Connect with us

Agriculture

“ပင်လယ်ပြင်က စပါးကျီ” — ဖူကျန့်ပြည်နယ် နင်းသယ်မြို့တွင် ငါးသင်ဝါသားပေါက်များကို ဆက်တိုက် စိုက်ထည့်ထည့်လျက်ရှိ

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် နင်းသယ်မြို့ ဆန်းတူးအောက် ပင်လယ်ပြင်မွေးမြူရေးဇုန်တွင် သားဖောက်ကုမ္ပဏီလုပ်ငန်း၏ ငါးမွေးမြူရေးဖောင်များမှ ငါးသင်ဝါသားပေါက်များကို စုဆောင်းကာ ရေရှင်စနစ်ပါဝင်သော သင်္ဘောများဖြင့် မွေးမြူရေးလုပ်ကိုင်သူများ၏ ငါးမွေးမြူရေးဖောင်များဆီသို့ ပို့ဆောင်ရန် ပြင်ဆင်နေကြသော အလုပ်သမားများအား ၂၀၂၆ ခုနှစ် ဧပြီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နင်သဲ (ဖူကျန့်)၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

ရာသီဥတု တဖြည်းဖြည်း ပြန်လည်နွေးထွေးလာသည်နှင့်အမျှ တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်၊ နင်းသယ်မြို့ရှိ ပင်လယ်ပြင် ငါးသင်ဝါ (Large Yellow Croaker) မွေးမြူရေးဇုန်များတွင် နွေဦးရာသီ ငါးသားပေါက်များ စိုက်ထည့်မွေးမြူရန် အကောင်းဆုံးကာလသို့ ရောက်ရှိလာပေသည်။
မကြာသေးမီရက်များတွင် မွေးမြူရေးလုပ်ကိုင်သူများသည် ပင်လယ်ရေအပူချိန်ကို ၁၂ ဒီဂရီ ဆဲလ်ဆီးယက်စ်ခန့်တွင် တည်ငြိမ်စွာ ထားရှိပြီး ငါးသင်ဝါ သားပေါက်များကို ဆက်တိုက် စိုက်ထည့်မွေးမြူခဲ့ကြသည်။ ယခုနှစ်တွင် တစ်မြို့လုံးအတိုင်းအတာဖြင့် ဒေသတွင်းသားဖောက်ထားသည့် ငါးသင်ဝါ သားပေါက်အကောင်ရေ သန်း ၂,၅၀၀ ခန့်ကို စိုက်ထည့်မွေးမြူသွားရန် ခန့်မှန်းရပြီး ပင်လယ်ပြင် “နွေဦးစိုက်ပျိုးရေး” လုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နင်းသယ်မြို့သည် တရုတ်နိုင်ငံတွင် ငါးသင်ဝါ အဓိကထွက်ရှိသော ဒေသဖြစ်ပြီး တစ်နိုင်ငံလုံးတွင် မွေးမြူထားသော ငါးသင်ဝါ ၁၀ ကောင်တွင် ၈ ကောင်သည် ဤနေရာမှ လာခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် နင်းသယ်မြို့၏ ငါးသင်ဝါ ထုတ်လုပ်မှုသည် တန်ချိန် ၂၂၂,၄၀၀ အထိရောက်ရှိခဲ့ပြီး ထုတ်လုပ်ရေးလုပ်ငန်းကွင်းဆက်တစ်ခုလုံး၏ စုစုပေါင်းထုတ်လုပ်မှုတန်ဖိုးမှာ ယွမ် ၂၀ ဘီလီယံကျော်ရှိခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် နင်းသယ်မြို့ ဆန်းတူးအောက် ပင်လယ်ပြင်မွေးမြူရေးဇုန်တွင် အလုပ်သမားတစ်ဦးက ငါးသင်ဝါသားပေါက်များအား ပြသနေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………..
(Chinese Version)
“海上粮仓” ——福建宁德大黄鱼鱼苗陆续投放
新华社照片,宁德(福建),2026年4月27日
随着气温逐渐回暖,福建省宁德市海上大黄鱼养殖区迎来春季投苗黄金期。连日来,养殖户们抢抓海水温度稳定在12℃左右的窗口期,陆续投放大黄鱼鱼苗,预计今年全市将投放约25亿尾本土培育的大黄鱼鱼苗,海上“春耕”正有序展开。
宁德市是我国大黄鱼主要产区,全国每10条养殖大黄鱼中,就有8条来自这里。2025年,宁德市大黄鱼产量达22.24万吨,全产业链产值突破200亿元。
图说1:4月25日,在福建省宁德市三都澳海上养殖区,工人从育苗企业的养殖渔排收集大黄鱼鱼苗,准备通过活水船运往养殖户的渔排。新华社记者 姜克红 摄
图说2:4月25日,在福建省宁德市三都澳海上养殖区,工人展示大黄鱼鱼苗。新华社记者 姜克红 摄