browser အသစ် ChatGPT Atlas အား အောက်တိုဘာ ၂၂ ရက်တွင် ထုတ်ပြန်မိတ်ဆက်ခဲ့သည်။
Atlas ၏ အပြင်ပန်းပုံစံနှင့် လုပ်ဆောင်ချက်များသည် သမားရိုးကျ အင်တာနက် Browser နှင့် တူညီသော်လည်း ၎င်းဖွဲ့စည်းမှု၏အဓိကအချက်မှာ ChatGPT ဖြစ်ကြောင်း OpenAI က ဆိုသည်။ အသုံးပြုသူသည် ဝက်ဘ်ဆိုက်စာမျက်နှာကို ဖတ်ရှုချိန်တွင် ChatGPT အား အကြားအလပ်မရှိ အသုံးပြု၍ အကြောင်းအရာ အနှစ်ချုပ်ရယူခြင်း၊ မေးခွန်းမေးမြန်းခြင်းနှင့် ဝက်ဘ်ဆိုက်စာမျက်နှာတွင်ပင် မစ်ရှင်လုပ်ဆောင်ခြင်း စသည်တို့ လုပ်ဆောင်နိုင်သည်။
အဆိုပါ Browser တွင် “Browser မှတ်ဉာဏ်” လုပ်ဆောင်ချက်လည်း ပါဝင်သောကြောင့် အသုံးပြုသူ ကြည့်ရှုထားသည့် ဝက်ဘ်ဆိုက်စာမျက်နှာ အကြောင်းအရာကို ChatGPT အား မှတ်သားခိုင်းထားနိုင်ပြီး လိုအပ်ချိန်တွင် အဆိုပါအချက်အလက်များကို ထုတ်ယူနိုင်သည်။
Atlas တွင် ChatGPT သည် “စမတ်အုပ်စုပုံစံ” ဖြင့် မစ်ရှင်များ လုပ်ဆောင်နိုင်ရာ သုတေသနပြုလုပ် သုံးသပ်ခြင်း၊ အလိုအလျောက်တာဝန်များ လုပ်ဆောင်ခြင်းနှင့် လှုပ်ရှားမှုများ စီစဉ်ခြင်း သို့မဟုတ် ကြိုတင်သတ်မှတ်ခြင်း စသည့်ကဏ္ဍများ၌ လုပ်ဆောင်ချက် ပိုမိုကောင်းမွန်ပေသည်။ ChatGPT အားအခြေခံ၍ တည်ဆောက်ထားသည့် Browser သည် လူများကို စစ်မှန်သည့် စူပါလက်ထောက်နှင့် ပိုမိုနီးကပ်လာစေပြီး ကမ္ဘာကြီးအကြောင်း နားလည်ရာတွင် ကူညီပေးကာ ရည်မှန်းချက်ကို အကောင်အထည်ဖော်ပေးကြောင်း OpenAI က ထုတ်ပြန်ချက်တွင် ဆိုထားသည်။
OpenAI ၏ အမှုဆောင်အရာရှိချုပ် Sam Altman က ယခုအကြိမ် မိတ်ဆက်ပေးသည့် Atlas သည် “ဆယ်နှစ်မှာ တစ်ကြိမ်ကြုံတွေ့ရသည့်” အင်တာနက်တွင် ရှာဖွေဖတ်ရှုမှုခံစားချက်အား ပြန်လည် တည်ဆောက်ပေးသည့် အခွင့်အရေးဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းသည် အစောပိုင်းကာလတွင် ရှိနေဆဲဖြစ်သော်လည်း အနာဂတ်တွင် ပိုမိုများပြားသော လုပ်ဆောင်ချက်များ မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Atlas ကို အောက်တိုဘာ ၂၁ ရက်မှစ၍ Apple ကုမ္ပဏီက ထုတ်လုပ်ထားသည့် ကွန်ပျူတာထိန်းချုပ်မှုစနစ် macOS ပလက်ဖောင်း၌ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး Microsoft ၊ iPhone iOS နှင့် Android စသည့် ထိန်းချုပ်မှုစနစ်များတွင် အသုံးပြုရန် သင့်တော်သည့် ဗားရှင်းများကို မကြာမီထုတ်ပြန်သွားမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ဆိုသည်။ (Xinhua)
——————–
(Chinese Version)
OpenAI推出以ChatGPT为核心的浏览器
新华社旧金山10月21日电(记者吴晓凌)美国开放人工智能研究中心(OpenAI)21日发布以ChatGPT为核心的新款网络浏览器ChatGPT Atlas。
OpenAI表示,Atlas的外观与功能与传统网络浏览器相近,但其构建核心是ChatGPT。用户在浏览网页时可以无缝调用ChatGPT生成摘要、提出问题和直接在网页上执行任务等。这款浏览器还具有“浏览器记忆”功能,可让ChatGPT记住用户访问网页的内容,并在需要时调取这些信息。
在Atlas中,ChatGPT还能通过“智能体模式”处理任务,在研究分析、开展自动化任务以及规划活动或预约方面表现更佳。OpenAI在声明中说,基于ChatGPT构建的浏览器让人们更接近真正的超级助手,帮助理解世界并实现目标。
OpenAI首席执行官萨姆·奥尔特曼称,此次推出Atlas是“十年一遇”重塑网络浏览体验的机会。该项目仍处于早期阶段,未来将陆续推出更多功能。
该公司表示,Atlas自21日起在苹果公司开发的电脑操作系统macOS平台发布,适用于微软视窗、苹果手机iOS和安卓等操作系统的版本将在近期推出。(完)
图说:这是2025年3月6日在西班牙巴塞罗那举行的2025年世界移动通信大会上拍摄的人工智能标志。新华社记者赵丁喆摄
