Connect with us

China

ရပ်ဝန်းနှင့် ပိုးလမ်းမ၊ ကူမင်းမြို့မှ စတင်ထွက်ခွာပြီး လာအိုသို့ ရထားဖြင့် အလည်သွားခြင်း

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ တျန်းချီရေကန်နံဘေး ဟိုင်ဟုန်စိမ့်မြေဥယျာဉ်တွင် စင်ရော်ခေါင်းမဲငှက်များအား အစာကျွေးနေသော ခရီးသွားဧည့်သည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်းသည် မြောက်ဘက်တွင် တရုတ်နိုင်ငံ ကူမင်းမြို့မှ စတင်ပြီး တောင်ဘက်တွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့အထိ ရောက်ရှိကာ စုစုပေါင်း ၁,၀၃၅ ကီလိုမီတာ ရှည်လျားသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စတင်ပြေးဆွဲချိန်မှစ၍ ဤ “သံလမ်း ပိုးလမ်းမ” သည် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတကွတည်ဆောက်ခြင်း၏ စံပြစီမံကိန်းဖြစ်လာခဲ့သည်။

အရှိန်မြင့် မောင်းနှင်လျက်ရှိသော ရထားတွဲများက တစ်မြို့နှင့်တစ်မြို့ကြား အချိန်နေရာ အကွာအဝေးများကို နီးကပ်စေပြီး ကူမင်းမြို့မှ ဗီယင်ကျန်းမြို့သို့ နံနက်ပိုင်း ထွက်ခွာလျှင် ညနေပိုင်းရောက်ရှိသည့် ခရီးစဉ်ကို ဖော်ဆောင်နိုင်ခဲ့သည်။
၂၀၂၆ ခုနှစ် ဧပြီလအထိ တရုတ်-လာအို ရထားလမ်းမှ နယ်စပ်ဖြတ်ကျော် ခရီးသွားဧည့်သည် ခရီးစဉ်အကြိမ်ရေ စုစုပေါင်း ၈၀၀,၀၀၀ ကျော်ကို ပို့ဆောင်ပေးခဲ့ပြီး “ရထားဖြင့် နိုင်ငံဖြတ်ကျော်ခရီးသွားခြင်း” သည် ဒေသတွင်း ခရီးသွားခြင်း ရေပန်းစားမှုအသစ် ဖြစ်လာခဲ့သည်။ ရထားလမ်းသည် ကူမင်း၊ ရှစ်ဆောင်ပဏ္ဏား၊ လွမ်ပရာဘန်၊ ဗီယင်ကျန်း စသည့် ခရီးသွားမြို့များကို ချိတ်ဆက်ပေးထားရာ ရထားလမ်းတစ်လျှောက် စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းစွာ တွန်းအားပေးခဲ့သည်။

၂၀၂၆ ခုနှစ် ဧပြီ ၁၃ ရက်သည် တရုတ်-လာအို ရထားလမ်း၏ အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်ရထား လည်ပတ်ပြေးဆွဲသည့် ၃ နှစ်ပြည့် နှစ်ပတ်လည်ဖြစ်သည်။ တရုတ်-လာအို ရထားလမ်းသည် တောတောင်ပင်လယ်များ ကျော်ဖြတ်၍ ပြည်သူများ၏ ချစ်ကြည်ရင်းနှီးမှုကို ချိတ်ဆက်ပေးခဲ့သည်။ Fuxing EMU ရထား၊ Lane Xang EMU ရထားတို့သည် ဤအရေးပါသော သံလမ်းကြောင်းတစ်လျှောက်မှ ဘုံကြွယ်ဝချမ်းသာမှုရှိသော သာယာလှပသည့်အနာဂတ်ဆီသို့ မောင်းနှင်လျက်ရှိသည်။ (Xinhua)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ မောင်းနှင်နေသော ရထားတွဲပေါ်တွင် သရုပ်ဆောင်များ ဖျော်ဖြေနေကြသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………..
(Chinese Version)
一带一路故事绘 | 始发昆明 坐着动车去老挝
新华社照片,昆明,2026年4月23日
中老铁路北起中国昆明、南至老挝万象,全长1035公里。自2021年12月通车以来,这条“钢铁丝路”已成为高质量共建“一带一路”的标杆工程。
飞驰的列车拉近了城市间的时空距离,实现了昆明至万象的朝发夕至。截至2026年4月,中老铁路累计发送跨境旅客突破80万人次,“坐着火车跨国游”成为区域旅游新时尚。铁路串联起昆明、西双版纳、琅勃拉邦、万象等旅游城市,有力带动了沿线经济社会发展。
2026年4月13日,中老铁路国际旅客列车迎来开通运营三周年。中老铁路跨越山海、联通民心。一列列“复兴号”“澜沧号”正沿着这条钢铁动脉,驶往共同繁荣的美好未来。
图说1:2025年12月10日,游客在云南省昆明市滇池畔的海洪湿地公园喂红嘴鸥(无人机照片)。新华社记者 彭奕凯 摄
图说2:2026年4月14日,演员在昆明开往万象的列车上表演。 新华社记者 陈益宸 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.