Connect with us

International Organizations

လာမင်း ယမားလ်၏ ဒဏ်ရာအတွက် ဆေးစစ်ချက်ရလဒ်က ဘာစီလိုနာအတွက် သတင်းဆိုးဖြစ်လာ

စပိန်နိုင်ငံ ဘာစီလိုနာမြို့ရှိ Spotify Camp Nou အားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဧပြီ ၂၂ ရက်က ဘာစီလိုနာအသင်းနှင့် ဆယ်လ်တာဗီဂိုအသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်၌ ဘာစီလိုနာအသင်းမှ လာမင်း ယမားလ် (အောက်) ဒဏ်ရာရရှိခဲ့စဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

ဘာစီလိုနာအသင်း၏ စပိန်လက်ရွေးစင် တောင်ပံကစားသမား လာမင်း ယမားလ်မှာ ဧပြီ ၂၂ ရက် ညပိုင်းက တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပြီးနောက် ဘာစီလိုနာအသင်း၏ ရာသီလက်ကျန် ပွဲစဉ်များကို လွဲချော်မည်ဖြစ်သော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
ဧပြီ ၂၂ ရက်က အိမ်ကွင်းနူးကမ့်၌ ဆယ်လ်တာဗီဂိုကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်၌ ယမားလ်မှာ ဘာစီလိုနာအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပင်နယ်တီမှတစ်ဆင့် သွင်းယူပြီးနောက် ကွင်းထဲတွင် လှဲချခဲ့ရပြီး ၎င်းအား ကွင်းပြင်သို့ တွဲ၍ခေါ်ထုတ်ခဲ့ရသည်။
အသက် ၁၈ နှစ်အရွယ် ယမားလ်မှာ ဧပြီ ၂၃ ရက် နံနက်ပိုင်းတွင် ဆေးစစ်မှုခံယူခဲ့ပြီးနောက် အသင်းဘက်က ဆေးစစ်ချက်ရလဒ်ကို ထုတ်ပြန်ခဲ့ရာ ဘာစီလိုနာအတွက် သတင်းဆိုးဖြစ်ခဲ့သော်လည်း စပိန်အသင်းနည်းပြ လူးဝစ်စ် ဒယ်လာဖွန်တေးအတွက်မူ သတင်းကောင်းဖြစ်ခဲ့သည်။

“ဧပြီ ၂၃ ရက် ဆေးစစ်ချက်အရ ပထမအသင်းကစားသမား လာမင်း ယမားလ်ဟာ ဘယ်ဘက်ခြေထောက်မှာ တံကောက်ကြောဒဏ်ရာ ရရှိထားပါတယ်” ဟု ဘာစီလိုနာအသင်း ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။
“ကစားသမားအနေနဲ့ လုပ်ရိုးလုပ်စဉ် ကုသမှုအစီအစဉ်အတိုင်း လုပ်ဆောင်သွားမှာပါ။ သူဟာ လိဂ်ပြိုင်ပွဲရဲ့ ရာသီလက်ကျန်ပွဲစဉ်တွေကို လွဲချော်မှာဖြစ်ပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားနိုင်မယ်လို့ မျှော်လင့်ရပါတယ်” ဟုလည်း ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။
သို့ဖြစ်၍ ယမားလ်အနေဖြင့် ယခုသီတင်းပတ်ကုန်၌ ဂီတာဖေးအသင်းနှင့် အဝေးကွင်းပွဲစဉ်ကို လွဲချော်မည်ဖြစ်သလို နောက်ထပ် ပွဲကျပ်တစ်ပွဲဖြစ်သည့် အိုဆာဆူနာအသင်းနှင့် မေ ၂ ရက် အဝေးကွင်းပွဲစဉ်အပြင် ယခုရာသီ လာလီဂါချန်ပီယံဆုအတွက် အဆုံးအဖြတ်ပေးဖွယ်ရှိသည့် မေ ၁၀ ရက်တွင် ရီးရဲလ်မက်ဒရစ်အသင်းကို နူးကမ့်၌ ဧည့်ခံကစားရမည့် ပွဲစဉ်တို့ကိုပါ ဆက်လက်လွဲချော်မည်ဖြစ်သည်။

ထို့နောက် ဘာစီလိုနာအသင်းအနေဖြင့် အလာဗက်စ်၊ ဘက်တစ်၊ ဗလင်စီယာအသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်များဖြင့် ရာသီပိတ်သိမ်းမည်ဖြစ်သည်။
စပိန်အသင်းမှာမူ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်အဖြစ် ဇွန် ၁၅ ရက်တွင် ကိတ်ဗာဒီအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ (Xinhua)

စပိန်နိုင်ငံ ဘာစီလိုနာမြို့ရှိ Spotify Camp Nou အားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဧပြီ ၂၂ ရက်က ဘာစီလိုနာအသင်းနှင့် ဆယ်လ်တာဗီဂိုအသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်၌ ဘာစီလိုနာအသင်းမှ လာမင်း ယမားလ် (ဝဲ-ဒုတိယ) ၏ ထိုးဖောက်ကစားပုံကို တွေ့ရစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က ဘာစီလိုနာအသင်းနှင့် မာယော့ကာအသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်၌ ဘာစီလိုနာအသင်းမှ လာမင်း ယမားလ် ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

……………….
(English Version)
Bad news for Barcelona as tests show extent of Lamine Yamal injury
MADRID, April 23 (Xinhua) — FC Barcelona’s Spain international winger Lamine Yamal will miss the rest of the domestic season but is expected to be fit for the World Cup finals after suffering a hamstring injury on Wednesday night.
Yamal went to ground while taking the penalty that gave Barcelona a 1-0 win over Celta Vigo at Camp Nou and had to be helped off the pitch.
The 18-year-old underwent tests on Thursday morning, with the club issuing a statement that brought bad news for Barcelona but better news for Spain coach Luis de la Fuente.
“Tests this Thursday have confirmed that first-team player Lamine Yamal has suffered a hamstring injury in his left leg.”
“The player will follow a conservative treatment plan. He will miss the remainder of the league season but is expected to be available for the World Cup,” the Barcelona website said.
That means Yamal will miss this weekend’s trip to Getafe and another difficult away game against Osasuna on May 2 before Barcelona hosts Real Madrid at Camp Nou on May 10 in a match that could decide this season’s La Liga title.
Barcelona ends the season with matches against Alaves, Betis and Valencia.
Spain opens its World Cup campaign against Cape Verde on June 15.
English Caption 1
Lamine Yamal (bottom) of FC Barcelona gets injured during the La Liga football match between FC Barcelona and RC Celta in Spotify Camp Nou, Barcelona, Spain, on April 22, 2026. (Photo by Joan Gosa/Xinhua)
English Caption 2
Lamine Yamal (2nd L) of FC Barcelona breaks through during the La Liga football match between FC Barcelona and RC Celta in Spotify Camp Nou, Barcelona, Spain, on April 22, 2026. (Photo by Joan Gosa/Xinhua)
English Caption 3
Lamine Yamal of Barcelona celebrates his score during La Liga football match between FC Barcelona and RCD Mallorca in Barcelona, Spain, Feb. 7, 2026. (Photo by Joan Gosa/Xinhua)