China
စားပွဲတင်တင်းနစ် ဂျာမန်ဖလား ချန်ပီယံဆုကို ဖန်ကျန့်တုန်း သိမ်းပိုက်
ဘာလင်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)
ဂျာမနီနိုင်ငံ Neu-Ulm မြို့၌ ဇန်နဝါရီ ၄ ရက်တွင် ကျင်းပခဲ့သည့် ဂျာမန်ဖလား ဗိုလ်လုပွဲတွင် တရုတ်နိုင်ငံ စားပွဲတင်တင်းနစ်အကျော်အမော် ဖန်ကျန့်တုန်း က 1. FC Saarbrucken Tischtennis အသင်းအား TTC RhonSprudel Fulda-Maberzell အသင်းကို ရမှတ် ၃-၁ ဖြင့် အနိုင်ရရှိစေပြီးနောက် ၎င်း၏ ပထမဆုံး ပြည်ပကလပ်အသင်း ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
ပွဲအစတွင် ဖန် က Dimitrij Ovtcharov ကို ရမှတ် ၃-၀ ဖြင့် အနိုင်ရရှိကာ Saarbrucken အား ဦးဆောင်နိုင်စေခဲ့သည်။ ထို့နောက် အသင်းခေါင်းဆောင် Patrick Franziska က Ruwen Filus ကို ရမှတ် ၃-၂ ဖြင့် ရှုံးနိမ့်ပြီးနောက် Saarbrucken အသင်းသည် မုန့်ဖန်ပေါ ကို ရမှတ် ၃-၀ ဖြင့် Darko Jorgic ၏ အနိုင်ရရှိမှုနှင့်အတူ ပြန်လည်ဦးဆောင်ခဲ့ပြီး ဖန် က Filus ကို ရမှတ် ၃-၀ ဖြင့်အနိုင်ရကာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
Saarbrucken အသင်းသို့ ၂၀၂၅ ခုနှစ် ဇွန်လတွင် ရောက်ရှိလာခဲ့သည့် ဖန် သည် ဇန်နဝါရီ ၄ ရက်က ၎င်း၏ကစားပွဲ လေးပွဲစလုံးကို အနိုင်ရရှိခဲ့သည်။
ထိုနေ့အစောပိုင်းတွင် ဖန် က Tiago Abiodun နှင့် Shunsuke Togami တို့အား ရမှတ် ၃-၁ စီဖြင့် အသီးသီးအနိုင်ရရှိခဲ့သဖြင့် ဆီမီးဖိုင်နယ်တွင် Saarbrucken အသင်းက TTF Liebherr Ochsenhausen အသင်းအား ရမှတ် ၃-၁ ဖြင့် အနိုင်ရခဲ့သည်။
“ကျွန်တော့်အနေနဲ့ ဒီမှာရှိနေပြီး မတူညီတဲ့အသင်းတွေရဲ့ သန်မာတဲ့ကစားသမားတွေနဲ့ ယှဉ်ပြိုင်ရလို့ တကယ့်ကိုပျော်ပါတယ်၊ ဒါက ကျွန်တော့်အတွက် ကောင်းမွန်တဲ့ခံစားချက်တစ်ခုပါ။ အားကစားအတွက် စိတ်အားထက်သန်မှုနဲ့ ကစားသမားတွေအပေါ် လေးစားမှုကို ခံစားရပါတယ်။ တကယ်ကို ကြည်နူးမိပါတယ်၊ ပွဲတိုင်းကို စောင့်မျှော်နေပါတယ်” ဟု ဖန်က ပြောကြားခဲ့သည်။
ယမန်နှစ် ဇွန်လတွင် ဖန် ရောက်ရှိလာပြီးကတည်းက Saarbrucken အသင်းသည် ဘွန်ဒက်စ်လီဂါ၊ ဥရောပချန်ပီယံလိဂ်နှင့် ဂျာမန်ဖလားအပါအဝင် ပြိုင်ပွဲစုံတွင် ရလဒ်ကောင်းများ ရရှိခဲ့သည်။
Saarbrucken အသင်းသည် ဇန်နဝါရီလလယ်တွင် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ကို ကစားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)






………………..
(English Version)
Fan Zhendong captures table tennis German Cup title
BERLIN, Jan. 5 (Xinhua) — Chinese table tennis star Fan Zhendong claimed his first overseas club title after leading 1. FC Saarbrucken Tischtennis to a 3-1 victory over TTC RhonSprudel Fulda-Maberzell in the German Cup final in Neu-Ulm on Sunday.
Fan earned Saarbrucken the lead with a 3-0 win over Dimitrij Ovtcharov. After captain Patrick Franziska lost to Ruwen Filus 3-2, Saarbrucken regained its lead with Darko Jorgic sweeping Meng Fanbo 3-0, and Fan sealed the title with a 3-0 win over Filus.
Fan, who joined Saarbrucken in June 2025, won all of his four matches on Sunday.
Earlier in the day, Saarbrucken defeated TTF Liebherr Ochsenhausen 3-1 in the semifinals, with Fan prevailing 3-1 over Tiago Abiodun and Shunsuke Togami, respectively.
“I’m very happy to be here and compete with strong players of different teams, that’s a great feeling for me. I can feel the great enthusiasm for the sport and respect for the players. I’m really enjoying it, and I’m looking forward to every game,” said Fan.
Since Fan’s arrival in June last year, Saarbrucken has achieved positive results across all competitions, including the Bundesliga, European Champions League and German Cup.
Saarbrucken will play the first leg of the Champions League quarterfinals in mid-January. ■
English Caption
Fan Zhendong (2nd L) of 1. FC Saarbrucken Tischtennis celebrates with the trophy with teammates after the final between 1. FC Saarbrucken Tischtennis and TTC RhonSprudel Fulda-Maberzell of Liebherr Pokal table tennis tournament in Neu-Ulm, Germany, Jan. 4, 2026. (Photo by Ulrich Hufnagel/Xinhua)
