Connect with us

China

အမေရိကန်ဘက်က အခွန်ပြန်အမ်းမှု လုပ်ဆောင်ချက်သည် အမှားပြင်ဆင်သည့်လမ်းကြောင်းတွင် အကျိုးရှိသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဆို

တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟယ်ရုန်ချန်အား ၂၀၂၆ ခုနှစ် ဧပြီ ၂၃ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Commerce of the People’s Republic of China)

ပေကျင်း၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် မည်သည်အသွင်ပုံစံဖြင့်မဆို တစ်ဖက်သတ် စည်းကြပ်ခွန်ကောက်ခံခြင်း အစီအမံကို အစဉ်တစိုက်ကန့်ကွက်ကြောင်း၊ အမေရိကန်ဘက်၏ အလားတူစည်းကြပ်ခွန်၊ ဖန်တာနိုင်းလ်စည်းကြပ်ခွန် စသည့် တစ်ဖက်သတ်အစီအမံများသည် နိုင်ငံတကာကုန်သွယ်စီးပွားရေး စည်းမျဉ်းစည်းကမ်းအား ချိုးဖောက်နေသလို အမေရိကန်ပြည်တွင်းဥပဒေကိုလည်း ချိုးဖောက်နေသည့်အပြင် တစ်ကမ္ဘာလုံး ကုန်သွယ်စီးပွားရေး စည်းစနစ်ကို အန္တရာယ်ဖြစ်စေပြီး ဘက်အသီးသီး၏ အကျိုးစီးပွားနှင့် ကိုက်ညီမှုမရှိကြောင်း၊ အမေရိကန်ဘက်က အခွန်ပြန်အမ်းမှုလုပ်ဆောင်ချက်သည် အမှားပြင်ဆင်သည့် လမ်းကြောင်းတွင် အကျိုးရှိသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟယ်ရုန်ချန်က ဧပြီ ၂၃ ရက်တွင် သတင်းထောက်၏ မေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထိုနေ့တွင်ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်က အမေရိကန်အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေးဌာနက ဧပြီ ၂၀ ရက်တွင် သက်ဆိုင်ရာစည်းကြပ်ခွန်များ၏ ပြန်အမ်းမှုလုပ်ငန်းစတင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ယင်းအပေါ် မည်ကဲ့သို့ မှတ်ချက်ပြုလိုသနည်း၊ တရုတ်နိုင်ငံ ပို့ကုန်ကုမ္ပဏီများ၏ အကျိုးစီးပွားအား မည်ကဲ့သို့ ကာကွယ်ထိန်းသိမ်းမည်နည်းဟု မေးမြန်းခဲ့သည်။
“ရှင်းလင်းပြောကြားလိုတာက ဒီစည်းကြပ်ခွန်တွေကို အမေရိကန်အကောက်ခွန်ဌာနက အမေရိကန် တင်ပို့သူကုန်သည်တွေဆီက တိုက်ရိုက်ကောက်ခံပြီး နောက်ဆုံးမှာ အမေရိကန်စားသုံးသူတွေက ကျခံရတာဖြစ်ပါတယ်။ တရုတ်နိုင်ငံ ပို့ကုန်ကုမ္ပဏီတွေအနေနဲ့ မိမိလက်တွေ့အခြေအနေနဲ့ပေါင်းစပ်ပြီး သက်ဆိုင်ရာအကျိုးစီးပွားပတ်သက်သူတွေနဲ့ ချိတ်ဆက်ကာ မိမိရဲ့ တရားဝင်မှန်ကန်သောအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းဖို့ မိမိတို့အနေနဲ့ အကြံပြုချင်ပါတယ်” ဟု ဟယ်ရုန်ချန်က ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
商务部:美方退税举措是在纠正错误道路上的有益一步
新华社北京4月23日电(记者谢希瑶、潘洁)商务部新闻发言人何咏前23日在回答记者提问时说,中方一贯反对任何形式的单边加征关税措施。美方对等关税、芬太尼关税等单边措施既违反国际经贸规则,也违反美国内法,危害全球经贸秩序,不符合各方利益。美方退税举措,是在纠正错误道路上的有益一步。
在商务部当天举行的例行新闻发布会上,有记者问,美国海关与边境保护局20日启动相关关税的退款工作。请问商务部对此有何评论?如何维护中国出口企业的利益?
“需要说明的是,这些关税由美海关向美进口商直接收取,并最终由美消费者承担。我们建议中国出口企业,结合自身实际,积极与有关利益相关方沟通,维护自身合法正当权益。”何咏前说。(完)