Politics, Law & Military
အချိန်အခါနှင့် အခြေအနေအား လွဲမှားစွာဆုံးဖြတ်မှုက နောက်ဆုံးတွင် အခက်အခဲနှင့်သာ တွေ့မည်
ပေကျင်း၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)
မကြာသေးမီကမှ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည့် ဆာနာအဲ တာကာအိချိသည် လတ်တလောကာလအတွင်း အိမ်နီးချင်းနိုင်ငံ၏ အချုပ်အခြာအာဏာ နယ်မြေပိုင်နက်ပြည့်စုံမှုနှင့် သက်ဆိုင်သော၊ ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်မှုနှင့် သက်ဆိုင်သော အရေးကိစ္စတွင် မဟုတ်မမှန်စကားများ မကြာခဏပြောဆိုခဲ့သည်။လတ်တလောရက်ပိုင်းတွင် ဂျပန်နိုင်ငံလွှတ်တော်၌ ဆွေးနွေးပြောဆိုမှုအတွင်း ဆာနာအဲ တာကာအိချိသည် ထိုင်ဝမ်ဒေသနှင့် စပ်လျဉ်းသော ပြောင်ပြောင်တင်းတင်း ရန်စပြောဆိုချက်များကို ပေါ်ပေါ်တင်တင် ထုတ်ဖော်ပြောကြားခဲ့သည့်အပြင် လက်နက်အင်အားဖြင့် ထိုင်ဝမ်ရေလက်ကြား အရေးကိစ္စ၌ ပါဝင်နိုင်မည်ဟုပင် အရိပ်အမြွက်ပြောဆိုခဲ့သည်။ ထိုကဲ့သို့ တရုတ်နိုင်ငံပြည်တွင်းရေးအား ကြမ်းတမ်းစွာ ဝင်ရောက်စွက်ဖက်ပြီး မိမိလုပ်ဆောင်သော အမှားအပေါ် နောင်တရမှုမရှိခြင်း၊ ပြန်လည်ပယ်ဖျက်ရန် ငြင်းဆိုနေခြင်းတို့သည် ဂျပန်နိုင်ငံ ပြည်တွင်းလယ်ယာယိမ်းအင်အားစု၏ အစွန်းရောက် မှားယွင်းသော ရပ်တည်ချက်နှင့် အသိအမြင်ကို ပေါ်လွင်စေပေသည်။အချိန်အခါနှင့် အခြေအနေအား လွဲမှားစွာဆုံးဖြတ်မှုသည် နောက်ဆုံးတွင် အခက်အခဲနှင့်သာ တွေ့မည်ကို သမိုင်းက အကြိမ်ကြိမ် သက်သေပြခဲ့ပြီးဖြစ်သည်။

တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားအား တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ရာ နျူကလီးယားပဲ့ထိန်းဒုံးကျည် အမှတ် (၂) အဖွဲ့က စစ်ဆေးမှုခံယူနေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ယခုနှစ်သည် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့်ဖြစ်သလို ထိုင်ဝမ် ပြန်လည်ရရှိခြင်း နှစ် ၈၀ ပြည့်လည်းဖြစ်သည်။ ထိုကဲ့သို့ ထူးခြားလှသည့်နှစ်တွင် ဂျပန်သည် သမိုင်းမှသင်ခန်းစာကို နက်ရှိုင်းစွာပြန်လည်သုံးသပ်၍ ယခင်အမှားများကို အပြည့်အဝပြင်ဆင်ပြီး ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်သောလမ်းကြောင်းကို အခိုင်အမာ လျှောက်လှမ်းသင့်ပေသည်။

တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသ ဟွားလျှန်ရှိ နာမည်ကျော်ရှုခင်းသာ ချင်းဆွေချောက်ကမ်းပါးအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
