Politics, Law & Military
ဟယ်လိဖုန်းနှင့် အမေရိကန်-တရုတ် ဆက်ဆံရေး အမျိုးသားကော်မတီ တာဝန်ခံ တွေ့ဆုံဆွေးနွေး
ပေကျင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယ ဝန်ကြီးချုပ် ဟယ်လိဖုန်းသည် အမေရိကန်-တရုတ် ဆက်ဆံရေး အမျိုးသားကော်မတီ (NCUSCR) ဒါရိုက်တာအဖွဲ့ အမှုဆောင် ဒုတိယဥက္ကဋ္ဌ Evan Greenberg ၊ NCUSCR ကော်မတီ ဥက္ကဋ္ဌ Stephen Orlins တို့နှင့် နိုဝင်ဘာ ၁၂ ရက် ညပိုင်းက ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ထိုသို့ တွေ့ဆုံရာတွင် ဟယ်လိဖုန်းက တရုတ်-အမေရိကန်သည် ကုန်သွယ်စီးပွားကဏ္ဍတွင် ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှု အလားအလာများရှိရာ တရုတ်-အမေရိကန် နှစ်ဖက်အနေဖြင့် ဦးတည်ချက်တူ လျှောက်လှမ်းသင့်ကြောင်း၊ နှစ်နိုင်ငံ အကြီးအကဲများ၏ ဘူဆန်တွေ့ဆုံဆွေးနွေးပွဲ၌ ရရှိထားသော အရေးကြီး သဘောတူညီချက်များနှင့် အောင်မြင်မှုရလဒ်များကို အတူတကွ ကောင်းမွန်စွာ ကာကွယ်ထိန်းသိမ်း၍ အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်၍ ကွဲလွဲမှုများကို စီမံထိန်းချုပ်ကာ တရုတ်-အမေရိကန် ကုန်သွယ်စီးပွား ဆက်ဆံရေး တည်ငြိမ်စွာ တိုးတက်အောင် တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်-တရုတ် ဆက်ဆံရေး အမျိုးသားကော်မတီ (NCUSCR) အနေဖြင့် တရုတ်-အမေရိကန် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် အကျိုးသစ်များ ဆောင်ကြဉ်းပေးရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ စတုတ္ထအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး၏ သက်ဆိုင်ရာအခြေအနေများကိုလည်း ဟယ်လိဖုန်းက မိတ်ဆက်ပြောကြားခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံဘက်က အမေရိကန်-တရုတ် ဆက်ဆံရေး တည်ငြိမ်မှုကို ထိန်းသိမ်းထားရန်မှာ အလွန်အရေးကြီးကြောင်း၊ ပေါင်းကူးတံတားကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားကာ အမေရိကန်-တရုတ် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးကို တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
——————————–
(Chinese Version)
何立峰会见美中关系全国委员会负责人时指出 中美双方应共同维护好、落实好元首会晤重要共识和成果,推动中美经贸关系稳定发展
新华社北京11月12日电 中共中央政治局委员、国务院副总理何立峰12日晚在京会见美中关系全国委员会董事会执行副主席格林伯格、会长欧伦斯。
何立峰表示,中美在经贸领域拥有广阔合作空间,中美双方应相向而行,共同维护好、落实好两国元首釜山会晤重要共识和成果,加强合作、管控分歧,推动中美经贸关系稳定发展。希望美中关系全国委员会为推动中美友好合作作出新的贡献。何立峰还介绍了中国共产党二十届四中全会有关情况。
美方表示,美中关系保持稳定十分重要,愿发挥好桥梁作用,推动深化美中交流合作。(完)
1. 11月12日晚,中共中央政治局委员、国务院副总理何立峰在北京会见美中关系全国委员会董事会执行副主席格林伯格、会长欧伦斯。 新华社记者 岳月伟 摄
