International Organizations
ဟာလန်း ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၀ ပြည့်ခဲ့ပြီး ရိုမဲရိုး၏ သွင်းဂိုးနှစ်ဂိုးဖြင့် တော့တင်ဟမ် သရေတစ်မှတ်ရရှိ
မက်ဒရစ်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)
ပရီးမီးယားလိဂ် ကြားရက်ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၂ ရက်က မန်ချက်စတာစီးတီးအသင်းနှင့် ဖူလ်ဟမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မန်စီးတီးက အဝေးကွင်း၌ ၅-၄ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ပွဲချိန် မိနစ် ၇၀ တိုင်တိုင် အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့ကာ အဆိုပါပွဲစဉ်၌ အာလင် ဟာလန်းက ပရီးမီးယားလိဂ်ဂိုး ၁၀၀ ပြည့် သွင်းဂိုးကို သွင်းယူနိုင်ခဲ့သလို သွင်းဂိုး ၁၀၀ အမြန်ဆုံးပြည့်ခဲ့သည့် ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ ယခုနိုင်ပွဲကြောင့် မန်စီးတီးအနေဖြင့် ဒီဇင်ဘာ ၃ ရက်တွင် ဘရန့်ဖို့ဒ်အား အိမ်ကွင်း၌ဧည့်ခံကစားမည့် အာဆင်နယ်နှင့် နှစ်မှတ်သာကွာဟတော့သည်။
ဟာလန်းနှင့် တိုင်ဂျန်နီ ရိုင်နာစ်တို့က တစ်ဂိုးစီသွင်းယူခဲ့ပြီး ဖိုဒန်က နှစ်ဂိုးသွင်းယူခဲ့သလို ဖူလ်ဟမ်အသင်း ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့သည့် သွင်းဂိုးတစ်ဂိုးအပါအဝင် မန်စီးတီးက ၅-၂ ဂိုးရလဒ်ဖြင့် ပွဲကိုထိန်းချုပ်ထားခဲ့သည်။သို့သော် ဆမ်မြူရယ် ချူကွီဇီက ခြောက်မိနစ်အတွင်း နှစ်ဂိုးပြန်လည်သွင်းယူခဲ့သဖြင့် ၅-၄ ဂိုး ဖြစ်သွားခဲ့ရာ ပက်ပ်ဂွါဒီယိုလာ၏အသင်းမှာ လက်ကျန်ပွဲချိန် ၁၂ မိနစ်ကို အကြိတ်အနယ် တောင့်ခံကစားခဲ့ရပြီး ယင်းမှာ ခံစစ်ပိုင်းအားနည်းချက်များ ဆက်ရှိနေသည်ကို မီးမောင်းထိုးပြလျက်ရှိသည်။

အခြားပွဲစဉ်တွင် အဲဗာတန်က ဂျက်ခ် ဂရီးလစ်ရှ်၏ တစ်လုံးတည်းသောသွင်းဂိုးဖြင့် ဘုန်းမောက်ကို အဝေးကွင်း၌အနိုင်ရရှိခဲ့ကာ ရလဒ်ပိုင်းအရ အနည်းငယ်ခန့်မှန်းရခက်ခဲသော ရာသီတစ်ခုကို ဆက်လက်ဖြတ်သန်းလျက်ရှိပြီး ဘုန်းမောက်အသင်းမှာမူ နောက်ဆုံးငါးပွဲတွင် လေးပွဲအထိရှုံးနိမ့်ထားသည်။
နယူးကာဆယ်ယူနိုက်တက်က အိမ်ကွင်းစိန့်ဂျိမ်းစ်ပတ်ခ်တွင် တော့တင်ဟမ်နှင့် ၂-၂ ဂိုးစီသရေကျခဲ့သည်။ အဆိုပါပွဲစဉ်၌ ဘရူနို ဂီမာရေးစ်က နယူးကာဆယ်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး တော့တင်ဟမ်အသင်းမှ ခရစ်ရှန် ရိုမဲရိုးက ချေပဂိုးသွင်းယူခဲ့သည်။ ထို့နောက် ထောင့်ကန်ဘောအား ရှင်းထုတ်ရာတွင် ရိုဒရီဂို ဘန်တန်ကာက ဒန်ဘန်းကို ပြစ်ဒဏ်ကျူးလွန်ခဲ့သည်ဟု VAR က ဆုံးဖြတ်ခဲ့သဖြင့် နယူးကာဆယ်အသင်း ပင်နယ်တီရရှိခဲ့ရာ အန်သနီ ဂေါ်ဒွန်က ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့သော်လည်း ရိုမဲရိုးကပင် ချေပဂိုးသွင်းယူခဲ့ပြီး ယခုပွဲစဉ်၌ သွင်းဂိုးနှစ်ဂိုးရယူနိုင်ခဲ့သည်။ (Xinhua)
………………………………………………..
(English Version)
Haaland scores 100th Premier League goal, Romero brace saves point for Tottenham
MADRID, Dec. 2 (Xinhua) — Erling Haaland scored his 100th Premier League goal and became the fastest player ever to do so, while Phil Foden continued his scoring streak as Manchester City produced its best version for 70 minutes to win 5-4 away to Fulham on Tuesday. This win moves them within two points of Arsenal, who will host Brentford on Wednesday.
Manchester City looked in control at 5-2 following Haaland’s goal and two strikes from Foden, which came after Tijjani Reijnders’s strike and an own goal.
However, two goals in six minutes from Samuel Chukwueze made it 5-4, leaving Pep Guardiola’s side to endure a tense final 12 minutes, highlighting ongoing defensive vulnerabilities.
Jack Grealish scored the only goal as Everton continued its slightly chaotic season with a 1-0 win away to a Bournemouth side that has lost four of its last five matches.
Newcastle United and Tottenham drew 2-2 at St James’ Park. Bruno Guimaraes put Newcastle ahead before a penalty converted by Anthony Gordon, awarded after VAR ruled Rodrigo Bentancur had fouled Dan Burn at a corner, appeared to settle the contest, only for Cristian Romero to equalize with his second of the match.
English Caption 1
Manchester City’s Erling Haaland celebrates after scoring the first goal during the English Premier League match between Manchester City FC and Liverpool FC in Manchester, Britain, on Nov. 9, 2025. (Xinhua)
English Caption 2
Manchester City’s head coach Pep Guardiola gestures during the English Premier League match between Manchester City FC and Everton FC in Manchester, Britain, on Oct. 18, 2025. (Xinhua)
English Caption 3
Cristian Romero of Tottenham Hotspur celebrates after scoring during the 2025 UEFA Super Cup final football match between Paris Saint-Germain of France and Tottenham Hotspur of England in Udine, Italy, Aug. 13, 2025. (Photo by Alberto Lingria/Xinhua)
