China
အာရှသဲသောင်ပြင် အားကစားပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ ကျန်းက အမြင့်ခုန်အားကစား၌ ငွေတံဆိပ်ဆွတ်ခူး
ဆန်းရ၊ တရုတ်နိုင်ငံ၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဆန်းရမြို့တွင် ဧပြီ ၂၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ခုနှစ် အာရှသဲသောင်ပြင် အားကစားပြိုင်ပွဲ အမျိုးသားအမြင့်ခုန် အားကစားနည်း၌ တရုတ်နိုင်ငံမှ အမြင့်ခုန်အားကစားသမား ကျန်းဟောက်က ငွေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံမှ လီယိုနာ့ဒ် ဂရော့စ်ပီမှာ ၂.၀၅ မီတာ၌ ကျန်းနှင့် ရမှတ်တူအနေအထားတွင် ရှိနေသော်လည်း အဆုံးအဖြတ်ပွဲစဉ် ယှဉ်ပြိုင်ရာတွင် အကြိမ်အနည်းငယ်လျော့ကာ ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် ချန်ပီယံဆု ဆွတ်ခူးသွားခဲ့ခြင်းဖြစ်သည်။ ၂.၀၅ မီတာ၌ပင် အမြင့်ခုန်ခဲ့သည့် တရုတ် (ထိုင်ပေ) မှ ယဲ့ပေါ်ထျင်က ကျန်းနှင့် ပူးတွဲဒုတိယအဖြစ် ရပ်တည်နိုင်ခဲ့သည်။
တရုတ်နိုင်ငံတွင် ကျင်းပခဲ့သည့် ၁၅ ကြိမ်မြောက် အမျိုးသားအားကစားပြိုင်ပွဲ၌ ကြေးတံဆိပ်ဆွတ်ခူးခဲ့သည့် ကျန်းမှာ ၁.၈၀ မီတာ၊ ၁.၉၀ မီတာနှင့် ၂.၀၀ မီတာတို့တွင် တစ်ကြိမ်တည်းဖြင့် ကျော်ဖြတ်နိုင်ခဲ့သည်။ ၎င်းအနေဖြင့် ၂.၀၅ မီတာ၌ နှစ်ကြိမ်ခုန်ကာ ကျော်ဖြတ်နိုင်ခဲ့သော်လည်း ၂.၁၀ မီတာ၌မူ ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိပေ။
“သဲသောင်ပြင်ပေါ်မှာ ပြိုင်ပွဲဝင်တဲ့အခါ လိုက်လျောညီထွေဖြစ်စေဖို့ ကျွန်တော် ပြေးပြီးအရှိန်ယူတဲ့ပုံစံကို ပြောင်းလဲခဲ့တယ်။ ဒါပေမဲ့ ၂.၀၀ မီတာကို ကျော်ဖြတ်ပြီးချိန်မှာ ၂.၀၅ မီတာကို အရင်ပုံစံအတိုင်း ကျော်ဖြတ်ဖို့ကြိုးစားခဲ့မိလို့ ပထမတစ်ကြိမ်မှာ မအောင်မြင်ခဲ့တာပါ။ နောက်တော့ ကျွန်တော် အရှိန်ယူတဲ့ပုံစံကို ပြန်ပြီးပြင်ဆင်နိုင်ခဲ့လို့ အောင်မြင်မှုရခဲ့တာပါ” ဟု ကျန်းက ဆင်ဟွာသို့ ပြောသည်။
“ကျွန်တော် သဲသောင်ပြင်နဲ့ ပိုပြီးကျင့်သားရအောင်လုပ်ချင်တာမို့လို့ ၁.၈၀ မီတာကို မကျော်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ပုံမှန်အတိုင်း ဖန်တီးထားတဲ့ လမ်းကြောင်းတစ်ခုမှာဆိုရင် ကျွန်တော် စစချင်း ပိုမြင့်တဲ့အရာကို ရွေးဖြစ်မှာပါ။ ဒါပေမဲ့ ကျွန်တော့်ခြေချင်းဝတ်က တော်တော်လေးနာနေလို့ ဒီနေ့တော့ အန္တရာယ်မရှိအောင် ထိန်းကစားခဲ့တာပါ။ ကျွန်တော့်ရည်မှန်းချက်က ဒဏ်ရာအနာတရမဖြစ်အောင် ရှောင်ရှားပြီး ဒီပြိုင်ပွဲကို ချောချောမွေ့မွေ့နဲ့ အဆုံးသတ်နိုင်ဖို့ပါပဲ” ဟု ကျန်းက ဆက်လက်ပြောသည်။
အမျိုးသမီး အလျားခုန်ပြိုင်ပွဲတွင် ဗီယက်နမ်နိုင်ငံမှ Ha Thi Thuy Hang က ၆.၁၆ မီတာခုန်ကာ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည်။ သီရိလင်္ကာနိုင်ငံမှ Ishara Wikramasinha Arachchi က ၅.၈၇ မီတာဖြင့် ဒုတိယရရှိခဲ့ကာ ၎င်းနှင့်တစ်နိုင်ငံတည်းသူဖြစ်သော Ishani Galabadage က ၅.၈၃ မီတာဖြင့် တတိယရရှိခဲ့သည်။ တရုတ်နိုင်ငံမှ ချန်လိဝန်နှင့် လီကျစ်စွမ်း တို့ကမူ ပဉ္စမနှင့် ဒသမ အသီးသီးရရှိခဲ့သည်။
အခြားပြိုင်ပွဲများတွင် ဟွမ်ရိုချောင်း၊ လျိုယန် ၊ရွှီကျားလု နှင့် လီဟဲ့တို့ အပါအဝင် တရုတ်တာတိုအပြေးသမားအားလုံးမှာ ဧပြီ ၂၅ ရက်၌ ကျင်းပမည့် အမျိုးသားနှင့် အမျိုးသမီး ၆၀ မီတာ ဗိုလ်လုပွဲသို့ တက်ရောက်ခွင့်ရရှိခဲ့ကာ အဆိုပါနေ့၌ အမျိုးသမီးသံလုံးပစ်ပြိုင်ပွဲနှင့် အမျိုးသားအလျားခုန်ပြိုင်ပွဲ ဗိုလ်လုပွဲတို့ကိုလည်း ကျင်းပသွားမည်ဟု သိရသည်။ (Xinhua)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဆန်းရမြို့တွင် ၂၀၂၆ ခုနှစ် ဧပြီ ၂၄ ရက်က ကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် အာရှသဲသောင်ပြင် အားကစားပြိုင်ပွဲ အမျိုးသား သဲသောင်ပြင်အမြင့်ခုန်အားကစား ဗိုလ်လုပွဲ၌ တရုတ်နိုင်ငံမှ ကျန်းဟောက်၏ ပြိုင်ပွဲဝင်မှုကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဆန်းရမြို့တွင် ၂၀၂၆ ခုနှစ် ဧပြီ ၂၄ ရက်က ကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် အာရှသဲသောင်ပြင် အားကစားပြိုင်ပွဲ၌ အမျိုးသမီး သဲသောင်ပြင် အလျားခုန်ပြိုင်ပွဲအပြီးတွင် အမှတ်တရဓာတ်ပုံရိုက်နေသည့် ဗီယက်နမ်နိုင်ငံမှ Ha Thi Thuy Hang (ယာ) နှင့် Vu Thi Ngoc Ha တို့အား တွေ့ရစဉ် (ဆင်ဟွာ)


……………….
(English Version)
China’s Zhang takes high jump silver at Asian Beach Games
SANYA, China, April 24 (Xinhua) — Chinese high jumper Zhang Hao took the silver medal in the men’s high jump at the 2026 Asian Beach Games here on Friday.
Leonard Grospe of the Philippines tied with Zhang on 2.05m, but won the title on countback after having made fewer attempts. Yeh Po-Ting of Chinese Taipei, who also jumped 2.05m, tied with Zhang for second place.
Zhang, bronze medalist at China’s 15th National Games, cleared 1.80m, 1.90m and 2.00m on his first attempt. He cleared 2.05m after two attempts but failed to conquer 2.10m.
“In adapting to compete on the beach, I changed my run-up. However, when I marked 2.00m, I tried to clear 2.05m by using my old run-up, which cost me my first attempt. Then I changed my run-up again and succeeded,” Zhang told Xinhua.
“I chose not to skip 1.80m because I wanted to get more accustomed to the sand. On a normal synthetic track I would choose a higher starting height, but today I played it safe because my ankle was quite painful. My goal was to finish the event smoothly and avoid injury,” Zhang added.
Ha Thi Thuy Hang of Vietnam clinched the women’s long jump title with a leap of 6.16m. Ishara Wikramasinha Arachchi of Sri Lanka took second place with 5.87m, with her compatriot Ishani Galabadage ranking third with 5.83m. China’s Chen Liwen and Li Zhishuang finished fifth and tenth respectively.
Elsewhere, all Chinese sprinters, including Huang Youchao, Liu Yang, Xu Jialu and Li He, qualified for men’s and women’s 60m final scheduled for Saturday, when the women’s shot put and men’s long jump finals will also be held.
English Caption 1
Gold medalist Leonard Grospe (R) of the Philippines, silver medalists Zhang Hao (L) of China and Yeh Po-Ting of Chinese Taipei pose for photos during the awarding ceremony of the men’s high jump of beach athletics at the 6th Asian Beach Games in Sanya, south China’s Hainan Province, April 24, 2026. (Xinhua/Pan Yulong)
English Caption 2
Zhang Hao of China competes during the men’s high jump final of beach athletics at the 6th Asian Beach Games in Sanya, south China’s Hainan Province, April 24, 2026. (Xinhua/Zhu Zheng)
English Caption 3
Ha Thi Thuy Hang (R) and Vu Thi Ngoc Ha of Vietnam pose for photos after the women’s long jump of beach athletics at the 6th Asian Beach Games in Sanya, south China’s Hainan Province, April 24, 2026. (Xinhua/Pan Yulong)
