Connect with us

Agriculture

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အော်ဂဲနစ်စိုက်ပျိုးရေးအား ကဏ္ဍတစ်ရပ်အနေဖြင့် စီမံချက်ချဆောင်ရွက်ရန် တိုက်တွန်းကြောင်းအဆိုတင်သွင်း

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းဝေးကျင်းပစဉ် (ဓာတ်ပုံ-- ရန်ကုန်လွှတ်တော်)

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အော်ဂဲနစ်စိုက်ပျိုးရေးအား ကဏ္ဍတစ်ရပ်အနေဖြင့် စီမံချက်ချဆောင်ရွက်ရန် တိုက်တွန်းကြောင်းအဆိုအား ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ကော့မှူးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းအောင်ကတင်သွင်းခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းအောင်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အော်ဂဲနစ်စိုက်ပျိုးရေးအား ကဏ္ဍတစ်ရပ်အနေဖြင့် စီမံချက်ချဆောင်ရွက်ရန် တိုက်တွန်းကြောင်းအဆိုကို တင်သွင်းခဲ့ရာ သုံးခွမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ဦးနေဝင်းမှ အဆိုကိုထောက်ခံခဲ့ပြီး စိုက်ပျိုးရေး၊မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြန်လည်ရှင်းဆွေးနွေးခဲ့ပြီး အဆိုကို လွှတ်တော်တွင်ဆွေးနွေးသွားမည်ဖြစ်ပြီး ဆွေးနွေးလိုသောကိုယ်စားလှယ်များ အနေဖြင့် လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးရန် ကြေညာခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117