Africa & Middle East
ရွှေ့ပြောင်းနေထိုင်သူ ၅ ဦး ၏ ရုပ်အလောင်းကို လစ်ဗျားနိုင်ငံ ဆာတီမြို့ပြင်တွင် တွေ့ရှိ
ထရီပိုလီ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)
လစ်ဗျားနိုင်ငံရှိ လခြမ်းနီ အဖွဲ့အစည်းသည် ဇန်နဝါရီလ ၉ ရက်နေ့တွင် ရွှေ့ပြောင်းနေထိုင်သူ ၅ဦး ၏ ရုပ်အလောင်းများကို လစ်ဗျားနိုင်ငံ၏ မြို့တော် ထရီပိုလီမြို့၏ အရှေ့ဘက် ကီလိုမီတာ ၄၅၀ အကွာ၊ ဆာတီမြို့၏ ကမ်းခြေတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။
၎င်းရုပ်အလောင်းများကို ဆာတီ မြို့၏ အရှေ့ဘက် Harawa ဒေသတွင် ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း လခြမ်းနီအဖွဲ့အစည်းမှ ပြောကြားသည်။
၂၀၁၁ ခုနှစ်တွင် လစ်ဗျားနိုင်ငံ၌ လူထုအုံကြွမှုဖြစ်ပြီး လစ်ဗျားခေါင်းဆောင်မွမ်မာ ကဒါဖီ ကို ဖြုတ်ချပြီးနောက် ပိုင်းတွင် လစ်ဗြား၌ မလုံခြုံမှုများ နှင့် အဓိကရုဏ်းများဖြစ်ပွားလာသောကြောင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအနေဖြင့် လစ်ဗျားနိုင်ငံမှ တဆင့် မြေထဲပင်လယ်ကိုဖြတ်ပြီး ဥရောပနိုင်ငံများ သို့ သွားရန် လစ်ဗျားနိုင်ငံသည် ထွက်ခွါရာဆုံမှတ် တစ်ခုဖြစ်လာခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ အစောပိုင်းတွင် ထရီပိုလီမြို့ ၏ အရှေ့ဘက် ၂၅၀ ကီလိုမီတာ တွင်ရှိသော Misurata မြို့တွင် တရားမဝင်ရွှေ့ပြောင်းသွားလာသူ ၁၅ ဦးပါဝင်သည့်လှေတိမ်းမှောက်ခဲ့သေးကြောင်း လခြမ်းနီအဖွဲ့အစည်း မှပြောကြားခဲ့သည်။ (Xinhua)