North America
အမေရိကန်နိုင်ငံသားများက ၎င်းတို့၏ ဘဏ္ဍာရေးအခြေအနေနှင့်ပတ်သက်ပြီး ပို၍ အကောင်းမမြင်မှုများဖြစ်လာသည်ဟု စစ်တမ်းတွင် ဖော်ပြ
လန်ဒန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)
The Guardian နေ့စဉ်သတင်းစာ၏ မကြာသေးမီရက်က ထုတ်ပြန်ခဲ့သော ပြည်သူ့သဘောထားစစ်တမ်းတစ်ခုတွင် ငွေကြေးဖောင်းပွမှု မြင့်မားခြင်းနှင့် မူဝါဒ မသေချာမရေရာမှုများကြောင့် စစ်တမ်းဖြေဆိုသူ အမေရိကန်နိုင်ငံသား ထက်ဝက်နီးပါးက ၎င်းတို့၏ ဘဏ္ဍာရေးလုံခြုံမှုအခြေအနေ စဉ်ဆက်မပြတ်ယိုယွင်းလာသည်ဟု ယူဆကြပြီး အမေရိကန်အစိုးရ၏ မူဝါဒများကြောင့် ဤအခြေအနေများဖြစ်လာသည်ဟု ပိုမိုများပြားသောလူများက အပြစ်တင်လာကြကြောင်း ဖော်ပြထားသည်။
ဤစစ်တမ်းသည် Harris Poll ၏ ဒီဇင်ဘာလလယ်တွင် ပြုလုပ်ခဲ့သော အမေရိကန် အရွယ်ရောက်ပြီးသူများအား ကိုယ်စားပြုနိုင်သူ ၂,၁၈၀ ဦးကို အွန်လိုင်းစစ်တမ်း ပြုလုပ်ထားခြင်းအပေါ် အခြေခံထားသည်။ စစ်တမ်းတွင် ဖြေဆိုသူ ၄၅ ရာခိုင်နှုန်းသည် ၎င်းတို့၏ ဘဏ္ဍာရေးလုံခြုံမှုအခြေအနေ ယိုယွင်းလျက်ရှိသည်ဟု ယူဆကြပြီး ဖြေဆိုသူ ၅၇ ရာခိုင်နှုန်းသည် အမေရိကန်စီးပွားရေးသည် ဆုတ်ယုတ်မှုနှင့် ရင်ဆိုင်နေရသည်ဟု ယူဆကြကြောင်း၊ ယင်းမှာ ယခုနှစ် ဖေဖော်ဝါရီလတွင် ပြုလုပ်ခဲ့သော အလားတူစစ်တမ်းထက် ၁၁ ရာခိုင်နှုန်းပွိုင့် တိုးလာကြောင်း ပြသထားသည်။
အမေရိကန်ပြည်သူများ၏ အဆိုးမြင် စိတ်ခံစားချက်သည် ပြီးခဲ့သောနှစ် စီးပွားရေးပတ်ဝန်းကျင်၏ ပြင်းထန်သော ပြောင်းလဲမှုများကို ထပ်ဟပ်နေကြောင်း The Guardian ၏ သုံးသပ်ချက်တွင် ထောက်ပြခဲ့သည်။ ဖြေဆိုသူအများအပြားက အမေရိကန်အစိုးရ တင်သွင်းခဲ့သော စည်းကြပ်ခွန်မူဝါဒ၊ အစိုးရဝန်ထမ်းများ အများအပြား အလုပ်ဖြုတ်ခြင်းနှင့် လူဝင်မှုကြီးကြပ်ရေးအပေါ် တင်းကျပ်သော အစီအမံများက ၎င်း၏ စီးပွားရေးအလားအလာများအပေါ် စိုးရိမ်မှုများကို ပိုမိုဆိုးရွာစေခဲ့သည်။ အမေရိကန်သုတေသနအဖွဲ့အစည်း The Conference Board ၏ နောက်ဆုံးအချက်အလက်များတွင် အမေရိကန် ဝယ်ယူစားသုံးသူများ၏ ယုံကြည်မှုညွှန်းကိန်းမှာ ငါးလဆက်တိုက် ကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။
