Connect with us

International Organizations

လေဗာကူဆင်အနေဖြင့် အာဆင်နယ်နှင့် ပွဲစဉ်၌ အံ့အားသင့်ဖွယ် စွမ်းဆောင်ပြနိုင်ရန် အသင့်ဖြစ်နေပြီဟု အားကစားဒါရိုက်တာ ပြော

ဂျာမနီနိုင်ငံ လေဗာကူဆင်မြို့တွင် ၂၀၂၆ ခုနှစ် မတ် ၁၁ ရက်က လေဗာကူဆင်နှင့် အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်၌ လေဗာကူဆင် ကစားသမားများ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ဘာလင်၊ မတ် ၁၇ ရက် (ဆင်ဟွာ)
ဘေယာ လေဗာကူဆင်အသင်းအနေဖြင့် အာဆင်နယ်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်၌ အောက်အသင်းအဖြစ် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း အံ့အားသင့်ဖွယ် ရလဒ်ကို စွမ်းဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း လေဗာကူဆင်အသင်း အားကစားဒါရိုက်တာ ဆီမွန် ရိုးလ်ဖက်စ်က ပြောကြားခဲ့သည်။
ပထမအကျော့ပွဲစဉ်၌ လေဗာကူဆင်နှင့် အာဆင်နယ်အသင်းတို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီး အဆိုပါ ပွဲစဉ်၌ လေဗာကူဆင် တိုက်စစ်ကစားသမားဟောင်း ကိုင် ဟာဗက်ဇ်က အငြင်းပွားဖွယ် ပင်နယ်တီကို အမှားအယွင်းမရှိ ကန်သွင်း၍ အာဆင်နယ်အတွက် ချေပဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။
အာဆင်နယ်မှာ ရေပန်းစားနေသည့် အသင်းဖြစ်သော်လည်း လေဗာကူဆင်အနေဖြင့်လည်း ပထမအကျော့ပွဲစဉ်နှင့် မကြာသေးမီက ထိပ်သီးပြိုင်ဘက်အသင်းများနှင့် ရင်ဆိုင်ကစားခဲ့သည့် ပွဲစဉ်များတွင် ထိပ်တန်းအဆင့်၌ ယှဉ်ပြိုင်နိုင်စွမ်းရှိသည်ကို ပြသခဲ့သည်ဟု ရိုးလ်ဖက်စ်က ဆိုသည်။
“ဒါက စိန်ခေါ်မှုတစ်ခုဆိုတာ ကျိန်းသေပါတယ်။ ဒါပေမဲ့ လတ်တလောမှာ ကျွန်တော်တို့အနေနဲ့ အာဆင်နယ်နဲ့ ဘိုင်ယန်တို့လို ဥရောပထိပ်သီးအသင်းတွေနဲ့ ရင်ဆိုင်ကစားခဲ့ပြီး ကျွန်တော်တို့ ဒီထက်ပိုပြီး အောင်မြင်နိုင်တယ်ဆိုတဲ့ ခံစားချက်မျိုး ရှိနေပါတယ်” ဟု ဂျာမနီလက်ရွေးစင် ကစားသမားဟောင်းဖြစ်သူ ရိုးလ်ဖက်စ်က ပြောသည်။
လေဗာကူဆင်အသင်းအနေဖြင့် လွန်ခဲ့သော နွေရာသီက အသင်းအား ပြန်လည်တည်ဆောက်ခဲ့ပြီးနောက် အရေးပါသော တိုးတက်မှုများ ရရှိခဲ့ကာ ထိပ်တန်းအဆင့်၌ ပြန်လည်ယှဉ်ပြိုင်နိုင်ရေးအတွက် ဦးတည်လုပ်‌ဆောင်နေသည်ဟု ၎င်းက ပြောကြားခဲ့သည်။
“ကျွန်တော်တို့ အလားအလာကောင်းမွန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပေမဲ့ ၂၀၂၄ ခုနှစ်ကလိုမျိုး အချိန်ယူရပါလိမ့်မယ်” ဟု ၎င်းက ပြောကြားခဲ့ကာ နည်းပြ ဇာဘီ အလွန်ဆိုလက်ထက်၌ ဂျာမန်အမှတ်ပေးချန်ပီယံဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးခဲ့မှုကို ရည်ညွှန်းပြောဆိုခဲ့သည်။
လေဗာကူဆင် အမှုဆောင်ချုပ် ဖာနန်ဒို ကာရိုက အသင်း၏ ရည်မှန်းချက်မှာ လာမည့်သုံးနှစ်အတွင်း ဘွန်ဒက်စ်လီဂါ ဆုဖလားကို ထပ်မံဆွတ်ခူးနိုင်ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကလပ်အသင်း၏ မျှော်မှန်းချက်များမှာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီတွင်‌ အမှတ်ပေးချန်ပီယံဆု ရရှိခဲ့ပြီးနောက် ပြောင်းလဲလာခဲ့သည်ဟု ရိုးလ်ဖက်စ်က ဆိုသည်။
ဘွန်ဒက်စ်လီဂါဆုဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခြင်းမရှိမီက အချို့သော ရာသီများတွင် ဒုတိယ‌နေရာနှင့်သာ ကျေနပ်ခဲ့ရသည့် လေဗာကူဆင်အသင်းအနေဖြင့် ၁၉၉၈ ခုနှစ်နှင့် ၂၀၀၂ ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ တတိယအကြိမ် တက်ရောက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
လေဗာကူဆင်မှာ ဘဏ္ဍာရေးအင်အား တောင့်တင်းမှုမရှိခြင်းကြောင့် အပြောင်းအရွှေ့ဈေးကွက်၌ ငွေအလုံးအရင်းသုံးစွဲကာ ဆုဖလားများ ဆွတ်ခူးနိုင်သည့် အသင်းလူစာရင်းကို တည်ဆောက်နိုင်ခြင်းမရှိကြောင်း ရိုးလ်ဖက်စ်က ပြောသည်။
“ကျွန်တော်တို့အနေနဲ့ ငွေအလုံးအရင်းသုံးပြီး ချန်ပီယံအသင်းတစ်သင်းကို စိတ်တိုင်းကျတည်ဆောက်ဖို့ ဈေးကွက်မှာ ကစားသမားတွေ ရှာဖွေနိုင်ခြင်းမရှိပါဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ပြင် ၎င်းက လေဗာကူဆင်အသင်း၌ ဟာဗက်ဇ်၏ တိုးတက်မှုများကို ချီးကျူးခဲ့ပြီး အဆိုပါ အာဆင်နယ်တိုက်စစ်မှူးမှာ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာပြီး ၂၀၂၀ ပြည့်နှစ်တွင် ချဲလ်ဆီးအသင်းသို့လည်းကောင်း၊ ၂၀၂၃ ခုနှစ်တွင် အာဆင်နယ်အသင်းသို့လည်းကောင်း ပြောင်းရွှေ့ခဲ့ပြီးနောက် လူငယ်ကစားသမားများအတွက် အတုယူစရာဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဆက်လက်၍ ရိုးလ်ဖက်စ်က အာဆင်နယ် လူငယ်အကယ်ဒမီတွင် ကစားခဲ့သည့် နသန် တယ်လာကဲ့သို့ အလားအလာရှိ ကစားသမားများကို ခေါ်ယူခြင်းမှာ လေဗာကူဆင်အသင်း၏ ရေရှည်ချဉ်းကပ်မှုပုံစံကို ထင်ဟပ်နေသည်ဟု ဆိုသည်။
လေဗာကူဆင်အသင်းအနေဖြင့် အံ့အားသင့်ဖွယ် စွမ်းဆောင်မှုများ လုပ်ပြနိုင်သည်ကို ချန်ပီယံလိဂ် ပထမအကျော့ပွဲစဉ်၌ လုံလုံလောက်လောက် သက်သေပြခဲ့ပြီးဖြစ်သည်ဟုလည်း ရိုးလ်ဖက်စ်က ပြောသည်။
“ကျွန်တော်တို့ မိနစ် ၉၀ လုံးလုံး အာရုံစိုက်ပြီး ကစားနိုင်မယ်ဆိုရင် အာဆင်နယ်အတွက် ကံမကောင်းတဲ့ နေ့တစ်နေ့ ဖြစ်လာမှာပါ။ ပထမအကျော့တုန်းကလည်း ကျွန်တော်တို့အသင်းရဲ့ အားအင်သစ်တွေကို ပြသခဲ့ပြီးပါပြီ” ဟု ၎င်းက ဆက်လက်ပြောသည်။ (Xinhua)