သို့သော်လည်း ဂျပန်နိုင်ငံမှ အချို့သောပုဂ္ဂိုလ်များသည် စစ်ဝါဒ၏ ပြင်းထန်သော ရာဇဝတ်ပြစ်မှုများကို ပြန်လည်သုံးသပ်ခြင်းမရှိသည့်အပြင် အစွန်းရောက်သော စစ်ရေးတိုးချဲ့မှု မူဝါဒအတွေးအခေါ်များစွာကို ဆက်တိုက်ထုတ်ပြန်ခဲ့သလို အိမ်နီးချင်းနိုင်ငံ၏ ပြည်တွင်းရေးကို လက်နက်ကိုင်အင်အားဖြင့် စွက်ဖက်မည်ဟုပင် မဟုတ်မမှန်ပြောဆိုလာသည်။ ထိုကဲ့သို့ အန္တရာယ်အမျိုးမျိုးရှိသည့် လှုပ်ရှားမှုများကြောင့် ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက မဖြစ်မနေ များစွာသတိထားလာနေရသည်။
ကမ္ဘာ့ခေတ်ရေစီးကြောင်းသည် တသွင်သွင်စီးဆင်းနေလျက်ရှိရာ ရေစီးကြောင်းအတိုင်း လိုက်ပါသူသည် စည်ပင်ဝပြောတိုးတက်လာမည်ဖြစ်ပြီး ရေဆန်တက်ဆန့်ကျင်နေသူမှာ ပျက်သုဉ်းမည်သာဖြစ်ပေသည်။ ယနေ့တရုတ်နိုင်ငံသည် ဆင်းရဲနွမ်းပါး၍အင်အားနည်းကာ ပြုသမျှနုနေရသည့် အတိတ်ကို စွန့်ခွာထားနိုင်သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး တားဆီး၍မရသော ခြေလှမ်းများဖြင့် မဟာပြန်လည်အားသစ်လောင်းရေးဆီသို့ လျှောက်လှမ်းလျက်ရှိသည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ က တရုတ်လူမျိုးများသည် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ၏ ကြီးမြတ်သောအောင်နိုင်မှုကို ရရှိခဲ့သည်။ ယနေ့တွင်မူ တရုတ်ပြည်သူများသည် နိုင်ငံတော် အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအား ကာကွယ်ထိန်းသိမ်းနိုင်သည့် ခိုင်မြဲသောစိတ်ဓာတ်နှင့် ကြီးမားသောအင်အားများကို ပိုမိုပိုင်ဆိုင်လာပြီဖြစ်ပေသည်။
ဂျပန်ဘက်မှ အချို့သောပုဂ္ဂိုလ်များက စစ်ဝါဒအိပ်မက်ဟောင်းကို ပြန်လည်ဖော်ဆောင်ရန် စိတ်ကူးယဉ်နေဆဲဖြစ်ပြီး “ထိုင်ဝမ်ဖြင့် တရုတ်ကို တားဆီးရန်” ကြိုးပမ်းနေခြင်းသည် ခါချဉ်ကောင် မာန်ကြီးလို့ တောင်ကြီးဖြိုမည့်ကြံ ခါးကမသန်ကဲ့သို့ပင် ကျရှုံးမည်မှာ မုချဧကန်ပင်ဖြစ်ပေသည်။
လတ်တလောကာလတွင် တရုတ်နိုင်ငံ၏ တတိယမြောက် လေယာဉ်တင်သင်္ဘော ဖူကျန့်သင်္ဘောသည် တရားဝင် တပ်တော်ဝင်ခဲ့သလို ရှန်ကျိုး-၂၀ အာကာသယာဉ်မှူးအဖွဲ့ ကမ္ဘာမြေပေါ်သို့ ပြန်လည်ထွက်ခွာသည့် မစ်ရှင်သည်လည်း အောင်မြင်မှုရရှိခဲ့သည်။ မကြာသေးမီက စက်တင်ဘာ ၃ ရက် စစ်ရေးပြအခမ်းအနားတွင် ပြည်သူ့တပ်မတော်၏ သံမဏိပမာခိုင်မြဲမှုနှင့် ခေတ်မီအသွင်သရုပ်တို့ကြောင့် ကမ္ဘာကြီးက တရုတ်နိုင်ငံ၏ စီးပွားရေးအင်အား၊ သိပ္ပံနည်းပညာအင်အား၊ နိုင်ငံဘက်စုံအင်အားနှင့် ငြိမ်းချမ်းရေးအား ကာကွယ်ထိန်းသိမ်းနိုင်သည့် ကြီးမားသောအင်အားကို သက်သေထူခဲ့သည်။
