China
တရုတ်နိုင်ငံ ဟူနန်ပြည်နယ်တွင် အိမ်သုံးစွန့်ပစ်ပစ္စည်းများက အစိမ်းရောင် လျှပ်စစ်ဓာတ်အားအဖြစ် အသွင်ကူးပြောင်း
ချန်ရှား၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)
ဟေးမီဖုန်းပတ်ဝန်းကျင်ထိန်းသိမ်းရေးဥယျာဉ်မှာ ချန်ရှားမြို့ ဝမ့်ချိန်ခရိုင်တွင် တည်ရှိသော ပြည့်စုံသည့် အကြီးစား ပတ်ဝန်းကျင်ထိန်းသိမ်းရေး စက်မှုဥယျာဉ်ဖြစ်သည်။ ၎င်းဥယျာဉ်၏ နေ့စဉ် အိမ်သုံးစွန့်ပစ်ပစ္စည်းများကို စီမံဆောင်ရွက်နိုင်စွမ်းမှာ တန်ချိန် ၁၀,၀၀၀ အထိရှိပြီး ရွှံ့နွံများမှာ တန်ချိန် ၁,၀၀၀ အထိ ရှိသည်။ အမှိုက်များကို မီးရှို့ခြင်းဖြင့် ဥယျာဉ်က နှစ်စဉ် အစိမ်းရောင် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၁.၇ ဘီလီယံကျော် ထုတ်လုပ်ပေးပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုကို နှစ်စဉ် တန်ချိန် ၁.၂ သန်းကျော် လျှော့ချပေးကြောင်း သိရသည်။
ထို့အပြင် ပြည်နယ်အတွင်း ဂေဟဗေဒဆိုင်ရာ ပတ်ဝန်းကျင်သိပ္ပံ လူကြိုက်များလာစေရန်နှင့် ပညာရေးအတွက် အခြေခံအဖြစ် အဆိုပါဥယျာဉ်ကို ၂၀၂၁ ခုနှစ်မှစ၍ အများပြည်သူအတွက် ဖွင့်လှစ်ပေးသောရက်များတွင် လာရောက်လည်ပတ်သူ ၄၀,၀၀၀ ကျော်ကို လက်ခံခဲ့ပြီးဖြစ်ကာ အမှိုက်အမျိုးအစားခွဲခြားခြင်းနှင့် အစိုင်အခဲအမှိုက်များအား အသုံးချခြင်းဆိုင်ရာ အသိပညာများကို ပြည်သူလူထုအကြား လူသိများလာစေခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် ချန်ရှားမြို့ရှိ ဟေးမီဖုန်းပတ်ဝန်းကျင်ထိန်းသိမ်းရေး စက်မှုဥယျာဉ်၏ အတွင်းဘက်မြင်ကွင်းတစ်နေရာကို ၂၀၂၆ ခုနှစ် ဧပြီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် ချန်ရှားမြို့ရှိ ဟေးမီဖုန်းပတ်ဝန်းကျင်ထိန်းသိမ်းရေး စက်မှုဥယျာဉ်တွင် အမှိုက်များအား မီးရှို့ဖျက်ဆီးသည့် မီးပြင်းဖိုထဲသို့ အမှိုက်များ ပို့ဆောင်ပေးနေသည့် စက်ယန္တရားလက်တံများကို ၂၀၂၆ ခုနှစ် ဧပြီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် ချန်ရှားမြို့ရှိ ဟေးမီဖုန်းပတ်ဝန်းကျင်ထိန်းသိမ်းရေး စက်မှုဥယျာဉ်၏ ဗဟိုထိန်းချုပ်ခန်း၌ စက်ပစ္စည်းများ၏လည်ပတ်မှုအား စောင့်ကြည့်နေသော ဝန်ထမ်းများကို ၂၀၂၆ ခုနှစ် ဧပြီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် ချန်ရှားမြို့ရှိ ဟေးမီဖုန်းပတ်ဝန်းကျင်ထိန်းသိမ်းရေး စက်မှုဥယျာဉ်တွင် (အမှိုက်များအား မီးရှို့ဖျက်ဆီးသည့်) မီးပြင်းဖိုထဲသို့ အမှိုက်များ ပို့ဆောင်ပေးအောင် စက်ယန္တရားလက်တံများအား ဆောင်ရွက်စီမံနေသည့် ဝန်ထမ်းများကို ၂၀၂၆ ခုနှစ် ဧပြီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………….
(English Version)
Household waste turns into green electricity in China’s Hunan
CHANGSHA, April 23 (Xinhua) — The Heimifeng environmental protection park is a large-scale comprehensive environmental protection industrial park located in Wangcheng District of Changsha City. The park’s daily processing capacity of household waste reaches 10,000 tonnes and that of sludge is 1,000 tonnes. Through waste incineration, the park generates over 1.7 billion kilowatt-hours of green electricity annually and reduces carbon dioxide emissions by over 1.2 million tonnes each year.
In addition, as a base for ecological environment science popularization and education in the province, since 2021, the park has received more than 40,000 visitors on public open days, popularizing knowledge about garbage classification and solid waste utilization among the public. ■
English Caption 1
A drone photo taken on April 22, 2026 shows a view of the Heimifeng environmental protection park in Changsha City, central China’s Hunan Province. (Xinhua/Chen Zhenhai)
English Caption 2
This undated file photo shows a view inside the Heimifeng environmental protection park in Changsha City, central China’s Hunan Province. (Xinhua/Chen Zhenhai)
English Caption 3
Mechanical arms are pictured transporting waste into the incinerator in the Heimifeng environmental protection park in Changsha City, central China’s Hunan Province on April 22, 2026. (Xinhua/Chen Zhenhai)
English Caption 4
Staff members monitor the operation of facilities at the central control room of the Heimifeng environmental protection park in Changsha City, central China’s Hunan Province on April 22, 2026. (Xinhua/Chen Zhenhai)
English Caption 5
Staff members operate mechanical arms to transport waste into the incinerator in the Heimifeng environmental protection park in Changsha City, central China’s Hunan Province on April 22, 2026. (Xinhua/Chen Zhenhai)