ဂျာမနီနိုင်ငံ လေဗာကူဆင်မြို့တွင် ၂၀၂၆ ခုနှစ် မတ် ၁၄ ရက်က လေဗာကူဆင်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ဂျာမန်ပထမတန်း ဘွန်ဒက်စ်လီဂါ ဘောလုံးပွဲစဉ်၌ လေဗာကူဆင်အသင်း နည်းပြချုပ် ကက်စပါ ယူလ်မန်း (ယာ) အား တွေ့ရစဉ် (ဆင်ဟွာ)

 

…………………………………………
(English Version)
Leverkusen ready for upset against Arsenal, says sporting director Rolfes
BERLIN, March 16 (Xinhua) — Bayer Leverkusen will go into the second leg of its Champions League tie against Arsenal as the underdog, sporting director Simon Rolfes said, but believes the German side is capable of pulling off a surprise.
Leverkusen drew 1-1 with Arsenal in the first leg, with the Premier League side equalizing late through a disputed penalty converted by former Leverkusen forward Kai Havertz.
Despite Arsenal’s status as favorite, Rolfes said Leverkusen had shown in the first leg and in recent matches against top opposition that it could compete at that level.
“It’s a challenge, no doubt, but lately we have been through two games against top European sides, Arsenal and Bayern, and had the feeling we could have achieved more,” said the former Germany international.
Rolfes said Leverkusen had made important progress following a squad rebuild last summer and was moving toward becoming competitive again at the highest level.
“We are on a promising path, but it takes time, just like in 2024,” he said, referring to the club’s first German title under coach Xabi Alonso.
Chief executive Fernando Carro said the club’s aim was to win another Bundesliga title within the next three years.
Rolfes said expectations around the club had shifted since its 2023-24 league triumph.
Leverkusen, which finished runner-up on several occasions before winning the Bundesliga for the first time, is seeking to reach the Champions League quarterfinals for only the third time after 1998 and 2002.
Rolfes said financial limits meant Leverkusen could not build a title-winning squad simply by spending heavily in the transfer market.
“We can’t just go shopping, selecting a title team with a lot of money,” he said.
He also praised Havertz’s development at Leverkusen, calling the Arsenal striker a model for young players after he rose through the ranks before joining Chelsea in 2020 and Arsenal in 2023.
Rolfes said signing promising players such as Nathan Tella, who spent time in Arsenal’s youth system, reflected Leverkusen’s long-term approach.
Rolfes said Leverkusen had already shown enough in the first leg to believe an upset was possible.
“It’s us staying focused for 90 minutes, and Arsenal having a bad day,” he said. “The first leg proved our newly gained energy.”