Media
အမေရိကန် သမ္မတ ထရမ့်က အီရန်နှင့် အပစ်ရပ်မှုကို သက်တမ်းတိုးကြောင်း ကြေညာ
ဝါရှင်တန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က ဧပြီ ၂၁ ရက်တွင် လူမှုမီဒီယာ၌ ကြေညာချက်ထုတ်ပြန်၍ အီရန်ဘက်က ၎င်းတို့၏အစီအစဉ်တင်သွင်းကာ သက်ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုကို လုပ်ဆောင်ပြီးသည်အထိ အီရန်နှင့် အပစ်ရပ်မှုကာလကို သက်တမ်းတိုးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အီရန်အစိုးရက “အတွင်းပိုင်းမှာ ဆိုးရွားစွာပြိုကွဲနေပြီ” ဟု ထရမ့်က ကြေညာချက်တွင် ဆိုထားပြီး ပါကစ္စတန်အကြီးအကဲ၏ တောင်းဆိုချက်ဖြင့် “အီရန်အကြီးအကဲနဲ့ ကိုယ်စားလှယ်က သဘောထား တစ်ပြေးညီဖြစ်သော အစီအစဉ်တစ်ခု ထုတ်ဖော်ပြသနိုင်တဲ့အထိ အီရန်အပေါ် တိုက်ခိုက်မှု ယာယီရပ်နားထားဖို့ မိမိတို့ကို တောင်းဆိုထားပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ထရမ့်က ၎င်းအနေဖြင့် အမေရိကန်စစ်တပ်ကို အီရန်ဆိပ်ကမ်းအပေါ် ပင်လယ်ရေကြောင်းပို့ဆောင်ရေး ပိတ်ဆို့မှု ဆက်လက်လုပ်ဆောင်ကာ စစ်ပွဲအသင့်အနေအထားအား ထိန်းသိမ်းထားရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် ၎င်းအနေဖြင့် အီရန်ဘက်က ၎င်းတို့၏အစီအစဉ်တင်သွင်း၍ သက်ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုကို လုပ်ဆောင်ပြီးသည်အထိ အပစ်ရပ်မှုကို သက်တမ်းတိုးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုနေ့အစောပိုင်းတွင် ထရမ့်က ၎င်းအနေဖြင့် အီရန်နှင့် အပစ်ရပ်မှု သဘောတူညီချက်အား သက်တမ်းတိုးရန် မမျှော်လင့်ကြောင်း၊ အမေရိကန်စစ်တပ်အနေဖြင့် စစ်ပွဲအသင့်ပြင်ထားပြီးဖြစ်ရာ အပစ်ရပ်ကာလကုန်ဆုံးပြီးနောက် အီရန်အပေါ် ဗုံးကြဲတိုက်ခိုက်မှု ပြန်လည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမေရိကန်မီဒီယာ၏ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲသည်။
အမေရိကန်နှင့် အီရန်၏ နှစ်ပတ်ကြာ အပစ်ရပ်မှုသည် “ဝါရှင်တန် စံတော်ချိန် ဧပြီ ၂၂ ရက် ညပိုင်း” တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း၊ အမေရိကန် ဒုတိယသမ္မတ JD Vance သည် ပါကစ္စတန်သို့ သွားရောက်မည်ဖြစ်ပြီး အသစ်တစ်ကြိမ်ဆွေးနွေးညှိနှိုင်းမှုကို ဧပြီ ၂၁ ရက်တွင် စတင်မည်ဖြစ်ကြောင်း ထရမ့်က ဧပြီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
အီရန်ဘက်က ပါကစ္စတန်နိုင်ငံ မြို့တော်အစ္စလာမ်မာဘတ်၌ ဧပြီ ၂၂ ရက်တွင် ကျင်းပမည့် အီရန်-အမေရိကန် ဒုတိယအကြိမ်ဆွေးနွေးညှိနှိုင်းမှုကို တက်ရောက်ခြင်းအတွက် ဧပြီ ၂၁ ရက် ညပိုင်းတွင် တရားဝင်ငြင်းဆိုခဲ့ကြောင်း အီရန် Tasnim သတင်းဌာနက ဧပြီ ၂၁ ရက် ညပိုင်းတွင် သတင်းဖော်ပြခဲ့သည်။ (Xinhua)
——————
(Chinese Version)
特朗普宣布延长同伊朗的停火
新华社华盛顿4月21日电(记者黄强 徐剑梅)美国总统特朗普21日在社交媒体发表声明说,将延长同伊朗的停火期限,直至伊朗方面提交其方案并完成相关磋商。
特朗普在声明中说,伊朗政府“内部已严重分裂”,并称在巴基斯坦领导人的请求下,“我们被要求暂缓对伊朗发动进攻,直至其领导人及代表能够拿出一份意见一致的方案”。
特朗普说,他已指示美军继续维持对伊朗港口的海上交通封锁并保持战备状态;同时,他将延长停火,直至伊朗方面提交其方案并完成相关磋商。
当天早些时候,特朗普在接受美国媒体采访时还称,他不希望延长同伊朗的停火协议,美军已做好作战准备,在停火到期后恢复对伊朗的轰炸。
特朗普20日称,美国和伊朗两周停火将于“华盛顿时间22日晚”到期,美副总统万斯将前往巴基斯坦,新一轮谈判定于21日开始。据伊朗塔斯尼姆通讯社21日晚报道,伊朗方面当晚正式拒绝出席22日在巴基斯坦首都伊斯兰堡举行的伊美第二轮会谈。(完)