အမေရိကန်လူ့အဖွဲ့အစည်းသည် စီးပွားရေးအသိအမြင်ပိုင်းတွင် ကွဲပြားမှုများမှာ သိသာထင်ရှားကြောင်း စစ်တမ်းတွင် ဖော်ပြသည်။ ၎င်းတို့၏ ဘဏ္ဍာရေးလုံခြုံမှုအခြေအနေ ယိုယွင်းလာနေသည်ဟု ယူဆကြသော ဒီမိုကရက်တစ်ပါတီဝင်များမှာ ၅၂ ရာခိုင်နှုန်း ရှိပြီး ယင်းမှာ ရီပတ်ဘလစ်ကန်များ၏ (၂၇ ရာခိုင်နှုန်း) နှစ်ဆခန့် ရှိကြောင်း၊ တစ်သီးပုဂ္ဂလ မဲဆန္ဒရှင်များထဲတွင် ၎င်းတို့၏ ဘဏ္ဍာရေးလုံခြုံမှုအခြေအနေ ယိုယွင်းလာသည်ဟု ယူဆသူ အချိုးအစားမှာ ၅၄ ရာခိုင်နှုန်းအထိ ရှိလာသည်။
တစ်ချိန်တည်းမှာပင် စီးပွားရေးပြဿနာများ၏ တာဝန်များကို အမေရိကန်အစိုးရအပေါ် အပြစ်တင်သည့် အချိုးအစားမှာ စံချိန်တင်အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ “ဈေးနှုန်းများ မြင့်တက်လာခြင်းအပေါ် မည်သူက အဓိကတာဝန်ယူသင့်သနည်း” ဟု မေးမြန်းသောအခါ ဒီမိုကရက်တစ် ၇၆ ရာခိုင်နှုန်း၊ တစ်သီးပုဂ္ဂလ မဲဆန္ဒရှင် ၇၂ ရာခိုင်နှုန်းနှင့် ရီပတ်ဘလစ်ကန် ၅၅ ရာခိုင်နှုန်း အားလုံးတို့က အစိုးရကို အပြစ်ပုံချခဲ့ကြသည်။
စစ်တမ်းရလဒ်သည် မတူညီသော လူအုပ်စုများအကြား ခြားနားမှုများကိုလည်း သိသာထင်ရှားစေခဲ့သည်။ အမေရိကန်အမျိုးသမီး ဖြေဆိုသူ တစ်ဝက်မှာ ၎င်းတို့၏ ဘဏ္ဍာရေးလုံခြုံမှုအခြေအနေ ယိုယွင်းလာနေသည်ဟု ယူဆကြပြီး အမျိုးသား ၃၉ ရာခိုင်နှုန်းထက် များပေသည်။ အမေရိကန် စီးပွားရေးသည် ဆုတ်ယုတ်မှုနှင့် ကြုံတွေ့နေရသည်ဟု ယူဆသော အမေရိကန်နိုင်ငံသား အာဖရိကနွယ်ဖွားနှင့် လက်တင်အမေရိကနွယ်ဖွား ဖြေဆိုသူ အချိုးအစားမှာ လူဖြူဖြေဆိုသူများထက် သိသိသာသာ မြင့်မားပေသည်။ (Xinhua)
………………….
(Chinese Version)
民调:美国人对自身财务状况更趋悲观
新华社伦敦12月30日电(记者赵小娜)英国《卫报》日前发布的一项最新民调结果显示,受通胀高企和政策不确定性影响,近半数受访的美国人认为自身财务安全状况持续恶化,且越来越多人将这一局面归咎于美国政府政策。
这项民调是基于哈里斯民调机构12月中旬对2180名有代表性的美国成年人进行的在线调查。调查显示,45%的受访者认为自身财务安全状况正在恶化;57%的受访者认为美国经济正在经历衰退,较今年2月的同类调查上升11个百分点。
《卫报》分析指出,美国民众的悲观情绪折射出过去一年经济环境的剧烈波动。许多受访者表示,美国政府推出的关税政策、大规模政府裁员以及对移民的强硬措施,加剧了其对经济前景的不安。美国研究机构世界大型企业研究会的最新数据显示,美国消费者信心指数已经连续五个月下滑。
调查显示,美国社会在经济认知上分化明显。认为自身财务安全状况恶化的民主党人比例达52%,约为共和党人(27%)的两倍。在独立选民中,认为自身财务安全状况正在恶化的比例达54%。
与此同时,将经济问题责任归咎于美国政府的比例达到新高。在被问及“谁应为物价上涨负主要责任”时,76%的民主党人、72%的独立选民以及55%的共和党人均将矛头指向政府。
调查结果还凸显了不同群体间的差异。半数受访美国女性认为自身财务安全状况正在恶化,高于男性的39%。非洲裔和拉美裔受访者认为美国正在经历衰退的比例也明显高于白人受访者。(完)
图说:12月22日,人们行走在美国纽约曼哈顿中城布莱恩特公园的节日季露天市场。新华社记者刘亚南摄