တရုတ်ပြည်သူများသည် ငြိမ်းချမ်းရေးကို အစဉ်အမြဲ ချစ်မြတ်နိုးကြသည်။ သို့သော်လည်း နိုင်ငံတော် အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှု စသည့် အဓိကအကျိုးစီးပွားနှင့် ပတ်သက်သည့် အရေးကိစ္စကြီးများတွင် မိမိတို့အနေဖြင့် အလျှော့ပေးလိုက်လျောမှု လုံးဝလုပ်ဆောင်မည် မဟုတ်သလို တရုတ်နိုင်ငံကို မိမိအကျိုးစီးပွားထိပါးစေသည့် အပြုသဘောမဆောင်သောရလဒ်အား လက်ခံရန် မည်သူကမျှ စိတ်ကူးယဉ်၍မရပေ။ တရုတ်ပြည်သူများ၏ နောက်ဆုံးသည်းခံမှုစည်းမျဉ်းအား စိန်ခေါ်လိုသူတိုင်းသည် တရုတ်ဘက်၏ မျက်နှာချင်းဆိုင် ပြင်းပြင်းထန်ထန်တုံ့ပြန်မှုကို ခံရမည်မှာ မုချပင်ဖြစ်သည်။
ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ထိုင်ဝမ်ဖြစ်သည်။ တရုတ်နိုင်ငံက ပြန်လည်ပေါင်းစည်းမှုကို နောက်ဆုံးဖော်ဆောင်မည်ဖြစ်သလို ပြန်လည်ပေါင်းစည်းမှုအား မဖြစ်မနေဖော်ဆောင်မည် ဟူသော သမိုင်း၏အလားအလာကြီးကို တားဆီး၍မရပေ။ စစ်ဝါဒအိပ်မက်ဟောင်းကို ဆက်လက်ခေါင်းမာစွာ ဖော်ဆောင်နေပြီး မိမိတစ်ကိုယ်တည်းအားဖြင့် တရုတ်နိုင်ငံက အပြည့်အဝပေါင်းစည်းမှုဟူသည့် သမိုင်းရေစီးကြောင်းကြီးအား တားဆီးရန်ကြိုးပမ်းပါက ၎င်း၏နိဂုံးမှာ သန်း ၁,၄၀၀ ကျော်သော တရုတ်ပြည်သူများ၏ သွေးချွေးတို့ဖြင့် တည်ဆောက်ထားသည့် သံမဏိမဟာတံတိုင်းကြီးရှေ့တွင် သွေးသံရဲရဲဖြင့် ကျဆုံးသွားမည်သာ ဖြစ်ပေသည်။ (Xinhua)
—————————————
(Chinese Version)
新华时评|错判时与势,注定撞南墙
新华社北京11月16日电 题:错判时与势,注定撞南墙 新华社记者朱超
刚刚成为日本首相不久的高市早苗,近来在事关邻国主权领土完整、事关地区和平稳定的问题上频出妄言。日前在国会答辩时,高市更是公然发表涉台露骨挑衅言论,暗示可能武力介入台海问题。如此粗暴干涉中国内政,还不思悔改、拒不撤回,暴露出日本国内右翼势力的极端错误立场和认知。
历史已经反复证明,错判时与势,注定撞南墙。
今年是中国人民抗日战争暨世界反法西斯战争胜利80周年,也是台湾光复80周年。值此特殊年份,日本本应从历史中深刻汲取教训,痛改前非,坚持走和平发展之路。然而,日本有些人不仅不反思军国主义滔天罪行,还抛出一连串激进扩军政策设想,甚至妄言武力介入邻国内政,种种危险动向不能不令地区国家和国际社会高度警惕。
世界潮流,浩浩汤汤,顺之者昌,逆之者亡。今日之中国,早已告别积贫积弱、任人宰割的过去,正以不可阻挡的步伐迈向伟大复兴。80年前,中华民族能够取得中国人民抗日战争暨世界反法西斯战争的伟大胜利;今天,中国人民更加具备捍卫国家主权和领土完整的坚定意志和强大能力。日方一些人依然幻想重温军国主义旧梦,妄图搞“以台制华”,完全是螳臂当车、不自量力。
就在近期,我国第三艘航空母舰福建舰正式入列,神舟二十号航天员乘组返回任务取得圆满成功。不久前的九三阅兵,人民军队的钢铁洪流和现代化面貌,更让世界见证了中国的经济实力、科技实力、综合国力和捍卫和平的强大能力。
中国人民历来爱好和平,但在事关国家主权和领土完整等核心利益的大是大非问题上,我们绝不会有任何妥协退让,任何人都不要幻想让中国吞下损害自身利益的苦果。任何人妄想挑战中国人民的底线,必将遭到中方的迎头痛击!
台湾是中国的台湾,中国终将统一、也必将统一的历史大势不可阻挡。如果有人还固守在军国主义旧梦中,妄图只身阻挡中国实现完全统一的历史洪流,其结局必然是在14亿多中国人民用血肉筑成的钢铁长城面前碰得头破血流。(完)
图说1:当地时间10月31日下午,国家主席习近平在韩国庆州出席亚太经合组织第三十二次领导人非正式会议期间应约会见日本首相高市早苗。 新华社记者 丁林 摄
图说2:2025年9月3日,纪念中国人民抗日战争暨世界反法西斯战争胜利80周年大会在北京隆重举行。这是核导弹第二方队接受检阅。新华社记者 郭昱 摄
图说3:这是台湾花莲的著名景点清水断崖(2025年9月11日摄)。新华社记者 齐湘辉 摄
