Connect with us

International Organizations

လက်ရှိချန်ပီယံ အယ်လ်ကာရက်ဇ်က လက်ကောက်ဝတ်ဒဏ်ရာကြောင့် ပြင်သစ်အိုးပင်းနှင့် လွဲချော်မည်

စပိန်နိုင်ငံ မြိုတော်မက်ဒရစ်တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် Laureus World Sports Awards ဆုပေးပွဲအခမ်းအနားအတွင်း ယခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး အမျိုးသားအားကစားသမားဆု ဆုနှင့်အတူ အမှတ်တရဓာတ်ပုံရိုက်နေသည့် ကာလို့စ်အယ်လ်ကာရက်ဇ်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

Grand Slam ချန်ပီယံဆုကို ခုနစ်ကြိမ်တိုင်တိုင်ရရှိထားသည့် ကမ္ဘာ့နံပါတ် ၂ တင်းနစ်ကစားသမား ကာလို့စ် အယ်လ်ကာရက်ဇ်က ၎င်းအနေဖြင့် တာရှည်ဒဏ်ဖြစ်နေသော ယာဘက်လက်ကောက်ဝတ်ဒဏ်ရာကြောင့် လာမည့် အီတလီအိုးပင်းနှင့် ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲများနှင့် လွဲချော်မည်ဖြစ်ကြောင်း ဧပြီ ၂၄ ရက်၌ ပြောကြားခဲ့သည်။
၎င်း၏ ယာဘက်လက်ကောက်ဝတ်နှင့်ပတ်သက်၍ ဆေးဘက်ဆိုင်ရာစမ်းသပ်မှုရလဒ်များ ရရှိပြီးနောက် ၎င်းနှင့် ၎င်း၏အသင်းအနေဖြင့် ဆင်ခြင်သင့်ဆုံးသောအရာမှာ သတိရှိရန်နှင့် အဆိုပါပြိုင်ပွဲများတွင် မပါဝင်ရန်ဖြစ်သည်ဟု ဆုံးဖြတ်လိုက်ကြောင်း အယ်လ်ကာရက်ဇ်က လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။
“ဒါက ကျွန်တော့်အတွက် ခက်ခဲတဲ့အချိန်ပါ၊ ဒါပေမဲ့ ကျွန်တော်တို့တွေ ဒီအခြေအနေကနေ ပိုပြိးတော့ သန်မာစွာ ရုန်းထွက်နိုင်မှာ အသေအချာပါပဲ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အသက် ၂၂ နှစ်အရွယ် စပိန်ကစားသမား အယ်လ်ကာရက်ဇ်က လွန်ခဲ့သည့်သီတင်းပတ်က ဘာစီလိုနာအိုးပင်းပြိုင်ပွဲတွင် ပထမအဆင့်ပွဲစဉ်အတွင်း အဆိုပါဒဏ်ရာကို ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းက ဖင်လန်နိုင်ငံသား Otto Virtanen ကို အနိုင်ယူခဲ့သော်လည်း ယင်းပြိုင်ပွဲမှ နုတ်ထွက်ခဲ့ပြီး ယခုသီတင်းပတ်၏ မက်ဒရစ်မာစတာပြိုင်ပွဲမှလည်း နုတ်ထွက်ကြောင်း ဧပြီ ၁၇ ရက်၌ ကြေညာခဲ့သည်။

အယ်လ်ကာရက်ဇ်က ယခုရာသီတွင် ၂၂ ပွဲနိုင် ၃ ပွဲရှုံး စံချိန်ကို ရရှိထားခဲ့ပြီး ဇန်နဝါရီလက သြစတြေးလျအိုးပင်းပြိုင်ပွဲတွင် အနိုင်ရပြီးနောက် Grand Slam ပြိုင်ပွဲကို ပြီးဆုံးအောင် ကစားနိုင်သည့် အသက်အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့သည်။ ၎င်းက Monte Carlo Masters ဗိုလ်လုပွဲ၌မူ အီတလီနိုင်ငံသား Jannik Sinner ကို ရှုံးနိမ့်ခဲ့ရာ Sinner က ကမ္ဘာ့အဆင့် ၁ နေရာကို ပြန်လည်ရရှိခဲ့သည်။
အယ်ကာရက်ဇ်က ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်တို့တွင် ပြင်သစ်အိုးပင်းချန်ပီယံဆုကို နှစ်နှစ်ဆက်တိုက် ရရှိခဲ့သည်။ လွန်ခဲ့သည့်နှစ် ဗိုလ်လုပွဲတွင် Sinner နှင့်ယှဉ်ပြိုင်ရာ၌ အယ်လ်ကာရက်ဇ်က ချန်ပီယံရှစ်အမှတ် သုံးမှတ် ရယူနိုင်ခဲ့ပြီး အဆိုပါပွဲစဉ်က သမိုင်းတစ်လျှောက် အချိန်အကြာဆုံး ပြင်သစ်အိုးပင်းဗိုလ်လုပွဲဖြစ်ခဲ့သည်။
“ကျွန်တော်တို့အားလုံးအတွက် ဝမ်းနည်းစရာသတင်းပါပဲ၊ ကျွန်တော်က ပြိုင်ဘက်တစ်ယောက်အနေနဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေနဲ့ ယှဉ်ပြိုင်ကစားချင်သလို သူကလည်း ဒီတင်းနစ်လောကမှာ အကောင်းဆုံးကစားသမားပါပဲ” ဟု Sinner က ဧပြီ ၂၄ ရက်၌ မက်ဒရစ်အိုးပင်းပြိုင်ပွဲတွင် ဒုတိယအဆင့်ပွဲစဉ်ကို အနိုင်ရပြီးနောက် ပြောကြားခဲ့သည်။ အယ်လ်ကာရက်ဇ်မှာ ဝင်မ်ဘယ်လ်ဒန်ပြိုင်ပွဲအတွက် အချိန်မီပြန်လာလိမ့်မည်ဟု ၎င်းအနေဖြင့် မျှော်လင့်ကြောင်းလည်း Sinner က ပြောကြားခဲ့သည်။ (Xinhua)

ဩစတြေးလျအိုးပင်းပြိုင်ပွဲတွင် အမေရိကန်နိုင်ငံမှ တွန်မီပေါလ်နှင့် ယှဉ်ပြိုင်ကစားရသည့် အမျိုးသားတစ်ဦးချင်း စတုတ္ထအဆင့်ပွဲစဉ်အတွင်း အမှတ်ရရှိပြီးနောက် အောင်ပွဲခံနေသည့် စပိန်နိုင်ငံမှ ကာလို့စ်အယ်လ်ကာရက်ဇ်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကာတာနိုင်ငံ မြို့တော်ဒိုဟာတွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ATP ကာတာအိုးပင်းတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲ၌ ပြင်သစ်နိုင်ငံမှ Arthur Fils နှင့် စပိန်နိုင်ငံမှ ကာလို့စ်အယ်လ်ကာရက်ဇ်တို့၏ အမျိုးသားတစ်ဦးချင်းဗိုလ်လုပွဲစဉ်ပြီးနောက် ဆုပေးပွဲအတွင်း ဆုနှင့်အတူ အမှတ်တရဓာတ်ပုံရိုက်နေသည့် ချန်ပီယံ ကာလို့စ်အယ်လ်ကာရက်ဇ်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………..
(English Version)
Defending champion Alcaraz to miss French Open due to wrist injury
PARIS, April 24 (Xinhua) — Seven-time Grand Slam champion and world No. 2 Carlos Alcaraz said on Friday that he will miss the upcoming Italian Open and French Open due to a lingering right wrist injury.
Alcaraz said on social media that after receiving the results of medical tests on his right wrist, he and his team had decided that “the most prudent thing to do is to be cautious and not participate in Rome or Roland Garros.”
“This is a difficult time for me, but I’m sure we will come out of it stronger,” he added.
The 22-year-old Spaniard sustained the injury during his first-round match at the Barcelona Open last week. Although he beat Finland’s Otto Virtanen, he subsequently pulled out of the tournament and announced his withdrawal from this week’s Madrid Masters on April 17.
Alcaraz has posted a 22-3 record this season and became the youngest man to complete the career Grand Slam after winning the Australian Open in January. He lost to Italy’s Jannik Sinner in the Monte Carlo Masters final, after which Sinner reclaimed the world No. 1 ranking.
Alcaraz won back-to-back French Open titles in 2024 and 2025. In last year’s final, he saved three championship points against Sinner in the longest French Open final in history.
“It’s sad news for all of us, me being a competitor you want to play against the best players in the world and he’s definitely the best player on this surface,” said Sinner after winning a second-round match at the Madrid Open on Friday.
He also said he hoped Alcaraz would return in time for Wimbledon. ■
English Caption 1
Carlos Alcaraz poses with the World Sportsman of the Year award during the 2026 Laureus World Sports Awards ceremony in Madrid, Spain, April 20, 2026. (Xinhua/Cheng Min)
English Caption 2
Carlos Alcaraz of Spain celebrates scoring during the men’s singles 4th round match against Tommy Paul of the United States at the Australian Open, Jan. 25, 2026. (Xinhua/Ma Ping)
English Caption 3
Champion Carlos Alcaraz poses with the trophy during the awarding ceremony after the men’s singles final match between Carlos Alcaraz of Spain and Arthur Fils of France at the ATP Qatar Open 2026 tennis tournament final in Doha, Qatar, on Feb. 21, 2026. (Photo by Nikku/Xinhua)